"ဟရုတို မင်းက ဒီတိုင်းကြီး ကြည့်နေတော့မှာလား"
"ခဏလေး နားတာပါကွာ ပြီးရင် ဝင်ဆော့မှာပါ"
"အဲ့တာကို ပြောနေတာ မဟုတ်ဘူး ပတ်ဂျောင်ဝူးကို ပြောနေတာ"
မင်ယောင်မေးတော့ ရုတိုကမျက်မှောင် တချက်ကြုံကာ
"သူက ဘာဖြစ်လို့လဲ"
"ဟိုတလောက mathပြိုင်ပွဲမှာ အဆင့် ၁ ရတဲ့ ဂျွန်ဟန်ဆောင်းကို သိတယ်မလား အဲ့တယောက်က အခုတလော ဂျောင်ဝူးနားမှာပဲ အမြဲတွေ့နေရတာနော် math class တောင် တူတူတက်ဖို့ ခေါ်နေတာတဲ့"
"သူကရော အဲ့ကောင်နဲ့ ရင်းနှီးနေတာလား"
"အေး ဂျောင်ဝူးကလည်း ဟိုကောင် math အရမ်းတော်တာကို သဘောကျလို့ ရင်းရင်းနှီးနှီးနေတယ်ကြားတာပဲ"
"မင်းကို ဘယ်သူပြောတာလဲ"
"ဟ သိတာပေါ့ ငါ့မှာနားတွေမှ အများကြီး"
မင်ယောင့်ရဲ့ အပြောကို ရုတိုကတော့ ဘာတွေလဲဆိုငည့် အကြည့်နဲ့သာ မကြည်မသာ ပြန်ကြည့်သည်။ မိမိ အားရုံများကိုတော့ ကွင်းထဲမှ အရပ်ရှည်ရှည်နှင့် ဘတ်စကတ်ဘောကို ကျွမ်းကျင်စွာ ကစားနေသော ကောင်လေးဆီသို့သာ ပို့လိုက်ပြီး အတွေးနယ်ချဲ့နေမိသည်။
*မာနခဲက ဖော်ဖော်ရွေရွေဆက်ဆံတယ်တဲ့လား*
~~~~~~~~~~~~~~~
"အဖေ့ကို ပြောစရာရှိတယ်"ထမင်းစားနေရင်း စကားစမိတော့ အဖေက "ဘာလဲ ပြော"ဆိုသည့် ပုံစံဖြင့် မေးဆတ်ပြသည်။
"သား seoul uni တက်ချင်တယ်"
"ဟားး seoul uni တက်ချင်ရအောင် မင်းအမှတ်က ဘယ်လောက်ကောင်းလို့လဲ ငါမင်းကို ပြောထားပြီးသားလေ သာမန်ဘွဲ့တခုဆို ရပြီ အလုပ်အကြောင်းနားလည်အောင် သင်နိုင်ရင်ရပြီလို့ ဘယ်ကဘွဲ့ရရ အရေးမကြီးဘူး"
"မဟုတ်ဘူး သား Seoul uni ရောက်ချင်တယ် အဲ့အတွက် guide လည်း လိုတယ်"
"Guide လိုချင်တာများ ငါ့လာပြောနေသေးတယ် မန်နေဂျာဟန်ကို ပြောလိုက်လေ ဘယ်ပါမောက္ခလိုချင်တာလဲ"
YOU ARE READING
Love and Hate
FanfictionMarried life ဖြစ်မှာပါ ဒါပေမယ့် warning ထည့်ရလောက်စရာပါမှာ မဟုတ်ပါဘူး