"ကျစ် ဘာလို့မစားတာလဲမသိဘူး"
စားပွဲပေါ်မှာအုပ်ခဲ့တဲ့ကြက်စွပ်ပြုတ်တွေသည်ဒီတိုင်း
အိမ်ကိုမပြန်တဲ့ ruby jane ကြောင့် ၂ ရက်လောက်လူနာပြုစုပြီးနေလိုက်ရသည်ဒီနေ့တော့ကျောင်းကိုမသွားလို့မဖြစ်တာကြောင့်သူ့ကိုတစ်ယောက်ထဲပဲထားခဲ့လိုက်ရသည်အုပ်ဆောင်းကိုပြန်အုပ်လိုက်ပြီးအခန်းထဲဝင်လာတော့ ruby jane ကိုမတွေ့
ရေချိုးခန်းထဲရှာကြည့်တော့လည်းမတွေ့ပြန်"ပြန် များသွားသလား"
တစ်အိမ်လုံးရှာကြည့်ပြီးတော့မှာစိတ်မောစွာဧည့်ခန်းကဆိုဖာမှာထိုင်ချမိသည်
၂ ရက်လောက်ထိ ruby jane သည်တော်တော်
ဖျားနေခဲ့သည်အဖျားကြီး၍ညဖက်တွေထထ
ညည်းနေတာကြောင့်ကိုယ့်မှာ၂ ရက်လုံးအိပ်ရေးပျက်ခဲ့ရသည်
ခုတော့ပြန်လာတာနဲ့မတွေ့တာကြောင့်စိတ်အတော်တိုသလိုစိတ်လည်းပူမိပါသည်
အိမ်ကိုပြန်တာကောဟုတ်ပါ့မလား
ဟိုနေ့ကလို club ပဲသွားနေတာလား
လမ်းမှာမူးလဲနေရင်ကော????အတွေးပေါင်းစုံနဲ့ပြည့်နှက်နေရင်းအကြည့်ကပန်း
အိုးအောက်ကစာရွက်ခေါက်လေးဆီရောက်သွား
သည်ဖွင့်ဖတ်ကြည့်တော့ခပ်သော့သော့လက်ရေးနဲ့စာ
အနည်းငယ်'ဒီရက်တောတွင်း rosie
jane ကြောင့်ပင်ပန်းနေရပြီ
အရမ်းလဲအားနာသလို
အရမ်းလဲကျေးဇူးတင်မိပါတယ်
အိမ်ကိုပြန်မှာမို့စိတ်မပူပါနဲ့
မသိဘဲပြန်သွားလို့လည်းစိတ်မဆိုးပါနဲ့
rosie ကိုအရမ်းချစ်တဲ့´jane
မသေချာမှာဆိုလိုအဖေ့ဆီဖုန်းဆက်လိုက်ကာ
ruby jane အိမ်ကဖုန်းနံပါတ်တောင်းလိုက်မိ
သည်ဖုန်းဆက်လိုက်တော့တော်တော်နဲ့မကိုင်ခဏနေ
တော့မှအမျိုးသမီးကြီးတစ်ဦးရဲ့အသံကိုကြား
လိုက်ရသည်"ဟုတ် ruby....
jennie kim တို့အိမ်ကလားမသိဘူး""ဟုတ်ပါတယ်ကွယ်ဘယ်သူလဲမသိဘူး"
"သမီးကသူ့သူငယ်ချင်းပါ ဟိုလေ
သူအိမ်ပြန်ရောက်ပြီလားသိချင်လို့ပါ"
