please don't go

706 84 36
                                    

ကျေးဇူးပြုပြီးငါနဲ့နေပါ..

‌မိုးတွေအုံ့နေတဲ့နေ့တစ်နေ့။နေမင်းကြီးကအလင်းရောင်မပေးပေမယ့်ကောင်းကင်ယံကတော့သူတက်နိုင်သလောက်ထောက်ပံ့နေလေရဲ့။

Geminiဟာစောစောနိုးနေတယ်။ဒီတစ်နေ့အတွက်ငါ့မှာအလုပ်မရှိပါ။emilyထည့်ပေးလိုက်တဲ့လာဗန်ဒါကိတ်နဲ့ဒေစီဟာgeminiအတွက်ဖြစ်တယ်။

အမြဲတမ်းရွှင်လန်းမှုမရှိတဲ့geminiကငါ့ရှေ့မှာတော့အမြံအတောက်ပဆုံးပြုံးနေလေရဲ့။မနက်စာစားပြီးတဲ့အခါgemက
သူ့အနားလာပါဟုငါ့အားခေါ်လေသည်။

ဒါကငါ့ကိုပြုံးစေသည်။ဖြူဖျော့ပြီးအားနည်းနေပေမယ့်သူ့လက်တွေဟာအရင်အတိုင်းငါ့ခါးနဲ့အံ၀င်ခွင်ကျဖြစ်နေတုန်းပေ။

"အလုပ်မသွားတော့ဘူးလား.."

"ဒီနေ့ပန်းချီလာအပ်မဲ့လူမရှိဘူး"

Geminiရဲ့ခေါင်းအားငါခပ်ဖွဖွလေးကိုင်လိုက်သည်။သို့သော်ငါ့လက်ထဲပါလာသည့်ဆံပင်တွေကငါ့ရင်ထဲကိုထိတ်ခနဲပင်လန့်စေသည်။gemကငါ့ကိုဆံပင်ညှပ်ပေးဖို့တောင်းဆိုသည်။

ငါ့ကိုလေ..ဒါကမထင်ထားလောက်အောင်နာကျင်တာပဲ။ငါအတက်နိုင်ဆုံးပြုံးကာခေါင်းငြိမ့်ပြလိုက်သည်။

"Fourth.."

"အင်း ငါရှိတယ်"

အနက်ရောင်ဆံသားပျော့ပျော့လေးတွေကိုငါ့ရဲ့တုန်ရီနေတဲ့လက်တွေကခပ်ဖြည်းဖြည်းလေးသာကပ်ကြေးဖြင့်ညှပ်နေမိသည်။

"ငါကအကြာကြီးမနေရတော့ဘူး.."

"သိတယ်.."

_________________________________

"Gem ဒီနေ့မင်းဘာလုပ်ချင်လဲ"

ဝှီးချဲလေးကိုတွန်းရင်းငါမေးမိသည်။ high-flow oxygen
တပ်ထားတဲ့geminiဟာတိတ်ဆတ်နေ၏။ဦးထုပ်အပြာလေးကိုဆောင်းထားပေးပေမယ့်သူ့ဦးရေပြားမှာဆံပင်တွေမရှိတော့တာငါသာအသိဆုံးပါ။

အေးချမ်းပြီးသဘောကျရတဲ့ရက်တွေကတိုတောင်းပါတယ်။geminiရဲ့ဆရာ၀န်ဟာမကြာသေးခင်ကပဲငါ့ကိုခေါ်တွေ့ခဲ့တယ်။

မွေးရာပါမျိုးရိုးလိုက်ရောဂါတစ်ခုဖြစ်တဲ့သွေးကင်ဆာဟာကုမရတော့သည့်အဆင့်၃ပင်ရောက်နှင့်လေပြီ‌။လက်လျော့လိုက်ပြီဖြစ်ကြောင်းပြောလာတဲ့ဆရာ၀န်ရဲ့စကားတွေဟာငါ့အသိဉာဏ်တွေကိုလွှမ်းမိုးနေခဲ့တယ်။

Gone gone gone~ (geminifourth ff✅)Where stories live. Discover now