"တိတ်တိတ်နေ မနေရင်ပြန်တော့နင့်ကြောင့်တခြားသူတွေအနှောက်အယှက်ဖြစ်တယ်လေ"
ဘေးကနေမုန့်ခိုးစားနေတဲ့ ruby jane ကို
တိုးတိုးကျိတ်ကျိတ်ပြောလိုက်တော့
ဒင်းကလက်ညိုးတစ်ချောင်းကို
နှုတ်ခမ်းပေါ်တင်လိုက်ကာခေါင်းကိုငုံ့သွားသည်စာကြည့်တိုက်မှာစာလာဖတ်တဲ့ချိန်ဆို
သူဘယ်လိုသိလဲမသိကျမဘေးမှာလာထိုင်ကာခုလိုပဲ ကျမကိုကြည့်ရင်ကြည့်
မကြည့်ရင်ပါလာတဲ့မုန့်ကိုခိုးပြီးစားလေ့ရှိသည်ပထမတော့စိတ်အနှောက်အယှက်ဖြစ်တာကြောင့်အော်ငေါက်ထုတ်ပေမဲ့ ruby jane ကမနာတတ်ပြောလည်းခဏပဲ ပြီးရင်ခုလိုပဲစာ
ကြည့်ချိန်တိုင်းဘေးနားမှာလာထိုင်နေတတ်သေးသည်ဘာအသံမှဆက်မကြားရတော့တာမို့စာထဲစိတ်
နှစ်လိုက်သည်
စာထဲစိတ်ရောက်နေတဲ့အချိန်မှာပဲဘေးကလက်လေးတစ်ဖက်ကကျနေတဲ့ဆံသားတွေကိုနားရွက်
ထဲညှပ်ပေးကာကလစ်လေးတွေနဲ့ထိုးပေးလာ
သည်
ဒါကျမနဲ့ ruby jane ကြားကထုံးစံတစ်ခု
ဆံပင်ကိုစည်းထားရင်ပဲဖြစ်ဖြစ်ကျစ်ထားရင်းပဲ
ဖြစ်ဖြစ်ရှေ့ဆံပင်များကိုကျမကချထားတဲ့အကျင့်
ရှိသည်ကျန်တဲ့အချိန်ဆိုကိစ္စမရှိပေမဲ့စာကြည့်ရင်
တော့ထိုဆံပင်များကကျမအတွက်အနှောက်အယှက်တစ်ခုလို
ဒါကို ruby jane ကသတိထားမိတဲ့နေ့ကစပြီး
ကလစ်သေးသေးလေးတွေယူလာပေးကာသူ
ကိုယ်တိုင်ထိုးပေးတတ်သည်
ပထမတော့တမျိုးကြီးဖြစ်နေပေမဲ့နောက်တော့
ကျမပင်ကျင့်သားရလာသည်
သူထိုးပေးလိုက်တဲ့ကလစ်ကလေးတွေကိုတမင်တကာသိမ်းထားတာမျိုးမဟုတ်ဘဲနဲ့မှန်တင်ခုံက
ဘူးလေးနဲ့ထည့်ထားတာပြည့်လုနီးပါးတောင်
ရှိတော့မည်ကျမသူ့ကိုတစ်ချက်ကြည့်တော့သူကရယ်ပြလာသည်
ruby jane ကိုကျောင်းမှာစာကျက်နေတာဘယ်
တော့မှမတွေ့တတ်
သူ့အခန်းရှေ့ကတစ်ခါတစ်လေဖြတ်လျှောက်ရင်
တောင်သူ့ခုံမှာအိပ်နေတတ်သူ
အတန်းလည်းသူတတ်ချင်မှတတ်တဲ့သူ
ruby jane အကြောင်းကိုလာပြောတဲ့အထဲမှာသူ့ကောင်း
ကြောင်းတစ်ခုမှမပါ
အကျောတင်းသည်ဟုနာမည်ကြီးကာတစ်တန်း
ကို ၂ နှစ်တက်သည်ကသူ့အကျင့်လို
ဒါတောင့်ဆရာမတွေကအတန်းတင်ပေးတာ
ကျမအထင်တော့သူ့အဖေရဲ့ငွေအားကြောင့်သာ
နေပါလိမ့်မည်
သူ့တို့အတန်းမှာတော့ ruby jane ကိုဗလာလို့
နာမည်ပြောင်မှည့်ထားကြသည်တဲ့
စာမေးပွဲဖြေတိုင်းစာရွတ်လွတ်တွေပဲပေးတတ်လို့တဲ့
ဒါတင်မဟုတ် ruby jane ကခံစားချက်မရှိသူ
တစ်ယောက်လိုနေတတ်တာကြောင့်လည်းပါ
သည်တဲ့
ကျမရှေ့မှာတော့အမြဲရယ်နေတတ်တဲ့သူကိုအခု
လိုကြားရတော့ပထမကမယုံ
ဒါပေမဲ့ဟိုနေကမြင်လိုက်ရတဲ့အနေအထားတစ်ခုကြောင့်ယုံချင်သလိုတော့ဖြစ်လာရသည်