"rosie မေမေဝင်လာခဲ့မယ်နော်"
"ဟုတ်မေမေ"
"သမီးစာလုပ်နေတာလားမေမေစကားပြောလို့
ရရဲ့လား""ရပါတယ်မေမေသမီးလည်းခဏနေအိပ်တော့မှာပါ"
မေမေကကုတင်ပေါ်မှာထိုင်ပြီးကျမဆံပင်တွေ
ကိုသပ်ပေးလာသည်"စာလုပ်ရတာပင်ပန်းလားသမီးငယ်"
"မပင်ပန်းပါဘူးမေမေရဲ့သမီးဝါသနာပါလွန်းလို့
ရွေးချယ်ခဲ့တဲ့လမ်းပဲပင်ပန်းတယ်လို့မခံစားမိပါဘူး""မေမေ ကတော့သမီးတစ်ခါကွင်းဆင်းသွားတိုင်း
စိတ်ပူရတယ်သမီးဝါသနာပါလွန်းလို့သာခွင့်ပြု
ထားရတာ"ကျမယူထားတဲ့ပညာက ကျောက်တွေ ဒြပ်စင်တွေ ဒြပ်ပေါင်းတွေ မြေဆီမြေလွှာအကြောင်းတွေ
သတ္ထုတွေ ပြောရမယ်ဆိုရင်ကမ္ဘာပေါ်မှာရှိတဲ့
သဘာဝအဖိုးတန်အရာတွေကိုလေ့လာရတဲ့
ပညာဖြစ်တာကြောင့်ကျမနှစ်သက်သည်
စိတ်ဝင်စားလွန်းလို့ကိုယူခဲ့တာကြောင့်နောင်
တဆိုတာမရှိယူထားတဲ့ဘာသာကလက်တွေ့ကွင်းဆင်းလေ့လာရတဲ့အပိုင်းတွေအများကြီးရှိတာကြောင့်ခရီး
လည်းမကြာခဏထွက်ရလေ့ရှိသည်
မေမေကစိတ်ပူမယ်ဆိုရင်လည်းပူစရာပါ
မိဘမေတ္တာဆိုတာနားလည်ခြင်းကြောင့်
မေမေ့ရဲ့စိတ်ပူခြင်းတွေအပေါ်အပြစ်မမြင်မိဘူး"သမီးကအခုအရွယ်ရောက်ပြီးကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီ မေမေရဲ့အရမ်းလဲ
စိတ်မပူပါနဲ့"မေမေရဲ့ရင်ခွင်ထဲဝင်ကာမေမေရဲ့ကိုယ်သင်းရနံ့လေးကိုမွှေးရင်ပြောလိုက်တော့
"သမီးအရွယ်ရောက်လာပြီဆိုတာမေမေသိပါတယ်ဒါပေမဲ့ အန္တရာယ်ဆိုတဲ့အရာကမမြင်ရဘူးမ
လားအရမ်းအန္တရာယ်များတဲ့နေရာတွေကိုမသွား
စေချင်ဘူး သမီး""သမီးနားလည်ပါတယ်မေမေရဲ့စိတ်ချနော်
အရမ်းအန္တရာယ်များတဲ့နေရာတွေကိုရှောင်လိုက်ပါ့မယ်""သြော်ဒါနဲ့ သမီးဖေဖေကတောင်ပြောနေတယ်
သူ့မိတ်ဆွေတစ်ယောက်ရဲ့ကုမ္ပဏီမှာသမီး
ကျောင်းပြီးရင်ဝင်လုပ်ဖို့ပြောနေတယ်"