အပိုင်း ၁
ဒုန်း!!
"အား!!...."
အသံနဲ့အတူလှေကားကနေလှိမ့်ကျသွားသောကိုယ်လေးတစ်ခု။ အသံကြောင့် လူကြီးတွေလည်းနေရာဆီပြေးလာကြသည်။ ကြမ်းပြင်မှာလဲနေတဲ့သမီးဖြစ်သူကိုအလန့်တကြားဆွဲပွေ့လို့ လှေကားထိပ်ကိုမော့ကြည့်လိုက်တဲ့အခါ မှင်သေသေရပ်နေတဲ့ကောင်လေးတစ်ယောက်...
"နေခွန်းရှန်!...."
အံကျိတ်သံနဲ့ဖိခေါ်သံကိုအရေးမလုပ်ဘဲ သူကအောက်ကိုဆင်းလာသည်။
"အာ့ ဟင့် မေမေ လက် လက်နာတယ် အာ့!..."
"သမီးကိုဆေးရုံပို့ရအောင် အကို..."
"ဒီကောင်နဲ့အရင်ရှင်းရဦးမယ် ခင်....
နေခွန်းရှန် မင်းဘာလို့မမကိုတွန်းချတာလဲ?...
မတော် အသက်အန္တရာယ်ထိရင်ဘယ်လိုလုပ်မလဲ? ဟမ်!..."ဖခင်ဖြစ်သူကပခုံးလှုပ်ရမ်းမေးလည်း နေခွန်းကမလှုပ်မယှက်သာရပ်နေသည်။
"နွေးအပေါ်တက်လို့ဆိုပြီးတွန်းချတာ ဟင့် နွေးလက်အရမ်းနာတယ် မေမေ..."
"မတက်စေချင်ရင်စကားနဲ့ပြောလည်းရပါတယ် အကို့သားဒီတစ်ခါသိပ်လွန်တယ်..."
"ကိုယ်တောင်းပန်ပါတယ် ခင်ရယ်...
မင်းတောင်းပန်လိုက်လေ..""ဘာလို့တောင်းပန်ရမှာလဲ?...
တမင်တွန်းချလိုက်တာ...""ဘာ! မင်း! ငါလုပ်ရပ်တော့သေတော့မယ်..."
"တော်ပါပြီ အကိုရယ်...
သမီးကိုဆေးရုံပို့ရအောင်ပါ...""မင်းပြန်လာမှတွေ့မယ်..."
ဖေဖေကသူ့ကိုကြိမ်းပြီး ဟိုမိန်းကလေးကိုပွေ့ချီကာ အပြေးထွက်သွားသည်။ သူလက်သီးသာကျစ်ကျစ်ဆုပ်ထားမိသည်။ ဖေဖေသာမေမေ့အပေါ်ဒီလိုဂရုစိုက်ခဲ့ရင် မေမေဆုံးမှာမဟုတ်ဘူး။
သူတွန်းချလိုက်တဲ့အတွက်စိတ်မကောင်းနည်းနည်းလေးတောင်မဖြစ်မိဘူး။ ဘာလို့ဆိုဒါကသူ(မ)နဲ့ထိုက်တန်လို့လေ။
"နင့်အမေကလင်တရူးပြီးသေသွားတာ အဟက်! သနားစရာပဲနော်..."
သူ(မ)ပြောသွားသောထိုစကား။ မုန်းတယ် သူအားလုံးကိုမုန်းတယ်။ မေမေ့ကိုပြစ်ထားတဲ့ဖေဖေ့ကိုလည်းမုန်းတယ်။ မိန်းမိရှိမှန်းသိရက်နဲ့မြှူဆွယ်တဲ့မိထွေးဆိုတဲ့မိန်းမကိုလည်းမုန်းတယ်။ သူ့ကိုစိတ်ဒုက္ခပေးတဲ့မိထွေးရဲ့သမီးနဲ့သားကိုလည်းမုန်းတယ်။ အားလုံးမုန်းတယ်။
YOU ARE READING
အချစ်ဆိုသောဤအရာ.....
Romanceအချစ်ဘာလဲလို့မေးလျှင် "အကြောတင်း"လို့ ကျွန်တော်ဖြေပါရစေ.....