Zawgyi
"Jeongwoo ရေ...jeongwoo...woo..."
"ဟေ့ကောင် မင်းကိုအာပြဲကြီးနဲ့မအော်ပါနဲ့လို့ ဘယ်နှခေါက်ပြောရမလဲ။"
စာသင်ခန်းထဲသို့ နာမည်တကြော်ကြော်ခေါ်ကာ အလောတကြီးဝင်လာသော Yeongyu ကို Jeongwoo ပိတ်ဟောက်လိုက်သည်။လူကောင်ခပ်သေးသေးနှင့် အသွက်လွန်နေသော Yeongyu ၏ energy ကို Jeongwoo အမီမလိုက်နိုင်ပေ။
"မင်းကလည်း ပျော်စရာသတင်းထူးရှိလို့ဟာကို။သိချင်လား မသိချင်ဘူးလား။"
စိတ်ကောက်သွားဟန် ရှိသော Yeongyu ကြောင့် Jeongwoo မျက်လုံးကိုလှိမ့်လိုက်ကာ ရေးလက်စစာအုပ်ကိုပိတ်လိုက်ပြီးနောက်
"သိချင်ပါတယ် ပြောပါခင်ဗျ ။တကတည်း မသိချင်ရင် မပြောမှာကျနေတာပဲ။"
"ဟီး...ဒီလကုန်ကျရင် တက္ကသိုလ် ပေါင်းစုံ အားကစားပြိုင်ပွဲလာတော့မယ်ကွ။"
"နေပါဦး...အားကစားပြိုင်ပွဲလုပ်တာနဲ့ မင်းကဘာလို့ပျော်နေတာလဲ။ဝင်ပြိုင်မလို့လား ။ မင်းအားကစားလုပ်တာလည်း ငါမမြင်ဖူးပါဘူး။"
Yeongyu ကတုံးလိုက်တာ ဟူသောအကြည့်ဖြင့် ကြည့်လိုက်ပြီး
"ဒီပွဲက ကျောင်းတိုင်းရဲ့နာမည်ကြီးတွေကိုတွေ့ရမယ့် အခွင့်အရေးဟ။အထူးသဖြင့် ငါတို့ကျောင်းက ဘတ်စကတ်ဘောအသင်းပေါ့...ဟီး။"
"ငါတို့ကျောင်းက နာမည်ကြီးတွေကဘယ်သူတွေလဲ။"
"ဘုရားရေ...မင်းမသိဘူးလို့တော့မပြောနဲ့နော်.."
"အင်း....မသိဘူး။ဘာလို့လဲ။"
Yeongyu ဆွံ့အစွာဖြင့် Jeongwoo ကိုအတန်ကြာကြည့်နေပြီးမှ ခေါင်းကိုခါရမ်းကာ
"ဟူး...အခြားသူတွေသာကြားရင် မင်းဟန်ဆောင်နေတယ်တောင်ထင်ကြမှာ။ငါ့လို မင်းအကြောင်းသိပြီးသားတောင် အံ့သြမိပါတယ် Park Jeongwoo ရယ်။
မင်းဆီဟိုနေ့ကလာတဲ့ ၃ယောက်ကိုမှတ်မိတယ်မလား။သူတို့ အားလုံး နာမည်ကြီးတွေပဲ။မင်းရဲ့စီနီယာ Doyoungရယ် စီနီယာ Asahi ရယ်ကတော့ ပြိုင်ပွဲမှာမပါဘူး။
စီနီယာ Haruto ကဘတ်စကတ်ဘောအဖွဲ့က အသင်းခေါင်းဆောင်။ကျန်တဲ့သူတွေရှိသေးတယ်။နောက်မှမင်းကို ပြမယ်။"
YOU ARE READING
Travel to my father's past
Fanfictionအဖေဖြစ်သူရဲ့ အတိတ်ကိုရောက်ရှိသွားသော ကောင်လေးတစ်ယောက် အတိတ်ကအဖြစ်အပျက်များကိုအလုံးစုံသိရှိသွားသောအခါ အဖေဖြစ်သူရဲ့ အတိတ်ကိုရောက်ရှိသွားသော ကောင်လေးတစ်ယောက် အတိတ်ကအဖြစ်အပျက်များကိုအလုံးစုံသိရှိသွားသောအခါ