One

333 23 1
                                    

"ရုတို လာ လာ ဒီကို"

"မင်းတို့ကလည်း ဘယ်ကတည်းက လာချင်နေကြလဲမသိဘူး ဒါမျိုးဆိုတက်ကြွနေတာပဲ"

"အိမ်ထောင်ကျပြီးကတည်းက ခုမှ ထွက်ရတာကွ"

"အဲ့တာပဲ အပူတွေ"

"ဟား ဟား မင်းအလှည့်မှ ကြည့်ဦးမယ် ဟျောင့်"

အထက်တန်းတုန်းကတည်းက ပေါင်းခဲ့သည့်သူငယ်ချင်းတွေနဲ့မို့သာ ရုတိုလည်း ကလပ်ကိုနေရာမျိုးတွေကို လာခဲ့ရတာ မရောက်ဖြစ်တာ အတော်ကြာပြီ။ အထက်တန်းပြီးကတည်းက လန်ဒန်သို့ ထွက်သွားခဲ့ကာ အသက်၂၇ရောက်မှသာ ကိုရီယားသို့အခြေပြန်ကျခဲ့ရသည့်အတွက် ကိုရီးယားက နောက်ဆုံးပေါ် trendတွေလည်း မသိတော့သလို လူငယ်တွေနဲ့လည်း ဝင်မဆန့်တော့သယောင် ခံစားရသည်။ ကလပ်မှာသာရောက်နေတာ လူကမတက်ကြွဘဲ ပိုထိုင်းမှိုင်းလာသည်။

"ဟျောင့်တွေ ဟိုဟာ ဂျောင်ဝူးမလား"

ဆန်းဝူးက ပြာပြာသလဲပြောတော့ အကုန်လုံးသူညွှန်ပြရာ ကြည့်မိကြသည်။ တကယ်ပဲ သူကိုး

"ရုတို မင်းအချစ်တော်ကြီး"

"တော်စမ်းပါ"

"ဟားဟား"

ရုတိုကြည့်မိတော့ ကောင်မလေးတစ်ယောက်နှင့်အ
တူ အရက်သောက်နေသည့်သူကလည်း မြင်သွားသည့်ပုံ အံဩသွားသည့်အရိပ်အယောင်ပြပေမယ့် ဘယ်တုန်းကမှမသိခဲ့ဖူးသလို မျက်နှာလွှဲသွားတာက ချက်ချင်း

"ဟက် ကလေးဆန်လိုက်တာ"

"ရုတို ငါတို့သွားနှုတ်ဆက်မလို့ မင်းလိုက်ဦးမလား"

"တော်ပါပြီ"

"အေးပါကွာ ဟားဟား သွားပြီ"

ဆန်းဝူးနှင့် မင်ယောင်က ထိုသူရှိရာဆီလျှောက်သွားကာ နှုတ်ဆက်ရင်း ဘာတွေအာချောင်လဲမသိ ရုတိုဘက်ကို တချက်တချက်ကြည့်လာတော့ မသိချင်ယောင်ဆောင်ကာ အရှေ့ကခွက်ကိုသာ ကောက်မော့ပစ်လိုက်မိသည်။

"ဂျောင်ဝူးက အရမ်းကြည့်ကောင်းတာပဲ အရင်ကထက်ပိုပိုမိုက်လာတာ နောက်ဆုံးတနှစ်သာ သေချာလုပ်ရင် ခုချိန်ဆရာဝန်ဖြစ်နေပြီကိုကွာ"

"သူက ကျောင်းမပြီးဘူးလား"

"ဘာလဲ မင်းစိတ်ဝင်စားလာပြီလား"

"မဟုတ်ပါဘူး"

"သူကျောင်းမပြီးလိုက်ဘူး နောက်ဆုံးနှစ်မှာ သူ့အဖေဆုံးတယ်လေ သူတို့အိမ်စီးပွါးရေးလည်း ထိခိုက်သွားတယ် အဲ့တာကြောင့် သူကျောင်းပါထွက်လိုက်တာလို့ ကြားတာပဲ"

"အဲ့တာကို သူက ဒီလိုနေရာမှာ ဘယ်လိုလုပ်"

"အလုပ်ကိစ္စရှိလို့နေမှာပေါ့ကွာ"

ပုံမှန်ဆို စီးပွါးရေးမကောင်းသည့်အခြေနေဆို အလုပ်တွေနဲ့ မအားလပ်ဖြစ်နေရမှာ မဟုတ်လား။ လူပုံစံကတော့ အရင်အတိုင်း မျက်နှာကြောတင်းတင်းနှင့် ဝင့်ဝင့်ကြွားကြွားပင်

"ငါသန့်စင်ခန်းခဏ"

ရှုပ်နေသည့်လူတွေကြား စိတ်တွေလည်းပိုရှုပ်လာကာ သန့်စင်ခန်းထဲဝင်လာကာ မျက်နှာသစ်ရန်ပြင်လိုက်သည်။
မရတာကြာပြီဖြစ်သည့် ထူးခြားသည့်ရေမွှေးနံကြောင့် ဘေးကိုကြည့်မိတော့ ပတ်ဂျောင်ဝူး

"ကျောင်းနေဖက်တစ်ယောက်အနေနဲ့တောင် နှုတ်မဆက်နိုင်ဘူးလား"

"နှုတ်ဆက်ချင်စရာလူမှ မဟုတ်ဘဲ"

"ဟက် မာနကခေါင်ခိုက်နေတာပဲနော် ငါကအရင်ကလို သူဌေးသားဘဝမဟုတ်တော့ဘူး မင်းအထင်ကြီးလို့ရမယ့်အနေထားရောက်နေပြီဆိုရင်ရော"

"မင်းဘာသာမင်း ဘယ်ဘဝရောက်ရောက် ငါ့အတွက်တော့ မင်းက ပတ်သတ်ချင်စရာမကောင်းတဲ့ကောင်ပဲ"

"ပတ်ဂျောင်ဝူး"

ရုတိုဆွဲထားမိသည့် သူ့ရဲ့အကျီကော်လံစကို ခပ်မဲ့မဲ့ကြည့်ကာ "အရင်အတိုင်းပါပဲ"ဟုဆိုကာ ဖြုတ်ချ၍ခပ်ကြောကြောထွက်ခွါသွားသည့်သူ
သူ့ကိုဘယ်တော့မှ အလျော့မပေးသည့်သူ

"တောက်"

~~~~~~~~~~~

Love and Hate Where stories live. Discover now