Dear old friend

558 75 13
                                    

နာကျင်ရတဲ့အတိတ်ကဒဏ်ရာတစ်ချို့..

တွေ့ဆုံခွင့်ရခဲ့တဲ့အခိုက်တန့်တစ်ခု။မင်းပေးတဲ့နှင်းဆီဟာငါအမြတ်နိုးဆုံးပန်းပါ။အမှတ်မထင်ပဲမင်းကငါ့ဘ၀ထဲတစ်စိုက်မတ်မတ်ရောက်ချလာခဲ့တယ်။

ချစ်ခဲ့တာပေါ့gemini။မင်းရဲ့နောက်မှစချစ်ခဲ့တာဆိုပေမယ့်ငါရဲ့ချစ်ခြင်းတွေကပိုတယ်။မေတ္တာအစစ်မှန်တွေပေးခဲ့တာယုံပါ

__________________________

လေးနှစ်တာဆိုတဲ့အချိန်ဟာငါ့အတွက်တော့ပျော်ဖို့မကောင်းခဲ့ပါဘူး။အမေ့ဆန္ဒအတိုင်းငါlayမေဂျာနဲ့တက္ကသိုလ်ဆုံးအောင်တတ်ခဲ့တယ်။

ဆေးပန်းချီဟာငါ့ရဲ့ဝါသနာဖြစ်လာတယ်။ကားချပ်အဖြူမှာမင်းရဲ့ပုံဟာဦးစွာနေရာယူထားခဲ့လေရဲ့။သတိရတဲ့စိတ်ကိုအကြိမ်ကြိမ်မြိုသိပ်ခဲ့ပေမယ့်ဒါဟာအကူညီမဖြစ်ခဲ့ဘူး။

ငါတို့အများကြီးမချစ်ခဲ့ရပါဘူး။မင်းရဲ့အကြောင်းတွေ၊ငါ့ရဲ့အကြောင်းတွေ၊ငါတို့ရဲ့အနာဂတ်တွေကိုတောင်မတွေးရသေးပဲမင်းကအရင်ငါ့ကိုထားသွားခဲ့တယ်လေ။

ဒီရက်တွေမှာမင်းနေမကောင်းခဲ့တာငါသိတယ်။အမြဲတမ်းအားနည်းနေတာကိုလည်းငါသိတယ်။ဒါပေမယ့်ဘယ်အခါကမှမင်းငါ့ကိုမပြောပြခဲ့ဘူး။

Geminiဟာအလိမ်မတော်ပါဘူး။ဒါပေမယ့်သူ့နှုတ်က'လမ်းခွဲရအောင်'ဆိုတဲ့စကားလုံးတွေကငါ့ကိုအများကြီးနာကျင်စေတယ်။

မချစ်လို့လည်းမဟုတ်။မင်းကငါ့ရဲ့အမုန်းတွေနဲ့ပိုက်ပြီးထွက်သွားခဲ့တာ။ပထမဆုံးအကြိမ်စတွေ့ကတည်းကမင်းမျက်၀န်းတွေဟာငါ့စီမှာပဲရှိတာငါသိတယ်။

မင်းမရှိတဲ့နောက်ပိုင်းမှာငါအကြိမ်ကြိမ်ငိုခဲ့ရတယ်။ဆောက်တည်ရာမရတဲ့ထိလည်းငါ့စိတ်တွေပြိုခဲ့ရတယ်။မင်းရဲ့ပုံရိပ်တွေကနေရာတိုင်းမှာထင်ကျန်နေခဲ့တယ်။

ငါ့သူငယ်ချင်းတွေကမင်းကိုလက်လွတ်ဖို့တိုက်တွန်းကြပေမယ့်ငါကရူးမိုက်ပြီးတဇွတ်ထိုးဆန်တဲ့လူပါ။မင်းမှမင်းဖြစ်နေတဲ့ငါ့ကိုဘယ်သူကမှမတားနိုင်တော့ဘူးလေ။

Gone gone gone~ (geminifourth ff✅)Where stories live. Discover now