birthday present

587 77 30
                                    

မင်းငါ့ကိုမချစ်ဘူး။

"Gem!"

ငါ့ရဲ့ကောင်လေးကပြေးကာနောက်ကနေကျောကုံးကိုဖတ်လာသည်။သဘောတကျရီရင်းကုန်းပိုးလိုက်တော့တခိခိရီနေလေရဲ့။

ဒီနေ့ရာသီဥတုသာယာတယ်။အချိန်တွေရာသီတွေပြောင်းလဲလာတာနဲ့အမျှငါနဲ့fourthတွဲခဲ့တာ၂လပင်ပြည့်တော့မည်။fourthကတက္ကသိုလ်‌ဒုတိယနှစ်ဆိုပေမယ့်ငါကတော့မတက်ဖြစ်ပေ။အဲ့အစားဝါသနာပါသည့်ခဲပန်းချီသင်တန်းသာအချိန်မှန်မှန်သွားဖြစ်၏။

ငါ့ရဲ့ကောင်ငယ်လေးကချစ်ဖို့ကောင်းလာသည်။အပြုံးကလေးကလည်းနူးနူးညံ့ညံ့လေး။ဒီနေ့ငါတို့နှစ်ယောက်လုံးရဲ့အားလပ်ရက်မလို့အပြင်မှာdateရန်ညှိလိုက်၏။

ချစ်ဖို့ကောင်းတဲ့ကောင်လေးက ကစားကွင်းသွားချင်သည်ဟုပြောလေသည်။ငါ'ကလေးလား'ဟုစနောက်တော့စိတ်ကောက်သွား၏။နောက်တော့ငါပဲချော့ကာခေါ်သွားပေးရသည်။

ဒီနေ့ငါ့ကလေးလေးကအပြာရောင်ရှပ်အင်္ကျီအပွလေးကိုဘောင်းဘီဖြူအတို၊ခြေအိတ်အဖြူလေးနဲ့တွဲ၀တ်ထားတာမလို့မတရားချစ်စရာကောင်းနေသည်။

______________________

"Gem!လာလေ"

ရေခဲမုန့်ဆိုင်မှာပိုက်ဆံရှင်းနေတုန်းတစ်နေရာထက်ရောက်သွားတဲ့ပေါက်စကြောင့်ခေါင်းသာခါလိုက်ရင်းငါလိုက်သွားရသည်။

ကလေးတွေအတွက်ဖျော်ဖြေဖို့ထား ထားတဲ့အရုပ်လို၀တ်ထားတဲ့လူကိုသွားသွားထိနေလို့ငါ့မှာလိုက်တားရသေးသည်။fourthက၃နှစ်သားလေးလိုပင်ပျော်မြူးနေ၏။

ရိုလာကိုစတာစီးချင်သည်ဟုပူဆာတာကြောင့်ငါ့မှာအစကရင်တမမနှင့်ငြင်းပေမယ့်အတင်းဆွဲခေါ်သွားတာကြောင့်ပါသွားလေသည်။

ဒါကြီးကကြောက်စရာကြီး!ငယ်သံပါအောင်အော်နေတဲ့ငါ့ဘေးကအကောင်ပေါက်ကပိုကြောက်ဖို့ကောင်းတယ်။အကွေ့အချိုးတွေနဲ့ရပ်သွားတဲ့အခါfourthတစ်ယောက်စားထားတာတွေအကုန်အိတ်တစ်လုံးနဲ့ထိုးအန်ပါလေရော။

မစီးနဲ့လို့ပြောသားပဲ။နေလို့မကောင်းတော့ဘူးပြောတာကြောင့်ငါ့မှာရေတစ်ဗူးအမြန်ပြေး၀ယ်ပေးရသည်။ထိုင်ခုံလေးမှာခဏနားရင်းငါတောင်အမောမပြေလိုက်သေးfourth
ကတက်ကြွစွာထပ်လည်ဖို့ခြေလှမ်းကြွနေပြီ။

Gone gone gone~ (geminifourth ff✅)Where stories live. Discover now