!!! idol image ကိုထိခိုက်စေလိုခြင်း လုံးဝလုံးဝမရှိပါ။ Fan fiction ကို Fan fiction လိုသာဖတ်ပါရန်။ !!!!
ရှန် လုပ်ငန်းစု ရဲ့ သခင်မ ဖြစ်ခဲ့ဖူးသည့်အလျှောက် ရစ်ခီ့အဘွားရဲ့ စျာပနပွဲဟာ လူများလှသည်။ ဒယ်ဒီရော၊ရစ်ခီရောက မျက်ရည်တော့မကျပေမဲ့ ဘယ်လောက်တောင်ဝမ်းနည်းနေလိုက်မလဲဆိုတာ မျက်နှာကြည့်ရုံနဲ့သိသာနိုင်သည်။ မား ကတော့ မိန်းမသားပေမို့ ငိုနေတာက ဆိုဖွယ်ရာမရှိ။
မိသားစုဝင်တွေက ၕည့်သည်တွေကန်တော့တာကို လက်ခံနေရတာမို့ ထယ်ရယ်က မက်သရူးတို့ ဂွန်းဝုတို့နဲ့အတူတူ စားစရာၕည့်ခံသည့်ဘက်မှာသာ ကူညီနေလိုက်သည်။ ထယ်ရယ်တို့လက်ထပ်တုန်းက ဘယ်သူမှမသိတာမို့ .. ထယ်ရယ့်ကို ရစ်ခီ့သူငယ်ချင်းဟူ၍သာထင်ကြလိမ့်မည်။ ထားပါတော့လေ တစ်နှစ်ဆိုတဲ့အချိန်ကလည်း နီးကပ်လာတာ ဘယ်နှစ်လလောက်မှမလိုတော့ပဲလေ။
မသိမသာတွယ်လာတဲ့ သံယောဇဉ်တွေ၊ပိုတိုးလာတဲ့ ရစ်ခီပေါ်ထားတဲ့အချစ်တွေ၊ထယ်ရယ်တော့ ဒီသံယောဇဉ်တွေအချစ်တွေကို အချိန်တန်လို့ မဖြတ်တောက်နိုင်တော့ရင် ဘယ်လိုလုပ်ရပါ့မလဲ မသိ။
ထယ်ရယ်ကူပေးနေရင်း ရစ်ခီက အနောက်ဘက်ထွက်သွားတာမြင်တာမို့ သူပါလိုက်သွားလိုက်သည်။ အနောက်ဘက်လမ်းကြားထဲမှာ နံရံမှီပြီးဆေးလိပ်သာက်နေသည့် ရစ်ခီ။ အနက်ရောင်လက်ရှည်ပါးပါးတစ်ထည်သာဝတ်ထားသည့် ထယ်ရယ်မှာ အပြင်ဘက်လေအေးကြောင့်စိမ့်ခနဲ။
"ရစ်ခီ .... "
"ဟင်! ဒေါက်တာ.... အေးနေတာကို ဘာလို့ထွက်လာတာလဲ..အကျ်ီကပါးပါးလေးနဲ့..."
ရစ်ခီက ပြောရင်း သူဝတ်ထားတဲ့ အပေါ်ကုတ်အနက်ရောင်ကိုချွတ်ကာ ထယ်ရယ့်ကိုယ်ပေါ် ခြုံပေးလိုက်သည်။
"ဆေးလိပ်တွေသောက်နေတာလား ရစ်ခီ ..."
"တစ်လိပ်ထဲပါ စိတ်ရှုပ်နေလို့.... "
"ငိုချင်လား? ...."
"ငိုချင်ပေမဲ့ ... မျက်ရည်ကထွက်မလာဘူး.... အဘွားကိုကလန်ကဆန်လုပ်ခဲ့တဲ့ အချိန်ကများတော့ အခုလိုရုတ်တရက် ထွက်သွားမယ်သာ သိရင် ကျွန်တော် ပိုကောင်းအောင်နေခဲ့မိမှာ.."
![](https://img.wattpad.com/cover/344342781-288-k682135.jpg)
YOU ARE READING
Your Dimple Makes My Heart Smile [COMPLETED ]
Fanfiction'မေတ္တာမှာ အလျားအနံ မရှိပေမဲ့ အသွားအပြန်ရှိတယ်တဲ့ ' Ricky x TaeRae