ဟိုကိစ္စဖြစ်ပြီးကတည်းက ဟရုတိုနဲ့ ဂျောင်ဝူးစကားမပြောဖြစ်တာ တပတ်ကျော်ပြီ။ ဟရုတိုက မနက်ဆို အလုပ်သွားပြီး ညဘက်မှပြန်လာသည်။ ထမင်းစားလည်း တိတ်ဆိတ်ကာ စားပြီးတာနှင့် အလုပ်ခန်းထဲ တန်းဝင်သွားပြီး ဂျောင်ဝူးအိပ်သည့် အချိန်လောက်မှ အခန်းထဲ ပြန်ဝင်လာသည်။ သူ့အိမ်မှာနေရသည်မို့ သူနဲ့ မတည့်တော့ နေရခက်သည်မှာ အမှန် ဆိုပေမယ့်လည်း ဂျောင်ဝူးဘက်က အလျော့ပေးပြီး သွားခေါ်လိုက်ဖို့ရာ မရှိပါ။
အတွေးလွန်နေတုန်း ဖုန်းဝင်လာသည်နှင့် ရုတ်တရတ် ကိုယ်ပါ ဆတ်ခနဲဖြစ်သွားရသည်။
"ဟုတ်ကဲ့ ပတ်ဂျောင်ဝူးပါ"
"ဦးလေးပါ ဂျောင်ဝူး"
ဦးလေးက အဖေရဲ့ ညီအရင်းဖြစ်သည်။ အဖေတို့ဆုံးခဲ့စဉ်က အများကြီးကူညီပေးခဲ့သည့် ဦးလေး။ ဂျောင်ဝူးတို့ ညီအကိုကို ခေါ်ထားဖို့ထိ စီစဉ်ခဲ့ပေမယ့် ဦးလေးမိန်းမက မကြည်ဖြူသဖြင့် ညီအကို၂ယောက်လုံး မနေဖြစ်ခဲ့ရာက ဦးလေးကလည်း မဆက်သွယ်ရာက အဆက်အသွယ်ပြတ်တောက်နေကြခြင်းပင်။
"မင်းအဒေါ်ဆုံးပြီ အဲ့တာ အသုဘကို လာပေးလို့ရမလား မင်းတို့ ညီအကိုတွေကို မတွေ့ရတာကြာလို့ ဦးလေးလည်း အရမ်းတွေ့ချင်နေတာ"
ဂျောင်ဝူးရုတ်တရတ်ဘာပြန်ပြောရမလဲ မသိပါ။ ဦးလေးတို့ကို တွေ့ချင်ပေမယ့် လက်ရှိမိမိအခြေနေကို ပြောပြဖို့ကိုတော့ မလုပ်ချင်။
"ဟို ဦးလေး ကျွန်တော်အလုပ်က ခွင့်တောင်းရခက်လို့ လာလို့မရလောက်ဘူး ထင်တယ်"
"လာခဲ့ပါ ဂျောင်ဝူး ဦးလေးလည်း ဘယ်လောက်ထိ အသက်ရှင်ရမလဲ မသိတော့လို့ တခါလောက် ငါ့တူတွေကို တွေ့ချင်လို့ပါ"
"ဦးလေး ဦးလေးက ဘာဖြစ်လို့လဲ"
"ဦးလေး ပန်ကရိယကင်ဆာ နောက်ဆုံးအဆင့်ဖြစ်နေလို့ ဆရာဝန်တွေကတော့ တလလောက်ပဲ နေရတော့မယ်ပြောတယ်"
ဦးလေရ စကားကြားရတော့ ဂျောင်ဝူးလည်း စိတ်မကောင်းပါ။ အဖေ့ဘက်က အမျိုးဆိုလို့ ဦးလေးပဲရှိတာမို့ ဂျောင်ဝူးအနေနဲ့လည်း သွားတွေ့ချင်မိသည်။
YOU ARE READING
Love and Hate
FanfictionMarried life ဖြစ်မှာပါ ဒါပေမယ့် warning ထည့်ရလောက်စရာပါမှာ မဟုတ်ပါဘူး