"ဒါ ငါတို့အိမ်ပဲ"
ရုတိုခေါ်လာသည့် အိမ်ကြီးကို ကြည့်ပြီး ကြောင်အ,နေသူက ဂျောင်ဝူးသာ
ဒီလောက်ကြီးတဲ့ အိမ်ကြီးမှာ ဟရုတိုလို တစ်ယောက်တည်းသမားက နေသည်တဲ့လား"အဒေါ်ကြီး ဒါက ကျွန်တော်ပြောထားတဲ့ တစ်ယောက် ဒီအိမ်က ကောင်မလေးတွေကို ပြောထားလိုက် သူ့ကို အကိုလေးလို့ခေါ်ဖို့"
"သား တွေ့ရတာ ဝမ်းသာတယ်နော် လိုအပ်တာရှိရင် အဒေါ်ကြီးကိုပြောနော်"
"ဟုတ်ကဲ့"
"လာခဲ့"
ဂျောင်ဝူးအရှေ့မှ ဦးဆောင်ကာ အိမ်အပေါ်ထပ်တက်သွားသူနောက် အသာလိုက်သွားရင်း
"ဒါငါတို့အခန်း"
"ငါမင်းနဲ့ အတူမနေနိုင်ဘူး"
"ဟက် ပတ်ဂျောင်ဝူး ဘာတွေဂျေးများနေတာလဲ မင်းဖြစ်ချင်တာတွေ ဖြည့်စည်းပေးဖို့ ငါမင်းကိုခေါ်လာတာ မဟုတ်ဘူးနော် ငါက အတူနေရမယ်ဆို နေရမယ်ပဲ"
ဟရုတိုပြောတာ မှန်သည်ပဲ သူက ဘာတွေမျှော်လင့်နေမိပြန်တာလဲ သူ့စိတ်ကိုတောင် သူမပိုင်တော့သည့် အခြေနေမှာ
"မင်းမပူပါနဲ့ မင်းကိုငါ ဘယ်အရာကိုမှ အတင်းအကြပ်မလုပ်ဘူး ငါ့ကိုလက်ထပ်ခဲ့တာလည်း မင်းဆန္ဒပါလို့ပဲလေ ဟုတ်တယ်မလား"
"အဲ့လိုဖြစ်အောင် အကြပ်ကိုင်ခဲ့တာက ဘယ်သူလဲ"
"ဟက် ထားပါ ငါပင်ပန်းနေပြီ ညစာစားပြီး အိပ်တော့မယ် မင်းဘက်က ဆက်ပြီး ငြင်းဆန်နေမယ်ဆိုရင်တော့ ငါမလုပ်ဘူးလို့ ပြောထားတဲ့ အရာတွေကိုလည်း အာမ မခံနိုင်ဘူးနော်"
"...."
တကယ်ပဲ သူနဲ့ဖက်မပြောချင်တာမို့ ဂျောင်ဝူးရေချိုးခန်းထဲသာ အရင်ဝင်ဖြစ်ခဲ့သည်။ တကယ်ပဲ ခန်းနားလိုက်တာ ဟရုတိုက အများကြီး အလုပ်ကြိုးစားခဲ့တာပဲ
~~~~~~~
"ဟိတ် ကောင်မလေး ဟိုတစ်ယောက်ရော"
"ဘယ်သူလဲရှင့်"
"နင်တို့ အကိုလေး"
"အကိုလေးက ခြံထဲမှာပါ"
"သူစားပြီးပြီလား"
"မစားရသေးဘူးရှင့် ဂျီကဲစားချင်တယ်ဆိုလို့ အဒေါ်ကြီး ပြင်ပေးနေပါတယ်"
YOU ARE READING
Love and Hate
FanfictionMarried life ဖြစ်မှာပါ ဒါပေမယ့် warning ထည့်ရလောက်စရာပါမှာ မဟုတ်ပါဘူး