အပိုင်း၎
"နွေး လာဦးသမီး..."
"ဟုတ် ဖေဖေ..."
အဖြူအနက်စပ်ထားတဲ့ဒူးအတိဂါဝန်တိုလေးနဲ့နွေးကြည်နူးကအပြင်ကပြန်လာတာဖြစ်သည်။
"ဘယ်ကပြန်လာတာလဲ?....."
"ကျူရှင်ကလေ..."
"ဘာကိုကျူရှင်ကလဲ? နွေးညည်ဘယ်ကိုသွားနေတာလဲ?..."
"ခင် ကလေးကိုမဆူနဲ့..."
ဖေဖေတားမှမေမေကဘာမှထပ်မပြော။ နွေးလက်၂ဖက်ကိုသာဆုပ်ထားမိသည်။
"ဖေဖေ့ကိုသမီးတို့ဆရာဖုန်းဆက်တယ်...
သမီးဒီနေ့ကျူရှင်ဘာလို့မသွားတာလဲ?...""နွေး နွေး သူငယ်ချင်းမွေးနေ့ရှိလို့..."
"အဲ့တာကိုအစောကြီးကတည်းကပြောသွားသင့်တယ်လေ..."
"ပြောရင်မေမေကခွင့်ပြုလို့လား..."
"အဲ့တာကြောင့်လိမ်ပြီးသွားတယ်ပေါ့..."
"နွေးမလိမ်ပါဘူး...
နွေးသူငယ်ချင်းမွေးနေ့ရှိလို့သွားမိတာပါ...""အင်း ဒီတစ်ခါတော့ထားတော့...
ဖေဖေ တစ်ခုပဲပြောချင်တယ်...
သမီးတို့ကိုဖေဖေလိုလေစေ့မရှိအောင်ထားပေးထားတယ်နော် စာသင်နေတုန်းအရွယ်စိတ်ကစားပြီးရည်းစားထားတာဖေဖေမကြိုက်ဘူး...""ဟုတ် ..."
နွေးအောက်နှုတ်ခမ်းကိုသာကိုက်ထားမိသည်။ ဖေဖေကသူရည်းစားထားတာကိုဘယ်လိုသိသွားတာလဲ?...
ဖေဖေကသူတို့အပေါ်အဖေအရင်းတစ်ယောက်လိုကောင်းပါသည်။ ဖေဖေ့စကားတွေတော့သူလွန်မဆန်နိုင်ဘူး။သူ့မှာရည်းစားရှိတာ သူ့သူငယ်ချင်းတွေလောက်ပဲသိတာကို။ ပြီးတော့ သူ့ကောင်လေးကလည်းသူတို့အတန်းထဲကပဲလေ။ ဖေဖေကဘယ်လိုသိသွားရတာလဲ?...
တစ်ယောက်ယောက်ဖေဖေ့ကိုတမင်သွားပြောလိုက်တာများလား။ သူ့သူငယ်ချင်းတွေကတော့ပြောမှာမဟုတ်ဘူး။ ဒါဆိုဘယ်သူလဲ?....နွေး ကုတင်ပေါ်မှာထိုင်ပြီး ဘယ်သူဖြစ်နိုင်လဲဆိုတာစဉ်းစားနေသည်။ သူတို့ကျူရှင်ဆရာလား။ ဆရာသာသိရင်အစောကတည်းကတိုင်မှာပေါ့။ ဒါဆိုဘယ်သူလဲ?...
YOU ARE READING
အချစ်ဆိုသောဤအရာ.....
Romanceအချစ်ဘာလဲလို့မေးလျှင် "အကြောတင်း"လို့ ကျွန်တော်ဖြေပါရစေ.....