Zawgyi
"Hyung..."
ခြံထဲတွင် ပန်းပင်ရေလောင်းနေသော Jinwoo သည် Jeongwoo ခေါ်သံကြောင့်လှည့်ကြည့်ရင်း ပြုံးပြလိုက်ကာ
"လာလေ ညီလေး ခဏစောင့်ဦး။Hyung ရေလောင်းတာပြီးတော့မယ်။"
Jeongwoo လည်းခေါင်းညိတ်ပြကာ ဒန်းပေါ်တွင်ဝင်ထိုင်၍ စောင့်နေလိုက်သည်။Jinwoo လည်း ရေပိုက်ကိုပိတ်ပြီးနောက် Jeongwoo ဘေး၌ဝင်ထိုင်လိုက်ရင်း
"ကဲ..hyung ကိုဘာပြောစရာရှိလို့လဲ။"
"Hyung ကလည်း ညီအကိုအချင်းချင်းကို ပြောစရာရှိမှတွေ့ရမှာလား။"
"ဟား...ဟား..hyung မှားတာပါ ဟုတ်ပြီလား အဆိုးလေးရဲ့။"
Jeongwoo ၏ဆူထွက်လာသော နှုတ်ခမ်းတို့ကြောင့် Jinwoo အမြန်ပြန်ချော့လိုက်ရတော့သည်။
နေပြန်ကောင်းပြီးနောက်ပိုင်း Jeongwoo ၏အပြုအမူများနှင့် စိတ်နေစိတ်ထားတို့မှာ ယခင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် Jinwoo လည်းအံ့သြဝမ်းသာနေမိသည်။
ယခင်ကဆို ညီအကိုအချင်းချင်း စကားပြောရန်မဆိုထားနှင့် မျက်နှာချင်းပင်မဆိုင်ပေ။အထူးသဖြင့် Jeongwoo ဘက်မှ ရှောင်နေခြင်းပင်ဖြစ်သည်။ထို့ကြောင့် ယခုကဲ့သို့ အနေအထားမျိုးကို ချက်ချင်းအသားမကျနိုင်ခြင်းပင်။
"ဒါနဲ့ ကျောင်းတက်ရတာအဆင်ပြေရဲ့လား။"
"ပြေပါတယ် hyung ရဲ့။"
"သူငယ်ချင်းတွေရော ရပြီလား။"
"လောလောဆယ်တော့ တစ်ယောက်တော့ရပြီ..ဟီး.."
"အေးပါ မင်းပျော်နေဖို့ပဲအဓိက ဟုတ်ပြီလား။"
Jinwoo လည်း Jeongwoo ခေါင်းလေးကိုပုတ်လိုက်ရင်း ပြောလိုက်သည်။Jeongwoo စိတ်ထဲတွင် သူ့အကိုကို မေးချင်သည့်မေးခွန်းများပြည့်နေသော်လည်း ဘယ်နားကစမေးရမှန်းမသိသောကြောင့် အကြံအိုက်နေမိသည်။
"သြော်..hyung နောက်တစ်ပတ် ခရီးပြန်ထွက်ရမယ်။ဒီတစ်ခါနည်းနည်းကြာမယ်ထင်တယ်။အဲဒါမသွားခင် hyung သူငယ်ချင်းတွေနဲ့ တွေ့ဖို့ရှိတယ် လိုက်ခဲ့ချင်လား။"
YOU ARE READING
Travel to my father's past
Fanfictionအဖေဖြစ်သူရဲ့ အတိတ်ကိုရောက်ရှိသွားသော ကောင်လေးတစ်ယောက် အတိတ်ကအဖြစ်အပျက်များကိုအလုံးစုံသိရှိသွားသောအခါ အဖေဖြစ်သူရဲ့ အတိတ်ကိုရောက်ရှိသွားသော ကောင်လေးတစ်ယောက် အတိတ်ကအဖြစ်အပျက်များကိုအလုံးစုံသိရှိသွားသောအခါ