Zawgyi
စာအုပ်ရွေးနေသော Jeongwooကို မလှမ်းမကမ်း၌ စာအုပ်စင်ကိုမှီကာရပ်နေသော Haruto က လှုပ်ရှားမှုတစ်ခုချင်းစီကို လွတ်သွားမည်စိုးသည့်အလား မျက်ခြေမပြတ်လိုက်ကြည့်နေမိသည်။စာအုပ်ထဲတွင် နစ်မြောနေသောကြောင့် အနည်းငယ်ဟနေသော ပန်းနုရောင်နှုတ်ခမ်းပါး၊ ဖြောင့်စင်းနေသောနှာတံနှင့် ခပ်အုပ်အုပ်ဆံပင်ပုံစံတို့မှာ အလှပေါ်အလှဆင့်ထားသကဲ့သို့ ဆွဲဆောင်မှုရှိလှပေသည်။
ပထမတော့ စိတ်ဝင်စားစရာကောင်းသည်ဟုထင်မိကာ တွေ့တိုင်းစိတ်မတိုတိုအောင်စချင်နေမိသည်။ဒေါသထွက်လျှင် စွာတေးလန်လှသည့် ပုံစံလေးကြောင့် ဆွဲဆောင်မှုရှိသည်ဟု ထင်မိခဲ့သော်လည်း ယခုကဲ့သို့ တည်ငြိမ်နေချိန်တွင်လည်း နောက်တစ်မျိုးဆွဲဆောင်မှုရှိလှသည်ဟု Haruto ထင်မြင်မိသည်။
"ဟူး....မင်းကတော့ ကိုယ့်ကိုရုန်းမထွက်နိုင်အောင်လုပ်နေတာပဲ Park Jeongwoo "
Jeongwoo လိုချင်သောစာအုပ်ရှာတွေ့ပြီးနောက် Haruto ပါလာသည်ကိုသတိရသွားကာ ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်သည်။မလှမ်းမကမ်းတွင်ရပ်ကာစောင့်နေသူကိုမြင်သော် အားနာစွာဖြင့် သွားဖြီးလေးနဲ့ရယ်ပြလိုက်လေသည်။
စာအုပ်နှင့်ပတ်သက်လာလျှင် အရာအားလုံးကိုမေ့သွားတတ်သည်မှာ Jeongwoo ၏အကျင့်တစ်ခုပင်။Haruto ရှိရာသို့လျှောက်လာပြီးနောက်
"ဟီး...စောင့်ရတာကြာသွားပြီလား။အဲဒါကြောင့်ပြောပါတယ် ကျွန်တော့်ဘာသာလာပါ့မယ်လို့။ကျွန်တော်ကစာအုပ်နဲ့ပတ်သက်လာရင် အကုန်မေ့ကုန်တာ။"
"အဲဒါဆို မုန့်ဝယ်ကျွေးလေ။စောင့်ပေးခ..."
"အိုခေ..."
💎 💎 💎 💎 💎 💎 💎 💎 💎
"Sukie hyung ဟိုကိုပြန်သွားရဦးမှာလား။"
Hyunsuk ပေါင်ပေါ်တွင် ခေါင်းအုံးကာလှဲနေသော Jihoonက မျက်နှာကိုပင့်မော့ကြည့်ရင်း မေးလိုက်သည်။လူသူရှင်းလင်းကာ တိတ်ဆိတ်လှသော မြစ်ကမ်းနဘေးတွင် အေးအေးလူလူ နှစ်ယောက်သားစကားပြောနေကြခြင်းဖြစ်သည်။
YOU ARE READING
Travel to my father's past
Fanfictionအဖေဖြစ်သူရဲ့ အတိတ်ကိုရောက်ရှိသွားသော ကောင်လေးတစ်ယောက် အတိတ်ကအဖြစ်အပျက်များကိုအလုံးစုံသိရှိသွားသောအခါ အဖေဖြစ်သူရဲ့ အတိတ်ကိုရောက်ရှိသွားသော ကောင်လေးတစ်ယောက် အတိတ်ကအဖြစ်အပျက်များကိုအလုံးစုံသိရှိသွားသောအခါ