"ဟျောင်း အခုဘယ်မှာလဲ ကျွန်တော်စာပို့ထားတာလည်း မဖတ်ဘူး အလုပ်များနေတာလား"
"အင်း ဂျောင်ဟွမ်နား ဟျောင်းအလုပ်များနေလို့ ဘာပြောစရာရှိလို့လဲ"
"မရှိပါဘူး သတိရလို့ပေါ့ဗျာ ကိုယ့်ရည်းစားပဲ"
"ဟျောင်း မနက်ဖြန်လာကြိုမယ်နော်"
ကျသွားသည့် ဖုန်းလေးကို ကြည့်ရင်း ဂျောင်ဝူးစိတ်ကျဉ်းကျပ်စွာ လေပူတွေမှုတ်ထုတ်မိသည်။ သူဘယ်လိုလုပ်ရမလဲ ဂျယ်ဟော့ဟျောင်းကလည်း club ချဲ့နေတာမို့ သူတောင်ငွေလိုနေလို့ ရှာကြံနေရတာပင်။ သူပြောလျှင်တော့ ကူညီမှာဆိုပေမယ့် ဟျောင်းကိုတော့ဖြင့် ဒုက္ခမပေးလိုတော့ပါ။ တကယ့်တကယ်လိုအပ်လာပြီဆိုလျှင် သူ့မှာအကူအညီတောင်းစရာကလည်း ဂျယ်ဟော့ဟျောင်းအပြင်မရှိပါ။ ရုတိုကိုသာမခံချင်သည့် စိတ်ဖြင့်ပြောခဲ့ပေမယ့် ဒီလောက်ငွေပမာဏကို သူဘယ်မှာရှာရမည်လဲ။ ဟရုတိုကို လက်ထပ်ဖို့ကတော့ဖြင့်လည်း မဖြစ်နိုင်ပါ မချစ်မနှစ်သက်သည့်သူကို လက်မထပ်နိုင်ပါ။ အတွေးတွေဖြင့် ကြံရာမရမှုတွေဖြင့် လူကရူးချင်လာသည်။ တညအတွင်းပြောင်းလဲသွားသည့် မိမိဘဝကို ပြန်တွေးရင်း စိတ်ညစ်စွာ ဘီယာဘူးကို မော့ချလိုက်မိသည်။
တီ တီ တီ
"ပြော"
"မနက်ဖြန်ဆို ရက်ချိန်းပြည့်ပြီ ထင်တယ် မင်းဘက်က အဆင်သင့်ဖြစ်ပြီလား"
"ဟရုတို မင်းငါ့ကို ဘယ်အညိုးကြောင့် ခုလိုလုပ်နေတာလဲ"
"ဟ စွပ်စွဲလိုက်တာ ငါက မင်းကို ဘာလုပ်နေလို့လဲ မင်းအကိုကသာ ငါ့ဆီက ပိုက်ဆံကို ချေးပြီးပြန်မဆပ်တာလေ"
"ကောင်းပြီ ငါမင်းကို မနက်ဖြန် အတိုးပေးမယ် အရင်းကတော့ မင်းစောင့်ပေးလို့ရတယ် မလား အတိုးလိုချင်လို့ ချေးတာလို့ မင်းပြောတယ်မလား"
"ကောင်းပြီလေ မနက်ဖြန်တွေ့ကြတာပေါ့"
တဖက်မှ ဖုန်းမချခင် ဂျောင်ဝူးဘက်က အရင်ချလိုက်သည်။ တကယ်ပဲ ဘယ်လိုရေစက်ဆိုးလဲ မသိ
ငွေကမနည်းသည့်အတွက် အတိုးလည်းမနည်းပါ အတိုးပေးဖို့တောင် ဂျောင်ဝူးမှာ ရှိသမျှထုတ်ရောင်းထားရတာ နောက်လတွေဆို ပေးနိုင်ပါ့မလား တွေးမိရင်တောင် အသက်မရှုနိုင်
YOU ARE READING
Love and Hate
FanfictionMarried life ဖြစ်မှာပါ ဒါပေမယ့် warning ထည့်ရလောက်စရာပါမှာ မဟုတ်ပါဘူး