small world 5

265 33 6
                                    

"အမေ  လီလီ  ပြန်ရောက်ပြီဆို"

"ဟုတ်ပါ့ ရှင် သိတာကလည်းမြန်လိုက်တာ"

"အန်ကယ်ဘန်ဖုန်းဆက်တာ"

လီလီ ပြန်ရောက်တယ်ကြားတော့ ji ရဲ့အပျော်တွေကအတိုင်းအဆမဲ့ပဲ
ဟန်မဆောင်နိုင်စွာနဲ့ကျောပိုးအိတ်ကိုခုံပေါ်ပစ်တင်လိုက်ကာ

"ji   လီလီ့ ဆီသွားလိုက်အုံးမယ်"

အမေ့ရဲ့အဖြေကိုမစောင့်ဘဲလီလီ့ အိမ်သို့အပြေး
အလွှားသွားမိသည်

"အန်ကယ်bam လီလီရော"

"ဟော ရောက်တောင်လာပြီသမီးအမကသူ့အခန်းထဲမှာလေ"

"အဲ့ဒါဆိုji တက်သွားလိုက်အုံးမယ်"

"အေးပါ  အေးပါ"

လှေကားတွေလည်းဘယ်နှစ်ထစ်ကိုဘယ်နှစ်လှမ်း  လှမ်းမိလည်းမသိတော့ဘူး စိတ်ထဲမှာ လီလီ့ ကိုတွေ့ချင်နေတာအရူးအမူးဖြစ်နေပြီ

တံခါးဖွင့်တာနဲ့ရလိုက်တာက လီလီ့ရဲ့ကိုယ်သင်း
ရနံ့လေနဲ့ရေချိုးဆပ်ပြာနံ့လေးမှန်တင်ခုံမှာထိုင်နေတဲ့ လီလီကသူ့ရဲ့အနက်ရောင်ဆံနွယ်လှလှတွေရေသုတ်နေသည်

"လီလီ"

နှုတ်ကလည်းအော်ကာလူကလည်း လီလီ ကိုပြေးဖက်လိုက်မိသည်
ကမ္ဘာပေါ်မှာ ji အကြိုက်ဆုံးအနံ့က လီလီ့ရဲ့ကိုယ်သင်းနံ့

"ဟော လီလီကခုပဲရေချိုးပြီးရင်ထွက်လာတော့မလို့ကို
ရောက်တောင်လာပြီလား"

"လီလီ အကျင့်ပုတ် ji ကိုဘာလို့ပြန်လာတာမပြောတာလဲ
ဒီကဖုန်းဆက်တာလည်းမကိုင်လို့ဘယ်လောက်
စိတ်ပူနေတယ်မှတ်လဲ"

ji  ပြောတော့ လီလီကပြုံးကာ ji ဆံပင်တွေကို
ဆွဲဖွသည်
ရင်ထဲမှာကြည်နူးမှုလေးတစ်ခုဖြတ်ပြေးသွားတာ
ji ပဲသိသည်

"အံ့သြစေချင်လို့ပေါ့ စိတ်ကောက်မနေနဲ့ ဟိုပေါ်မှာလက်ဆောင် ji အတွက်ဝယ်လာတာ"

လီလီ့အပေါ်မှာဘယ်တော့မှစိတ်မကောက်ဘူးဆိုတာ ji ပဲသိသည်

"တကယ်လား"

"အွန်း  ဖွင့်ကြည့်လိုက်"

small worldWhere stories live. Discover now