my beautiful boy

2.1K 119 17
                                    

ငါနှစ်သက်တဲ့အပြုံးပိုင်ရှင်လေး..

ကျောင်းနောက်ဆုံးနေ့

"အိုးးး တော်သင့်ပြီလေ!"

ငါပြုံးရီကာကျောကုံးကိုစတစ်ကာအတင်းလာကပ်နေသည့်အတန်းဖော်တွေကိုတားလိုက်သည်။ငါကဖော်ရွေတဲ့လူတစ်ယောက်ပါ။ငါ့အနားမှာနေရတာနွေးထွေးတယ်လို့လူတိုင်းကပြောသည်။

ကျောင်းနောက်ဆုံးနေ့မှာဆရာ၊ဆရာမတွေကိုကန်တော့ရင်းငါတို့ပျော်ရွှင်စွာဆော့ကစားကြသည်။တစ်ချို့တစ်ယောက်ကိုတစ်ယောက်ကြိုက်နေကြတဲ့လူတွေတောင်ရည်းစားတွေဖြစ်သွားကြပြီ။

အားကစားခန်းမမှာရေခဲမုန့်ကျွေးနေသည်ဟုကြားတာကြောင့်ငါနဲ့ငါသူငယ်ချင်းတွေအပြေးသွားကြလေသည်။ဟိုရောက်တော့လူတွေကပြည့်နေ၏။

"မင်းအတွက်ငါယူခဲ့ပေးမယ် ဒီမှာစောင့်နေ"

ငါခေါင်းငြိမ့်ပြလိုက်သည်။winnyနဲ့frodကလူကြားထဲတိုး၀င်သွားတာမြင်တော့ငါရီမိသည်။အငယ်ဆုံးလေးမလို့ငါသူငယ်ချင်းတွေကငါ့ကိုဆိုအမြဲအလိုလိုက်၏။

ငါ့သူငယ်ချင်းတွေကိုကြည့်နေတုန်းအနောက်ကနေတစ်ယောက်ယောက်ကလာတို့တာမလို့ငါလှည့်ကြည့်လိုက်သည်။

အတန်းဖော်လား?ငါဒီကောင်လေးကိုတစ်ခါမှမမြင်ဖူးပေ။ရုတ်တရပ်သူကနှင်းဆီဖြူတစ်ပွင့်ငါ့ကိုပေးလာသည်။ငါလန့်သွားပေမယ့်ပြုံးရီကာထိုပန်းလေးအားယူလိုက်သည်။

"‌ကျေးဇူးပဲ ဒါနဲ့မင်းအမည်ကဘာလဲ"

"Gemini.."

ပထမဆုံးကြာဖူးခြင်းပဲ။ဘာစတစ်ကာမှမရှိသည့်သူ့ကျောင်းအင်္ကျီကိုကြည့်ရင်းငါရင်ဘတ်ကအသဲပုံစတစ်ကာတစ်ခုကိုခွာကာကပ်ပေးလိုက်သည်။

ကြောင်တောင်တောင်လေးကြည့်လာတာမလို့ငါသွားတန်းဖြူဖြူလေးတွေပေါ်အောင်ရီပြလိုက်သည်။

"တွေ့ရတာ၀မ်းသာပါတယ်gemini!"

___________________________

"Fourth!"

ချပ်ကနဲအမိအရရိုက်လိုက်တဲ့ဓာတ်ပုံကလေး။ကမ်းခြေထဲမှာဆော့ကစားနေတဲ့ကောင်ငယ်လေးကပြုံးရီကာငါ့နားသို့ပြေးလာသည်။

Gone gone gone~ (geminifourth ff✅)Where stories live. Discover now