why don't you stay..

870 77 43
                                    

မင်းကလူလိမ်...

"အဆင်ပြေရဲ့လားfourth "

Phuwinရဲ့အမေးကိုငါခေါင်းငြိမ့်ပြလိုက်သည်။မိုးတွေအုံ့နေတာမလို့ငါတို့ထီးအနက်ရောင်ကိုယ်စီကိုင်ထားကြတယ်။လက်ထဲကနှင်းဆီဖြူကိုအဖြူရောင်အုတ်ဂူလေးပေါ်တင်လိုက်ရင်းငါပြုံးလိုက်သည်။

ရင်းနှီးပေမယ့်..ထူးဆန်းတဲ့ဒီခံစားချက်။အချိန်ကအတိတ်ကိုတိုက်စား‌သွားပေမယ့်..မင်းကငါ့ရဲ့မှတ်ဉာဏ်ထဲမှာမနေ့တစ်နေ့ကလိုရှင်သန်နေတုန်းပဲ။

"ခဏလေးအတွင်းမှာဘာလိုလိုနဲ့၂နှစ်တောင်ပြည့်ခဲ့ပြီနော်.."

Phuwinကရပ်ကာငါ့ကျောပြင်ကိုပုတ်ပေးသည်။တစ်‌ဖွဲဖွဲကျလာတဲ့မိုးရေတွေနဲ့အတူငါ့မျက်၀န်းတွေမှာမျက်ရည်တွေစီးကျလာတယ်။

ဘယ်လောက်ပဲတင်းခံပါစေ။မင်းမရှိတော့တဲ့အသိကငါ့ရဲ့စိတ်တွေကိုအကြိမ်ကြိမ်ပြိုစေတုန်းပဲ။ငိုနေတဲ့ငါ့ကိုphuwin
ကဖတ်ရင်းနှစ်သိမ့်ပေးတယ်။

'အဆင်ပြေမှာပါ'လို့အကြိမ်ကြိမ်ပြောနေပေမယ့်ဒါကငါ့ရဲ့စိတ်ကိုအနိုင်မယူနိုင်ခဲ့ဘူး။သတိရတယ်gemini..

________________________

"တစ်ယောက်ထဲဖြစ်ပါ့မလား phiအတူနေပေးရမလား"

ငါခေါင်းခါပြလိုက်သည်။phuwinရဲ့စိုးရိမ်စိတ်ကိုသိပေမယ့်
P'pondနဲ့အတူပြန်လိုက်သွားဖို့ငါပြောလိုက်၏။ညflightနဲ့ပြန်မှာမလို့phuwinဘန်ကောက်ရောက်တာနောက်ကျမှာအကြောင်းပြပြီးငါပြန်လွှတ်လိုက်၏။

ရောက်ရင်ဖုန်းဆက်မည်ပြောနေတာကြောင့်ငါခေါင်းသာငြိမ့်ပြလိုက်သည်။ခဏအကြာမှာအိမ်ဟာတိတ်ဆိတ်သွား၏။မီးဖိုခန်းထဲ၀င်လိုက်ပြီးကော်ဖီခါးခါးတစ်ခွက်ငါဖျော်လိုက်သည်။

1982လန်ဒန်ရဲ့collectionတွေထဲကဓာတ်ပြားဟောင်းတစ်ချက်ကိုငါဖွင့်လိုက်သည်။အရာရာဟာvantageဆန်ပါတယ်။ပဲရစ်ရဲ့ညမိုးဟာငါ့ရဲ့လွှမ်းစွတ်မှုတွေကိုမဖြေဖျောက်နိုင်ပါ။

မင်းနဲ့အတူဆွဲခဲ့တဲ့ပထမဆုံးပန်းချီကိုငါဧည့်ခန်းထဲမှာချိတ်ဆွဲထားတယ်။ပထမဆုံးမင်းပေးခဲ့တဲ့နှင်းဆီကငါတန်ဖိုးထားနေရတဲ့ပန်းခြောက်ကလေးဖြစ်နေတုန်းပဲ။

Gone gone gone~ (geminifourth ff✅)Where stories live. Discover now