Zawgyi
ဆေးရုံတွင် ၂လခန့်နေပြီးနောက် Jeongwoo ဆေးရုံဆင်းခွင့်ရလာသည်။ထို ၂လအတွင်း Jeongwoo သိခဲ့ရသည့်အချက်များမှာ အတော်လေးထူးဆန်းကာ မယုံကြည်နိုင်ဖွယ်ရာများပင်။
မိဘဆိုသူများ၏ပြောကြားချက်အရ Jeongwoo မှာတိုက်ပေါ်မှပြုတ်ကျကာ ဆေးရုံရောက်လာခဲ့ပြီး ကိုမာဝင်နေခဲ့ခြင်းဖြစ်သည်။ထို့အပြင် Jeongwoo သည်အချိန်ခရီးသွား၍ 2002ခုနှစ်သို့ရောက်နေမှန်းသိသွားချိန်တွင် အတော်လေးရှောခ့်ရသွားခဲ့ရသည်။
အစပိုင်းတွင် တုန်လှုပ်နေမိသော်လည်း နောက်ပိုင်းတွင် နေသားကျလာကာ ဘုရားသခင်ကိုပင်ကျေးဇူးတင်နေမိလေသည်။ငရဲနှင့်တူသော အိမ်မှ သာယာကြည်နူးဖွယ် ကမ္ဘာငယ်လေးဆီသို့ ပို့ပေးခဲ့ခြင်းကြောင့်ပင်။
ယခုလက်ရှိမိဘများမှာ သားဖြစ်သူကိုအတော်လေးချစ်ကာ အလိုလည်းလိုက်ပေသည်။Jeongwoo ၏အမူအကျင့်များပြောင်းလဲနေသော်လည်း မှတ်ဉာဏ်ပျောက်နေသောကြောင့်ဟုယူဆကာ သံသယမဝင်မိကြပေ။
ထို့ပြင် သူတို့သားနာမည်မှာလည်း Park Jeongwoo ပဲဖြစ်ကာ ရုပ်သွင်ပြင်ကအစ တစ်ထပ်တည်းတူညီနေပေသည်။အိမ်အခြေအနေမှာလည်း အတော်အသင့် ချမ်းသာပေသည်။သူ့တွင် အကိုတစ်ယောက်ရှိကာ နိုင်ငံခြားသို့ အလုပ်ခရီးထွက်သွားကြောင်းသိရပေသည်။
ဆေးရုံမှအိမ်သို့သွားရာလမ်းတစ်လျှောက်တွင် Jeongwoo ကားပြတင်းမှန်ကိုမှီကာ ငေးရင်းလိုက်ပါလာခဲ့သည်။မြင်ကွင်းများမှာ ပြောင်းလဲမှုများ များပြားလှသော်လည်း အချို့နေရာများမှာမူ 2022နှင့်တူညီနေဆဲပင်။
မကြာမီ Jeongwoo တို့ကားလေးသည် လုံးချင်းအိမ်တစ်လုံးရှေ့၌ရပ်တန့်သွားတော့သည်။နှစ်ထပ်အိမ်ပုံစံဖြစ်ကာ သပ်သပ်ရပ်ရပ်နှင့်ချစ်စရာကောင်းလှသည်။ခြံဝန်းကျယ်၍ ဥယျာဉ်အသေးလေးလည်းရှိသေးရာ Jeongwoo အလွန်သဘောကျမိသွားသည်။
"သားအခန်းက ဒုတိယထပ်မှာ။မေမေတို့လိုက်ပို့ပေးမယ်။"
Jeongwoo လည်း ခေါင်းညိတ်ပြ၍ နောက်မှလိုက်သွားလိုက်သည်။ဒုတိယထပ်တွင် အခန်း ၂ခန်းရှိကာ Jeongwoo အခန်းမှာ လှေကား၏ ညာဘက်ခြမ်းတွင်ရှိသည်။
YOU ARE READING
Travel to my father's past
Fanfictionအဖေဖြစ်သူရဲ့ အတိတ်ကိုရောက်ရှိသွားသော ကောင်လေးတစ်ယောက် အတိတ်ကအဖြစ်အပျက်များကိုအလုံးစုံသိရှိသွားသောအခါ အဖေဖြစ်သူရဲ့ အတိတ်ကိုရောက်ရှိသွားသော ကောင်လေးတစ်ယောက် အတိတ်ကအဖြစ်အပျက်များကိုအလုံးစုံသိရှိသွားသောအခါ