if we meet again

529 75 7
                                    

ထပ်ဆုံဖြစ်ခဲ့ရင်..

မင်းဖြစ်နေရင်ရပြီ..ချစ်ခြင်းမေတ္တာတွေကသိပ်ဆန်းကြယ်တယ်..ငါ့အတွက်တော့မင်းဖြစ်နေရင်..ကြယ်ပေါင်းတစ်သောင်းကိုလည်းရေတွက်နိုင်ပါတယ်..။

"ပန်းချီတွေဆွဲတဲ့အခါသူ့အလှပကဆေးရောင်ပေါ်မူတည်ပြီးကွဲပြားတယ်"

"အောင်း!ခက်ခဲလိုက်တာ မဆွဲချင်တော့ဘူး"

ငါ့အပေါ်ကအုပ်မိုးထားကာလက်အားကိုင်ရင်းသင်ပေးနေသည့်geminiကခပ်ဖွဖွရီ‌လေသည်။အဲ့နောက်ဆူပုတ်နေသည့်ငါ့ကိုသူ့ဖက်လှည့်ခိုင်း၏။

နူးညံ့လိုက်တဲ့မျက်၀န်းတွေ။ရုတ်တရပ်ငါ့ပါးကိုဆေးအနီရောင်နဲ့သုတ်လိုက်တာမလို့ငါလန့်သွားလေသည်။

"မင်း!!"

Geminiကရီ၏။အမြင်ကပ်လိုက်တာ!ငါgeminiရဲ့မျက်နှာတွေကိုဆေးတွေဖြင့်ပြန်သုတ်လိုက်သည်။ဒါကပျော်စရာကောင်းတယ်။

အလှထိုးထားတဲ့နှင်းဆီဖြူအဖက်ကလေးတွေမှာရောင်စုံဆေးတွေစွန်းထင်နေပြီ။ငါတို့တစ်ယောက်နဲ့တစ်ယောက်သုတ်ရင်းပျော်ရွှင်စွာဆော့ကစားနေမိ၏။

"တော်ပြီgem!"

Geminiရဲ့လက်တွေဟာရပ်တန့်သွား၏။အဲ့နောက်ငါ့ခါးအားဖတ်သွယ်လာ၏။သူ့မျက်၀န်းတွေကိုငါသိပ်သဘောကျသည်။geminiကငါ့လက်ကိုဆွဲယူရင်းသူ့ပါးသို့ခပ်ဖွဖွလေးတင်၏။

အဲ့နောက်ငါတို့အကြည့်ချင်းဆုံမိသည်။ရင်ဘတ်ချင်းပိုနီးလာတဲ့အခါနှုတ်ခမ်းသားတွေကထပ်တူကြသွားသည်။သူ့အနမ်းတွေကိုငါနှစ်သက်သည်။

အဲ့နေ့ကပန်းချီခန်းထဲမှာငါတို့အသိစိတ်တွေလွှတ်ထွက်သွားတဲ့အထိနက်နက်ရှိုင်းရှိုင်းနမ်းခဲ့မိသည်။မင်းနဲ့ပထမဆုံးအနမ်းတွေကိုပုံ‌ဖော်ရင်းမင်းလက်နဲ့ငါ့လက်..ထပ်တူကြနေတဲ့ပန်းချီတစ်ချပ်ကိုငါတို့ဖန်ဆင်းခဲ့တယ်..

____________________________

"မနားသေးဘူးလားfourth မင်းဘန်ကောက်ပြန်လာတာတောင်မကြာသေးဘူး"

Frodကငါ့ကိုစိုးရိမ်စွာမေးလာသည်။ငါခေါင်းသာခါပြလိုက်၏။geminiမရှိတော့တဲ့၁နှစ်အကြာမှာငါအများကြီးရင့်ကျတ်လာခဲ့တယ်။

Gone gone gone~ (geminifourth ff✅)Where stories live. Discover now