Part-2(Uni)

3 3 0
                                    

အပိုင်း၂

"ဖေဖေ နွေးလည်း နေခွန်းလို့စက်ဘီးနဲ့တက်ချင်တယ်...
ကုန်းညောင်းသွားရတာညောင်းတယ်ဖေဖေရဲ့..."

"မိန်းကလေးကျတော့စက်ဘီးနဲ့အဆင်ပြေပါ့မလား သမီးရယ်..."

"သမီးသူငယ်ချင်းတွေလည်းစက်ဘီးစီးသွားကြတာ..."

နေခွန်းစကားဝိုင်းမှာဘာမှဝင်မပြောဘဲ ကိုယ့်စားစရာရှိတာကိုသာစားနေလိုက်သည်။

"အင်း ဖေဖေဝယ်ပေးမယ်..."

"ဟီး ဟုတ်...
မောင်လေးနေခွန်းလိုဂျပန်ဘီးနော် ဖေဖေ...."

နေခွန်းနှုတ်ခမ်းတစ်ဖက်ကိုတွန့်ကွေးပြီး စားနေတာကိုရပ်လိုက်သည်။ အိမ်စရောက်ကတည်းက သူ(မ)ကသူနဲ့လိုက်ပြိုင်နေတာပဲ။ ၆လကျော်ကာလအတွင်းမှာ သူ့အဆင့်ကိုနဲ့သူ(မ)အဆင့်ကိုအမြဲနှိုင်းယှဉ်ပြီးပြောတတ်သည်။ သူ့ထက်တစ်တန်ြး်းကြီးတဲ့သူ(မ)ကဘာလို့သူ့ကိုလိုက်ယှဉ်နေရတာလဲ?...

"ပြောရဦးမယ်သိလား....
လစဉ်အမှတ်တွေကိုပေါင်းလိုက်ရင် နွေးဒုတိယရမလားမသိဘူး...
ဒီတစ်ပတ်ဖြေထားတဲ့resultက၂ဆိုတော့လေ..."

"တော်တာပေါ့ သမီးက...
လူများကြီးထဲမှာဒုတိယဆိုတော့ဖေဖေ့သမီးကအရမ်းတော်တာပဲ..."

နေခွန်း စားချင်စိတ်လည်းမရှိတော့တာကြောင့် စားပွဲကထလိုက်သည်။

"တော်ပြီလား နေခွန်း..."

"ဟုတ်..."

ထမင်းချိုင့်ကိုယူပြီး သူထွက်လာခဲ့သည်။ ကျောပိုးအိတ်ကိုသွားယူတော့ သူ့ကျောပိုးအိတ်ကဇစ်အတံကိုကိုင်ပြီးကြည့်နေတဲ့အသေးလေး...
သူ့အစ်မကိုတင်းလာသမျှ အသေးလေးကိုဂုတ်ကနေကိုင်ပြီး ဆွဲပစ်လိုက်ချင်တယ်...

"ငါ့အိတ်ထဲကဘာခိုးနေတာလဲ?.."

"ကိုကို လှ...."

ဘယ်မှာလှတာလဲ? ရိုးရိုးသာမာန်ကျောပိုးအိတ်ဇစ်ပဲကို...

"ဖယ် ကျောပိုးအိတ်ယူမလို့..."

နားလည်သည့်အလားဖယ်ပေးသည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေကသူလုပ်သမျှကိုလိုက်ကြည့်နေသည်။

"စုပ်ရုံး...."

သူရယ်ချင်စိတ်ကိုထိန်းထားရသည်။ တခါသူစိတ်ကြည်နေတဲ့အချိန်ရောက်လာလို့စုပ်လုံးဖောက်ကျွေးလိုက်တာကိုဒင်းလေးကမှတ်ထားပြီးတောင်းဆိုလာတာ။
သူ့ကိုဘာလို့ဝယ်ခဲ့ရမှာလဲ?...

အခ်စ္ဆိုေသာဤအရာ.....Where stories live. Discover now