rosie rosie
နားထဲကြားလိုက်ရတဲ့အသံသဲ့သဲ့ကြောင့်အိပ်မလိုဖြစ်နေတဲ့မျက်လုံးတွေကိုဖွင့်ကြည်မိသည်
"rosie rosie "
အသံလာရာအပေါက်ဝကိုကြည့်လိုက်တော့
ပြတင်းပေါက်ကနေလှမ်းခေါ်နေတဲ့ ruby janejisoo တို့နဲ့တူတူအိပ်ရတာမို့သူတို့မနိုးအောင်
ဖြည်းဖြည်းချင်းထလိုက်ကာ"ဘာလဲ"
ခပ်ကျိတ်ကျိတ်အသံဖြင့်မေးလိုက်ကာ
နာရီကိုတစ်ချက်ကြည့်မိသည်အချိန်ကား ၁၀ နာရီခွဲနေပြီ
ဒီနေ့လေ့ကျင့်တာကိုအပြီးသတ်လုပ်ထားကြတာမို့အကုန်လုံးပင်ပန်းကာအိပ်ပျော်နေကြပြီအမှန်ပြောရရင်ချယ်ယောင်းလည်းအတော်ကို
အိပ်ချင်နေပြီ"jane နဲ့ကြယ်သွားကြည့်ရအောင်လိုက်ခဲ့ပါလား
ဟင်""ရူးနေလားနောက်ကျနေပြီကိုနင်ကမပင်ပန်းပေမဲ့ငါကပင်ပန်းနေတယ်နားချင်နေပြီ"
ခပ်တိုးတိုးအသံဖြင့်ပြောလိုက်တဲ့စကားကြောင့်
ruby jane ရဲ့မျက်နှာကငယ်ကြသွားသည်"အင်းပါ rosie ပင်ပန်းနေတယ်ဆိုရင်လည်း
နားပါတော့ jane မနှောက်ယှက်တော့ပါဘူး"ပြောပြီးလှည့်ထွက်သွားတဲ့ ruby jane ကြောင့်
မျက်ခုံးတွေကိုတွန့်ချိုးမိသွားသည်ထားလိုက်တော့ဘာပဲဖြစ်ဖြစ်လူကတအားပင်ပန်းနေတာ
.......
"လှတယ်နော် rosie ဒီဒေသမှာကြယ်တွေအများကြီးမြင်ရတာ
ကောင်းလိုက်တာ""အင်း"
မြက်ခင်းစိပ်စိပ်ရှိတဲ့တောင်ကုန်းလေးပေါ်ကနေ
နှစ်ယောက်သားကောင်းကင်ကိုကြည့်နေမိသည်တိမ်တွေမရှိတဲ့ကောင်းကင်ကြီးမှာလခြမ်းရေးရေးနဲ့ကြယ်တွေကိုအစုံအလင်မြင်တွေ့နေရသည်
ဒီမြင်ကွင်းကိုမကြည့်ဘဲအိပ်မိလိုက်မယ်ဆို
တော်တော်ကိုနောင်တရမိမှာ
ဒီတစ်ချက်တော့ ruby jane ကိုကျေးဇူးတင်မိ
သွားသည်