ဆေးလိမ်းပေးရင်းတချက်တချက်တွန့်သွားသည့်
jane ကြောင့်မျက်ရည်တွေသည်ရစ်ဝဲမိပြန်သည်
ဘယ်လောက်မေးမေးနှုတ်ဆိတ်နေသည့် jane
သည်အာစေးထည့်ထားသူတစ်ယောက်လိုအရှိုးရာတွေသည် အညိုအမဲစွဲနေသည်
ဒီအရာတွေက ကြိုးတစ်ခုခုနဲ့အရိုက်ခံထားရသလို
ရင်တွေစီစီညက်ညက် အချေခံရသလို
ရင်ထဲမှာတင်းကျပ်နေသည်ဘယ်သူကများ ဘယ်သူကများ
ဒီလောက်တောင်လုပ်ရက်လိုက်သလဲမျက်ရည်တွေရစ်ဝဲနေသော rosie သည်
jane ကိုစကားတစ်လုံးမှမပြောတော့
ဆေးဘူးကိုကိုင်ကာအခန်းထဲဝင်သွားသည်
jane လိုက်မသွားရဲ
ထပ်မေးလျှင် jane မှာဘာအဖြေမှမရှိတော်တော်ကြာသည်အထိထွက်မလာသောကြောင့် အရဲစွန့်ကာလိုက်သွားတော့
မျက်နှာကိုလက်နှစ်ဖက်အုပ်ကာရှိုက်ကြီးတငင်
ငိုနေသည့် jane ရဲ့ rosie"rosie ရယ် ဘာလို့ငိုနေတာလဲ"
ငိုနေသူကိုတင်းတင်းဖက်ကာပြောတော့
"ဘယ်သူက ဘာလို့ အဲ့လောက်တောင်လုပ်ရသလဲ
ဘာလို့ခံလာရတာလဲ
ကျမ ဘယ်လောက်ရင်ကွဲရမလဲမသိဘူးလား
jane "အဲ့ဒီအတွက် jane မှာတစ်စုံတစ်ရာအဖြေမရှိ
"မငိုပါနဲ့ rosie ရယ် jane တောင်းပန်ပါတယ်
၂ ရက်လောက်ဆိုအဲ့ဒါတွေပျောက်သွားမှာ
တောင်းပန်ပါတယ် မငိုနဲ့တော့နော်"ပြောလိုက်ပေမဲ့ပိုမိုသည်းထန်စွာငိုလာသူကြောင့်
jane ပိုပြီးတင်းတင်းကျပ်ကျပ်ဖက်မိသည်ချစ်ရသူငိုရခြင်းသည် jane ကြောင့်
jane မကောင်းတာကြောင့်
jane ရဲ့ ဝဋ်ကြွေးတွေကြောင့်
ရှောင်လွဲမရတဲ့အရာတွေကြောင့်.......
နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသည့် jane ဘေးမှအသာအယာထကာခါးပေါ်မှလက်ကလေးကိုအသာအယာဖယ်ခွာလိုက်မိသည်
ဘယ်လိုမှအိပ်လို့မပျော်နိုင်
ရင်တွေသည်ဗလောင်ဆူစွာပူလောင်နေသည်ရေတစ်ခွက်ကိုမော့သောက်လိုက်ကာဧည့်ခန်းမှာငူငူကြီးထိုင်မိသည်
jane သည်မွေ့နေ့တိုင်း ၁ ပတ်လောက်ပျောက်သွားတတ်သည်
သတိထားမိပေမဲ့တိုက်ဆိုင်တာပါလေဆိုပြီးတွေးနေခဲ့သည်