Three

192 20 8
                                    

"ဆိုဂျောင်ဟွမ်ဆိုတာ သူလား"

"ဟုတ်တယ် ဂျောင်ဝူးထက် တနှစ်ငယ်တယ်"

"ဟက် ပတ်ဂျောင်ဝူးအကြိုက်က ထူးဆန်းတာပဲ"

"ရုတို ဟိုမှာဂျောင်ဝူး"

တက္ကသိုလ်ရှေ့တွင် ကားရပ်ကာ ဆိုဂျောင်ဟွမ်ကို လာစုံစမ်းသည့် ရုတိုအတွက် မထင်မှတ်ထားပဲ ကြည့်လိုက်ရသည့် အချစ်ဇာတ်လမ်းတွေပေါ့
ဂျောင်ဝူးက ဂျောင်ဟွမ်ကို လာကြိုပုံရကာ နှစ်ယောက်သားပြုံးပျော်ကာ စကားပြောနေသည်ကို မျက်တောင်မခတ်လိုက်ကြည့်နေသူက ရုတို

"ဒီနေ့ ဘယ်လိုလဲ ဟျောင်း အလုပ်မှာအဆင်ပြေလား"

"အင်းပြေတယ် မင်းရော tuto ဖြေနိုင်လား"

"ဖြေနိုင်တယ် ဒီလောက်ဉာဏ်ကောင်းတဲ့ ရည်းစားရထားတာ ကျွန်တော်လည်း ဉာဏ်ကောင်းနေမှ ရမှာပေါ့"

"တော်ပါ ပြီးရင် စာကျက်မရဘူးဆိုပြီး အိပ်ချိန်ကြီးဖုန်းတွေဆက်နေပြီးတော့"

"အဲ့တာက ဟျောင်းအသံကြားချင်လို့လေ အဲ့တာမှ စာတွေကဦးနှောက်ထဲ အလိုလိုဝင်လာတာ"

"တော်ပါ စကားတက်တိုင်း ဘာစားမလဲ ပီဇာစားမလား"

"အွန်း ဟိုလမ်းကြားကဆိုင် စားကောင်းတယ်"

"ပြောစမ်း ငါမသိအောင် ဘယ်ကောင်မလေးတွေနဲ့သွားစားတာလဲ"

ဂျောင်ဝူးက စရင်းနောက်ရင်း ရှေ့ကလျှောက်သွားပေမယ့် ဘေးမှာပါမလာသူကြောင့် နောက်လှည့်ကြည့်မိတော့ ခုနကနေရာမှာရပ်နေသည့်ကောင်လေး

"လာလေ"

"ဟျောင်း အဲ့လို မပြောပါနဲ့ဆို"

"စတာပါကွာ လာ လာ ဗိုက်ဆာနေပြီ"

"မကြိုက်ဘူးလို့ ဒီလောက်ပြောထားတာကို"

"အင်းပါ ဟျောင်းက စတာ လူကြီးကြီးသလောက် စိတ်ကလည်းကောက်တက်လိုက်တာ"

ဂျောင်ဝူးက ရီရင်းသူ့လက်ကိုဆွဲခေါ်တော့ ပါလာပြီး ဂျောင်ဝူးလက်ကိုလက်ဖဝါးထဲသို့ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာသည့်ကောင်လေး

"ဟက် ပျော်ထားလိုက်ဦးပေါ့"

ထွက်သွားသည့်အတွဲကို မျက်စိတဆုံးလိုက်ကြည့်ရင်း တင်းကြပ်သောလက်သီးဆုပ်နဲ့ စိန်ခေါ်သော စကားသံများကတော့ ကားအမဲလေးထဲပြန့်လွင့်လို့

Love and Hate Where stories live. Discover now