small world 1

844 53 6
                                    

"ချယ် ဘယ်လိုလဲစာတမ်းအခြေအနေ"

yumi ရဲ့အပြောကိုချယ်ခေါင်းခါပြလိုက်ကာ

"မပြီးသေးပါဘူးဟာလူလည်းဂါနေပြီ"

အိတ်ထဲကစာအုပ်ကိုခုံပေါ်တင်ကာပြောလိုက်တဲ့
ယောင်းကို yumi ကပြုံးကြည့်ကာ

"နင်တောင်အဲ့လိုအသံထွက်တာငါတို့ဆိုဘယ်ကစရမှန်းတောင်မသိသေးဘူး"

"ဟုတ်ပ"

yumi ရဲ့အပြောကို jisooကဝင်ထောက်ခံသည်

တစ်ခါတစ်လေတော့လည်းကျမစာမတော်ချင်ဘူးအမှတ်တွေလျော့သွားတဲ့အခါရလာတတ်တဲ့
stress တွေကိုလည်းမခံစားချင်ဘူးသူများတွေလိုပျော်
ပျော်လေးပဲကျောင်းသူဘဝကိုဖြတ်သန်းလိုက်
ချင်သည် yumi တို့ jisoo တို့ဆိုပျော်ပျော်ပဲ
နေတတ်ကြလို့တစ်ခါတစ်ခါကျမမှာသူတို့ကို
အရမ်းပဲအားကျနေမိတယ်

ကျမရဲ့မိသားစုအားလုံးနီးပါးကပညာတတ်
အသိုင်းအဝိုင်းကမို့မေမေနဲ့ဖေဖေကကျမကိုဘာဖြစ်ရမယ်လို့အတင်းအကျပ်မပြောကြပေမဲ့
ဒါတော့ဖြစ်သင့်တယ်ဒါတော့မဖြစ်ဘူးဆိုတဲ့
အောက်မှာကျမကလမ်းကြောင်းတစ်ခုပေါ်ကို
ရောက်နေပြီးသား
သူများထက်မတော်ဘူးဆိုရင်တောင်သူများထက်
နိမ့်မနေရဘူးဆိုတဲ့အယူအဆတွေကြားထဲမှာ
တဖြည်းဖြည်းကိုယ့်ကိုကိုယ်ဆုံးရှုံးလာရတယ်

တစ်ကျောင်းလုံးမှာနံပါတ်တစ်ဖြစ်ဖို့သေလောက်
အောင်ကြိုးစားခဲ့ရတယ်
အဲ့တာတွေကအထက်တန်းပြီးရင်ပြီးသွားမှာပါလို့
မျှော်လင့်ခဲ့သမျှအခုချိန်ထိလည်းကြိုးစားနေရဆဲပဲ
ရှေ့နေ့ဖြစ်ဖို့အားလုံးကတွန်းပေးနေတဲ့ကြားမှ
ကျမလိုချင်တဲ့ဘူမိဗေဒဘာသာရပ်ကိုရွေးချယ်ခဲ့
တယ်
ရွေးချယ်တာနဲ့ထိုက်တန်အောင်လည်းကျမကြိုးစားနေရတယ်
တစ်ခုခုများမှားယွင်းခဲ့ရင်ပညာတတ်အသိုင်းအဝိုင်းကြီးကမေးငေါ့လာကြမဲ့ဒဏ်ကိုမိဘတွေကို
မခံစေချင်ဘူးလေ

"နင်ကတော်ပြီးသားဆိုတော့တို့ထက်အရင်ပြီးမှာပေါ့"

jisoo ရဲ့အပြောကိုကျမမျက်စောင်းထိုးလိုက်ကာ

"အမလေးဟယ်
တော်လည်းကျမမှာခေါင်းတစ်လုံးပဲပါတာအဲ့
ခေါင်းတစ်လုံးကလည်းသုံးရလွန်း
လို့ဗလာဖြစ်ချင်နေပြီ"

small worldWhere stories live. Discover now