" ဒီည dinner ရှိတယ် အဲ့တာ မင်းလိုက်ခဲ့ရမယ်"
"ငါမလိုက်ချင်ဘူး"
ဟရုတိုက အလုပ်ကပြန်ရောက်ရောက်ခြင်း အခန်းထဲဝင်လာကာ သူ့ coatအကျီကို ချွတ်ရင်းပြောသည်။
"ဟ ပတ်ဂျောင်ဝူး မင်းက ငါ့ကို တမင် ဒီစကားပြောရအောင် လုပ်နေတာလား ငါပြောပြီးပြီလေ မင်းဖြစ်ချင်တာတွေ လိုက်လုပ်ပေးဖို့ ငါမင်းကို ယူထားတာ မဟုတ်ဘူး ငါဖြစ်ချင်တာကို မင်းလုပ်ပေးဖို့ ငါမင်းကို ယူထားတာ နားလည်လား
အကြွေးတင်နေတဲ့ သူက ငါမဟုတ်ပဲ မင်း"ကုတင်ပေါ်ထိုင်နေသည့် ဂျောင်ဝူးကို သေချာကြည့်ပြီး ပြောလာခဲ့သည့် သူ့စကားများ....
အဲ့တာကြောင့် ဂျောင်ဝူးသူ့ကို မုန်းတာပင်
အမြဲတမ်း အထက်စီးက ပြောသည်။ ပြီးတော့ အပေးအယူလုပ်ထားသည့် အရာကိုလည်း သိသာအောင် အမြဲထုတ်ပြသည်။ လူတွေရဲ့အကျင့်က ဘယ်တော့မှ ပြောင်းလဲမသွားတာ အမှန်ပဲဖြစ်သည်။"အေးလေ မတက်နိုင်ဘူးပေါ့ သွားတာပေါ့ ငါ့မှာ suit မရှိဘူး အဆင်ပြေသလိုဝတ်လာလည်း ဖြစ်တယ်မလား"
"Suit မလိုဘူး ဒီတိုင်း အသိအကိုတစ်ယောက်ရဲ့ welcoming party ပဲ"
"ဘယ်တော့သွားမှာလဲ"
"နောက်နာရီဝက်လောက်ဆို သွားမယ် ပြင်ဆင်ထားလိုက်"
သူ့ဆီမှ ညွှန်ကြားချက်ရပြီးတာနှင့် ဂျောင်ဝူးအဝတ်အစားထုတ်ဖို့ အတွက် ပြင်ဆင်လိုက်သည်။ သူနဲ့မသွားချင်တာက မသွားချင်တာ ဆိုပေမယ့် ဂျောင်ဝူးက ဖြစ်ကတက်ဆန်းဝတ်စားရသည်ကို မကြိုက်ပါ။
"မင်းရေချိုးမယ်ဆို ငါအောက်ထပ်က ရေချိုးခန်းသွားသုံးလိုက်မယ်"
"မလိုဘူး ငါ study room က ရေချိုးခန်းသုံးမှာ"
သူတို့အခန်းမှာ ရေချိုးခန်းက တခန်းပဲရှိသည်မို့ ဂျောင်ဝူးမေးလိုက်ခြင်းဖြစ်သည်။
သူမသုံးဘူးဆိုတာနှင့် ဂျောင်ဝူး လဲမည့် အဝတ်အစားများယူကာ ရေချိုးခန်းထဲဝင်လိုက်သည်။ရုတိုလည်း လဲမည့်အဝတ်အစားတွေယူကာ study room ဘက်သို့ထွက်လာလိုက်သည်။ ပတ်ဂျောင်ဝူးဟာ တခွန်းတည်းပြောလို့ ဘယ်တော့မှ နားမထောင် လူကို လူဆိုးဖြစ်အောင် အမြဲလုပ်သည်။ ဒါ အခုမှမဟုတ် သူ့ရဲ့အဲ့လို အကျင့်ကြောင့် ရုတိုက မောက်မာသည့် ပုံစံပဲဖြစ်နေရတာ ပြောရင် တခါတည်း နားထောင်လိုက်ပါလား...
![](https://img.wattpad.com/cover/345035741-288-k642298.jpg)
YOU ARE READING
Love and Hate
FanfictionMarried life ဖြစ်မှာပါ ဒါပေမယ့် warning ထည့်ရလောက်စရာပါမှာ မဟုတ်ပါဘူး