All i need

724 97 8
                                    

ကိုယ်လိုအပ်တဲ့အရာအားလုံးကမင်းပါ..

"မထနဲ့fourth..မင်းနေမကောင်းဘူး"

ကုတင်ပေါ်ကနေထဖို့လုပ်နေတဲ့အသက်ငယ်ကိုတားကာငါပြန်လှဲခိုင်းလိုက်သည်။ပင်လယ်စာတွေအများကြီးစားခဲ့လို့ငါ့ကလေးလေးကဘန်ကောက်ရောက်ရောက်ချင်းဖျားလေသည်။

Fourthရဲ့အဖေကငယ်ငယ်ကတည်းကဆုံးသွားတဲ့အပြင်အမေကလည်းခရီးခနခနထွက်ရတာမလို့fourthကိုငါ့ရဲ့ကွန်ဒိုသာခေါ်လာလိုက်သည်။

ဖျားနေတဲ့ကောင်ငယ်လေးကတစ်ညလုံးချွေးတွေပြန်နေပြီးအဖျားတက်နေတာမလို့ငါမနက်ကျဆရာ၀န်ခေါ်ရလေသည်။အစာအိမ်ရောင်တာဖြစ်ပြီးရာသီငှက်ဖျားနဲ့တိုးတာမလို့ဘယ်လောက်နာကျင်နေလိုက်မလဲ။

ဆေးတစ်လုံးထိုးပေးပြီးသောက်ဆေး၅ရက်စာပေးကာဆရာ၀န်ကပြန်သွားသည်။ဆေးရှိန်နဲ့အိပ်ပျော်နေတဲ့ကလေးငယ်အတွက်ငါစားစရာပျော့ပျော့လေးတစ်ခုလုပ်ပေးရန်မီးဖြိခန်းသို့သွားလိုက်သည်။

ဘာမှမရှိတာကြောင့်ငါအသင့်စားဆန်ပြုတ်ထုတ်လေးသာပြုတ်လိုက်ပြီးfourthအတွက်ယူသွားတော့ကလေးငယ်ကအားယူကာထဖို့လုပ်နေလေသည်။

ဒါကြောင့်ငါတားလိုက်ခြင်းပင်။ဆန်ပြုတ်ပန်းကန်လေးအားယူကာfourthဘေးတွင်တစောင်းထိုင်လိုက်သည်။ဆန်ပြုတ်မကြိုက်တဲ့ကောင်လေးကရှုံ့မဲ့နေ၏။

"နည်းနည်းလေးတော့စားနော် ဆေးမသောက်ခင်အစာခံရှိဖို့လိုတယ်လေ လာ ငါခွံ့ကျွေးမယ်"

Fourthကလိမ္မာပါသည်။ငါခွံ့ကျွေးတာကိုသူကငြိမ်ငြိမ်လေးထိုင်စား၏။အဲ့နောက်တစ်၀က်လောက်သာစားပြီးတော်ပြီဟုပြောလာလေသည်။ငါပါးလေးကိုသုတ်ပေးလိုက်ပြီးကိုယ်အပူချိန်တိုင်းလိုက်သည်။

ညတုန်းကထက်သက်သာသွားတာမလို့ငါခုမှသက်ပြင်းချနိုင်သည်။ဆေးသောက်ပြီးခဏအကြာမှာfourthကမျက်ရည်လေးများဝဲနေသည်ကိုငါသတိထားမိသည်။

ဗိုက်နာနေတာနေမှာ။ရေနွေးအိတ်ထဲ‌ရေနွေးနွေးလေထည့်ကာဗိုက်နာသက်သာဖို့ငါလက်ဖက်စိမ်းထုတ်လေးကိုရေစိမ်ကာfourthအတွက်ယူသွားလိုက်သည်။

Gone gone gone~ (geminifourth ff✅)Where stories live. Discover now