paris night

479 65 15
                                    

အီဖယ်လ်တာဝါမှာမင်းနဲ့အတူ

ဆယ်ကျော်သက်အရွယ်မှာကိုယ်အိမ်မက်တစ်ခုမက်ခဲ့တယ်။ပဲရစ်မြို့ကြီးရဲ့အလယ်မှာမင်းရဲ့လက်လေးတွေကိုဆုပ်ကိုင်ရင်းကိုယ်တို့လွပ်လတ်စွာပြေးလွှားနေကြတယ်လို့...

မင်းကိုDelphiniumပန်းတွေလက်ဆောင်ပေးမယ်။ဆောင်းခိုငှက်ကလေးလိုကိုယ်ကမင်းရင်ခွင်ထဲခိုလှုံမယ်။ပဲရစ်ရဲ့
အီဖယ်လ်တာဝါကိုနောက်ကျောပေးရင်းမင်းကိုအနမ်းတွေတ၀ကြီးပေးမယ်။

ကမ္ဘာကြီးနဲ့အညီအမျှကိုယ်မင်းကိုမြတ်နိုးတယ်။လက်သွယ်သွယ်လေးတွေမှာငွေရောင်လက်စွပ်ကလေးစွပ်ပေးနိုင်အောင်ကြိုးစားချင်သေးတယ်။

မင်းဟာကိုယ့်ဘ၀ရဲ့နားခိုရာ။မင်းသာကိုယ့်ရဲ့အရာရာ။အခက်အပွင့်လေးတွေကြွေမှာစိုးလို့‌အချွေအရံတွေနဲ့ဂရုတစိုက်ပျိုးခဲ့ပေမယ့်ကံတရားဟာ ကိုယ့်ဘက်မှာမရှိခဲ့ဘူး။

နားအထက်မှာနှင်းဆီအဖြူလေးမပန်ပေးနိုင်ခဲ့ရင်ခွင့်လွှတ်ပါ။ဒေစီငယ်ကမင်းရင်ထဲမှာကိုယ်မျိုးစေ့ချခဲ့မယ်။အသက်ထက်ချစ်ပေမယ့်ကိုယ်ကြောင့်နဲ့မင်းနာကျင်ရမှာကိုသိပ်ကြောက်မိတာပဲ အသက်ငယ်...

____________________________

"အဆင်ပြေရဲ့လား.."

"အင်း"

တိတ်ဆိတ်နေတဲ့စကားဝိုင်းတစ်ခုမှာအေးစက်နေတဲ့ကော်ဖီနှစ်ခွက်ကနေရာယူလျက်။ပဲရစ်ရဲ့အလှကိုနောက်ခံထားရင်းမိုးအေးအေးလေးကြားမှာပြန်တွေ့ရတဲ့အချစ်ဦးကအရင်နှင့်မတူတော့ပေ။

"ဘာလို့အဆက်သွယ်ဖြတ်ခဲ့တာလဲ"

"..."

ပြန်စာမရတော့ငါရီမိသည်။ငြိမ်နေတဲ့လူကိုကြည့်လိုက်ရင်းငါသိပ်စိတ်နာကျည်းမိသည်။

"၄ှနှစ်..မင်းငါ့ကိုအဆက်ဖြတ်သွားခဲ့တာ၄နှစ်၊လမ်းခွဲရအောင်ဆိုတဲ့စကားတစ်ခွန်းလေးတစ်ခုနဲ့မင်းကထွက်သွားခဲ့တာ.."

"ငါတောင်းပန်ပါတယ်.."

တောင်းပန်ပါတယ်တဲ့။ဒါကသူပြင်ဆင်ခဲ့တဲ့စကားလား။စိတ်နာစရာပါလားgemini..မှတ်မိသေးတယ်။မင်းရဲ့၁၉နှစ်ပြည့်မွေးနေ့။

Gone gone gone~ (geminifourth ff✅)Where stories live. Discover now