0 - 9

714 81 1
                                    

      coffee တစ်ခွက်စီရှေ့ချထားပြီးဘာမှပြောစရာမရှိတဲ့လူတွေလို ရုံခန်းကတိတ်ဆိတ်နေသည်။

    "အဆင်ပြေတယ်မလားချွမ်ရွေ့.... လက်ထပ်ထားတဲ့သူနဲ့ရော"

ဟာအိုက ပြောတော့ ရစ်ခီတစ်ချက်ပြုံးလိုက်ရင်း....

   "ပြေပါတယ် ဒေါက်တာက အရာရာနားလည်ပေးတတ်ပြီး သူ့အပြုံးလေးကကိုက စိတ်ချမ်းသာစေတယ်လေ.."

  "တကယ် အချစ်ကိုတွေ့နေတဲ့ပုံပဲ..."

   "ကိုကို ပြောခဲ့သလိုပဲပေါ့ တကယ်ချစ်တဲ့သူပေါ်လာရင်သိလိမ့်မယ်ဆိုတာလေ... လက်ထပ်ထားတဲ့ နှစ်ပတ်လည်1 Year Anni ကျ တကယ်ဖွင့်ပြောတော့မလို့ "

  "ကောင်းတာပေါ့...."

  "ဒါနဲ့  ကိုကိုရောအဆင်ပြေရဲ့လားး ... သတင်းတွေတွေ့လိုက်တယ် ...."

  "ပြေတယ်လို့ပဲပြောရမလား... မပြေဘူးလို့ပဲပြောရမလားပဲ...သူရောကိုယ်ရော နာမည်ကြီးလာတာနဲ့အမျှ သတင်းတွေကလည်းပေါင်းစုံပဲလေ..."

  "ဒီကိုရော  သူ့ကိုစိတ်ကောက်ပြီးပြန်လာပြန်တာလား..."

  "အလုပ်ကိစ္စရော ပါတယ်..ဒီ ရောက်တာကြာနေပြီ... ဒီနေ့မှအားလို့မင်းကိုလာတွေ့ဖြစ်တာ... ကဲ...ဟျောင်း အလုပ်ရှိသေးလို့သွားတော့မယ် Coffee  အတွက်ကျေးဇူး..."

  "ဟုတ် .... "

ကိုကိုက နှုတ်ဆက်ပြီး အထ လူကယိုင်သွား၍ ရစ်ခီထိန်းပေးလိုက်သည်။

  "နေမကောင်းဘူးလား  ရလား ...."

   "ရတယ်  ရတယ် ......"

ဟာအိုက ယိုင်နဲ့နဲ့နဲ့ထွက်သွားသည်။ ရစ်ခီလည်း ဒေါက်တာဆီသွားရမှာမို့ အလုပ်လက်စသတ်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။

Company နားကခပ်လှမ်းလှမ်းမှာ လူစုလူဝေးမြင်လိုက်ရ၍ accident ဖြစ်နေသည်ထင်ကာ ဘေးနားကအဖြတ် မြင်လိုက်ရတဲ့ အကျ်ီပုံစံနဲ့ လူပုံစံကြောင့် လူက ကားပေါ်ကဆင်းလျက်သား ...accidentဖြစ်တဲ့နားရောက်သွားသည်။

   "ကိုကို .!!! ... ကိုကို သတိထားပါအုံး....ကိုကို့!!!..."

~~~~~~~~~~~

ထယ်ရယ် ဒီနေ့တော့ ရစ်ခီ့ထက်အရင်သူကကြိုစောင့်နေလိုက်သည်။

Your Dimple Makes My Heart Smile [COMPLETED ]Where stories live. Discover now