Zawgyi
Jeongwoo အားကစားရုံထဲသို့ ဝင်သွားပြီးနောက် မျက်လုံးတစ်ချက်ဝေ့ကာ ကြည့်လိုက်စဉ်"Jeongwoo ...."
မလှမ်းမကမ်းတွင် သူ့နာမည်ကိုခေါ်ကာ လက်ပြနေသော Haruto နှင့်အခြားသူများဆီသို့ Jeongwoo ဦးတည်လျှောက်သွားလိုက်သည်။ထို့နောက် Haruto ကစတင်မိတ်ဆက်ပေးလေသည်။
"ဒါ ငါတို့အသင်းကို မန်နေဂျာလုပ်ပေးမယ့် Park Jeongwoo တဲ့။"
"အမ်...ဒါဆို Sahi ကရော ။"
Jaehyuk က ပျာပျာသလဲ ဝင်မေးသည်။
"ငါက ဖွင့်ပွဲအတွက် ဒီဇိုင်းပိုင်းမှာ တာဝန်တစ်ချို့ရှိနေလို့။ငါမအားတဲ့အချိန် ကူပေးလို့ရအောင် Jeongwoo ကိုခေါ်ထားတာ။"
Asahi အဖြေကြောင့် ကျန်သူများစောဒက မတက်ကြတော့ပေ။Jaehyuk မှာလည်း Asahiကသူ့ကို ကြိုမပြောသောကြောင့် မကျေနပ်သော်လည်း လက်ခံလိုက်ရသည်။ထို့နောက် Jeongwoo နှင့် ကျန်သူများကို Haruto ကမိတ်ဆက်ပေးသည်။
ထိုအခါမှ ဘာကြောင့် Yeonkyu က ဘတ်စကတ်ဘောအဖွဲ့ နာမည်ကြီးကြောင်း တဖွဖွပြောနေသည်ကို သူနားလည်သွားတော့သည်။Model အဖွဲ့လို့ပြောရင်တောင် မယုံနိုင်စရာ မရှိပေ။
"အခုလောလောဆယ်တော့ Sahi hyung ကမင်းကိုသိသင့်တာတွေပြောပြလိမ့်မယ်။နောက်ပိုင်းကျရင်တော့ မင်းဘာသာပဲအကုန်လုပ်ရမှာ။"
"ဟုတ်ကဲ့....နားလည်ပါပြီ။"
"မင်းတို့တွေလေ့ကျင့်တော့မှာမလား။ငါ Jeongwoo ကိုခဏခေါ်သွားမယ်။"
Asahi က Jeongwoo လက်ကိုဆွဲကာ ပွဲကြည့်စင်ဘက်သို့ထွက်သွားလေသည်။ထိုထွက်သွားသူ နှစ်ယောက်နောက်ကျောသို့ မျက်လုံးသုံးစုံမှာ အဓိပ္ပါယ်တစ်မျိုးစီဖြင့် ကပ်ငြိပါလာလေတော့သည်။
'အား Sahi hyung ကဘာကိစ္စ ငါ့လူကို လက်ဆွဲသွားရတာလဲ။ငါတောင် လက်မကိုင်ရသေးတာကို'
'Yar...Asahi ကဘာလဲ ဒီကောင့်ကိုကြိုက်နေတာများလား'
'Park Jeongwoo မင်း Hyung ဆီကအချစ်ကိုဘယ်တော့မှမပိုင်ဆိုင်ရဘူး။Hyung ကငါ့အတွက်ပဲ'
💎 💎 💎 💎 💎 💎 💎
YOU ARE READING
Travel to my father's past
Fanfictionအဖေဖြစ်သူရဲ့ အတိတ်ကိုရောက်ရှိသွားသော ကောင်လေးတစ်ယောက် အတိတ်ကအဖြစ်အပျက်များကိုအလုံးစုံသိရှိသွားသောအခါ အဖေဖြစ်သူရဲ့ အတိတ်ကိုရောက်ရှိသွားသော ကောင်လေးတစ်ယောက် အတိတ်ကအဖြစ်အပျက်များကိုအလုံးစုံသိရှိသွားသောအခါ