" ကင်မ်ထယ်ရယ်!!!! အခုထစမ်း.... ၊နေဖင်ထိုးနေပြီ ဆရာဝန်လုပ်နေပြီးအဲလောက်အိပ်ရသလား..."
"အိုမားကလည်း ဆရာဝန်လည်းလူပါဗျ... အခုမှအေးဆေးအိပ်ရတုန်းလေးကို အိပ်ပါရစေ..."
ထယ်ရယ်ပြောရင်း စောင်ကိုခေါင်းမူးခြုံကာ ပြန်အိပ်ဖို့ပြင်သည်။ ဒါပေမဲ့ အိုမားရဲ့လက်ကသူ့ထက်ပိုမြန်သည်။ နားရွက်ကိုဆွဲလာတာမို့ ထထိုင်လိုက်ရတော့သည်။
" ဒီပြန်လာပြီးကတည်းက တစ်နေ့တစ်နေ့ စားလိုက်သောက်လိုက်အိပ်လိုက်နဲ့ပဲ အချိန်ကုန်နေတာ... နင်ဘာဖြစ်လာတာလဲ မှန်မှန်ပြောစမ်း"
" ဘာမှမဖြစ်ပါဘူးဆို... ပင်ပန်းလို့အနားလာယူတာပါဆို..."
" အနားလာယူတယ်ဆို ... သမက်ရှန်ဆီကဖုန်းတဂွမ်ဂွမ်ဆက်တာတွေ ဘာလို့မကိုင်လဲ... နင်ဒီမှာရှိတာ ဘာလို့မပြောခိုင်းတာလဲ... ဟမ် ... နင်သူနဲ့ရန်ဖြစ်လာတာလား..."
"မဟုတ်ပါဘူးဆို အိုမားရာ.... ပွစိပွစိနဲ့ တကယ်ပါပဲ အ့ အ့ ... ဘာလို့ရိုက်တာလဲ...""
"ရိုက်မှာပဲ .... ဒီနေ့ဆိုင်လိုက်ဖို့ပြင်ထား... အလုပ်မလုပ်ရင် ထမင်းစားဖို့မစဉ်းစားနဲ့ အိမ်ရဲ့ပြဿနာအိုးလေးရဲ့... "
အိုမားးထွက်သွားတာနဲ့ပြန်လှဲဖို့ပြင်လိုက်ပေမဲ့ တကယ်ထမင်းမကျွေးပဲထားမှာကြောက်လို့ မထချင်ပဲ ထလိုက်ရသည်။ တကယ်တော့ သူလည်းလွမ်းတာပဲ လွမ်းလို့ အရက်သောက်ချင်တာတောင် အတူအရက်သောက်ခဲ့တာတွေ ပြန်မြင်ပြီး လွမ်းမိနေမှာဆိုးလို့ ထမင်းထစားလိုက် ပြီးရင်အိပ်လိုက် လုပ်နေခဲ့တာ တကယ်ကိုလူက ပြည့်လုံးနေပြီဖြစ်သည်။မေ့မလို့ လုပ်ထားပါတယ်ဆိုမှ ဒီကြားထဲ ဖုန်းကတဂွမ်ဂွမ်လာဆက်သေးသည်။ သူအဆင်ပြေအောင်စာချုပ်အတိုင်းကွာရှင်းပေးခဲ့ပြီးပြီကို အဲတရုတ်ကောင်တစ်ယောက် ဘာဖြစ်ချင်နေတာလဲမသိဘူး တော်ရုံ စိတ်ဒုက္ခပေး တော်ပေါ့ တကယ်ပါပဲ မကောင်းတဲ့ကောင်ရဲ့ ....။
~~~~~~~~~~
"တီတီရောက်လာပြီလား... အော ကိုကိုထယ်ရယ်လည်းပါလာတာပဲ..."
"ဟီး ... အာညော် ယူဂျင်းနီးးးး"
ထယ်ရယ် ယူဂျင်းကိုရယ်ပြလိုက်သည်။ ယူဂျင်းက အိုမားရဲ့ပန်းဆိုင်မှာ အချိန်ပိုင်းဝင်လုပ်ပေးနေတဲ့ ကျောင်းသားလေးဖြစ်သည်။ ချစ်စရာကောင်ငယ်လေးဖြစ်တာကြောင့် အိုမားပန်းဆိုင်ဟာ ယူဂျင်းကြောင့်နဲ့ ပန်းလာဝယ်သလိုလိုဘာလိုလိုကောင်လေးတွေ၊ကောင်မလေးတွေနဲ့...လူစည်နေတတ်သည်။
YOU ARE READING
Your Dimple Makes My Heart Smile [COMPLETED ]
Fiksi Penggemar'မေတ္တာမှာ အလျားအနံ မရှိပေမဲ့ အသွားအပြန်ရှိတယ်တဲ့ ' Ricky x TaeRae