jane နိုးလာတော့အောက်ကအိစက်စက်အထိအတွေ့ကြောင့်အိပ်ယာပေါ်ရောက်နေတာတော့သိလိုက်သည်
မျက်လုံးတွေဖွင့်လိုက်တာနဲ့ထိုးကိုက်တဲ့ခေါင်းကြောင့်နားထင်နှစ်ဖက်ကိုလက်နဲ့ဖိလိုက်မိသည်
ညကအမူးသောက်ပြီးမှောက်သွားတာပဲသိသည်
ကျန်တာတွေကဝိုးတိုးဝါးတားဒီလိုမူးပြီးမှောက်တာ jane အတွံက်ပထမဆုံးအကြိမ်လို့ပြောလို့ရသည်
မျက်လုံးတွေကိုဝေ့ဝဲပြီးကြည့်မိလိုက်တော့
သန့်ရှင်းသပ်ရပ်နေတဲ့အခန်းတစ်ခန်းထထိုက်လိုက်တော့ကိုက်ခဲတာကခေါင်းပင်
မဟုတ်တော့ဘဲခန္ဓာကိုယ်ကပါအဖော်လိုက်လာသည်
အောက်ကိုငုံ့ကြည့်မိတော့အင်္ကျီနဲ့ဘောင်းဘီက
ညကဝတ်ထားတာမဟုတ်တာကြောင့်လန့်သွား
သည်jane ဘယ်ရောက်နေတာလဲဘယ်သူခေါ်လာတာလဲ???
အားယူပြီထကာအခန်းထဲကထွက်ခဲ့လိုက်သည်
အိပ်ခန်းထဲကထွက်လာတာနဲ့တန်းမြင်လိုက်ရတဲ့ဧည့်ခန်းမှာလည်းဘယ်သူမှရှိမနေလှည့်ပတ်ကြည့်နေချိန်မှာပဲအနောက်ကအသံကြားလိုက်တာကြောင့်အနောက်ဘက်ကိုဖြေးဖြေးချင်းဝင်လာလိုက်သည်
အနောက်ဖက်ရောက်တော့မီးဖိုချောင်မှာ jane
ကိုကျောပေးပြီချက်ပြုတ်နေတဲ့
မိန်းမတစ်ယောက်
အနောက်ကကြည့်လိုက်တာနဲ့ဘယ်သူဆိုတာမှတ်မိနိုင်လောက်တဲ့ထိ
jane အတွက်အရေးပါတဲ့လူ"rosie"
ခေါ်လိုက်တော့လှည့်ကြည့်လာတဲ့မျက်နှာဖူးဖူးလေး
မနက်စောစော rosieမျက်နှာလေးကိုမြင်လိုက်ရတာjane
အတွက်လက်ဆောင်တစ်ခုလို"နိုးလာပြီလား"
အိုးအဖုံးကိုပိတ်လိုက်ပြီး rosie က jane ဖက်လှည့်လာသည်
"အင်း jane ကဘယ်လိုလုပ် rosie အိမ်ရောက်နေတာလဲ"
"အဲ့တာကိုတောင်မမှတ်မိနိုင်ဘဲ club မှာမှောက်နေအောင်ဘာလို့သောက်ရတာလဲ
ကိုယ်ကမိန်းကလေးဆိုတာမေ့နေတာလား
ruby jane "ပြောလိုက်တော့ခေါင်းငုံ့သွားကာအင်္ကျီအနားစတွေကိုချေနေတဲ့ ruby jane ကိုဆက်ပြောရမလားမပြောရမလားတောင်
စဥ်းစားသွားရသည်
