eight

113 10 17
                                    

"HJ company ကနေပြီးတော့ နောက်ဆုံးဖြန့်ချီလိုက်တဲ့ HJ နောက်ဆုံးမော်ဒယ်ပေါ် ကားသစ်ကိုတော့ ဒီနေ့မှာပဲစျေးကွက်ကို မိတ်ဆတ်လာပြီ ဖြစ်ပါတယ်
ထိုကားကို ဖြန့်ချီဖို့ ၂နှစ်အချိန်ယူခဲ့ရပြီး ယခင်ထုတ်လုပ်ခဲ့တဲ့ ကားတွေနဲ့ ထူးခြားမှုကို ခံစားရမှာ ဖြစ်တယ်လို့လည်း HJ
ဥက္ကဌ Mr.Watanabe Haruto မှ သီတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့ပါတယ်။
HJ ကား Company ဟာဆိုရင် WTB ကား Companyကနေ ခွဲထွက်လာတာ ဖြစ်ပြီး ကိုယ်ပိုင် brandအနေနှင့် ကားစျေးကွက်ထဲကို အမြန်ဆုံးထိုးဖောက်လာသည့် Companyလည်း ဖြစ်ပါတယ်။"

TV မှ လာနေသော သီတင်းကို ကြည့်ပြီး ဂျောင်ဝူးစိတ်ထဲ တနုံနုံ
ဒီရက်ပိုင်း ဟရုတို အလုပ်များနေတာကို သိပေမယ့် ဘာကြောင့်ဆိုတာ မသိပါ။
မိမိကို ဒီနေ့ပြန်တာ နောက်ကျမယ်ဆိုတာကလွှဲရင်လည်း ဘာမှကို ပြောမသွားပေ။
သီတင်းမှာတက်လာမှသာ သိရသည်ပင်။
ဘယ်လိုပဲ သူတို့အဆင်မပြေပါစေဦး ဒီလိုကိစ္စမျိုးကို အသိတောင်မပေးတာကတော့ သူက ဘာအရာမှ မဝင်လို့ ပေးမသိတာဆိုသည့် သဘောမျိုးပင်ဖြစ်မည်။

ဂျောင်ဝူး ဝမ်းနည်းသည်တော့ မဟုတ်ပေမယ့် စိတ်ရှုပ်ထွေးရသည်တော့ အမှန်ပင်ဖြစ်သည်။

တီ တီ တီ
"ဟုတ် ဟျောင်းပြော"

"ဂျောင်ဝူး အားလား ဆာဟိက မင်းကိုတွေ့ချင်လို့တဲ့ ငါလည်း မင်းအားမအားမသေချာတာနဲ့"

"အားပါတယ် လာခဲ့မယ်လေ"

"ဟရုတိုက ခွင့်ပြုရဲ့လား"

"ပြုပြု မပြုပြုပေါ့ ကျွန်တော်က သူ့ကို ဘာဂရုစိုက်စရာလိုလဲ စိတ်ပူမနေနဲ့ ဘာပြသနာမှ မဖြစ်စေရဘူး"

ဂျောင်ဟွမ်နဲ့ ကလပ်မှာ အတူရှိနေသည်ကို တွေ့သည့်နေ့က မိမိကိုလည်း လူကြားထဲအတင်းဆွဲလားရမ်းလားလုပ်ခဲ့ကာ ဂျယ်ဟော့ဟျောင်းကိုလည်း ချိန်းခြောက်ခဲ့သည့် ဟရုတိုကြောင့် မိမိလည်း ကလပ်ကို မလာရတော့သလို ဟျောင်းကလည်း ထပ်မခေါ်ရဲတော့ပါ။
ကိုယ့်ကြောင့် တခြားသူတွေ အနှောက်အယှက်မဖြစ်စေချင်၍ ဂျောင်ဝူးဆင်ခြင်နေပေမယ့် ခုတော့ သူတောင် ကိုယ့်ကို အရေးမစိုက်တာ ဂျောင်ဝူးဘက်က ဘာတွေအရေးစိုက်နေရမှာလဲ

Love and Hate Where stories live. Discover now