အပိုင်း၅
"နေခွန်း သား ခဏလေးနေဦးနော်..."
ဖတ်လက်စစာအုပ်ကိုမပိတ်ဘဲ သူရပ်စောင့်နေလိုက်သည်။
ဘုရားစင်မှရေဘူးကိုယူပြီး ဒေါ်ခင်နှင်းဖြူကကမ်းပေးသည်။ နောက် သပြေညွန့်တစ်ကိုင်းပါပေးသည်။
"ယူသွားနော် သား အိတ်ကပ်ထဲဆိုတော့ဘာမှမဖြစ်ပါဘူး..."
ဆယ်တန်းစာမေးပွဲဖြေရက်မို့ဖေဖေကလည်းမနက်ပိုင်းတွေအလုပ်မသွား။ ပုံမှန်ထက်သိသိသာသာသူ့ကိုဂရုစိုက်နေကြသည်။
သပြေညွန့်ကိုအိတ်ကပ်ထဲထည့်ပေးတာမို့သူလည်းငြင်းမနေဘဲ ယူထားလိုက်သည်။ အောက်ကိုဆင်းတော့ ဖေဖေနဲ့အကြောတင်းကရပ်စောင့်နေသည်။"ကိုကိုမုန့်စား..."
နွားနို့ခွက်နဲ့မုန့်ကိုကိုင်ကာ သူ့ရှေ့မှာရပ်နေသည်။ ပြင်ထားပုံထောက် သူတို့နဲ့လိုက်မလို့ထင်သည်။
"မလိုက်ခဲ့နဲ့နော် လူပါရင်စာမကျက်တတ်ဘူး..."
"ကိုကိုကလည်း..."
အကြောတင်းဆီကမုန့်နဲ့နွားနို့ကိုကုန်အောင်သောက်လိုက်သည်။
"ဟုတ်သားပဲသားကလည်း ကိုကိုကစာမေးပွဲသွားဖြေမှာလေ နေခဲ့နော်..."
"ဟုတ်..."
စူစူပုတ်ပုတ်နဲ့ရပ်ကြည့်နေသည်။ သူတို့အပြင်ထွက်တော့ အနောက်ကနေပါလာသည်။
"စာမေးပွဲပြီးရင်ဗိုက်ဆာတတ်တယ် ထမင်းထည့်ပေးလိုက်တယ်..."
သူခေါင်းညိတ်ပြပြီး ကားထဲဝင်မယ်လုပ်တော့ ပုဆိုးစကိုကိုင်ထားတဲ့အကြောတင်း...
"ကိုကိုခေါင်းငုံ့ဦး..."
"ပုဆိုးကြေလိမ့်မယ်..."
"ကိုကို...."
စိတ်တိုင်းကျခေါင်းကိုငုံ့ပေးလိုက်တော့ ပါးပြင်ပေါ်သို့ရောက်လာတဲ့အနမ်းနွေးနွေး...
"ပြန်လာရင်မုန့်ဝယ်လာခဲ့နော်..."
"အဟင်း....."
စာမေးပွဲသွားဖြေမယ့်သူကိုပြောတာက ဒါလား...
ဖောင်းနေတဲ့ပါး၂ဖက်ကိုဆွဲဖဲ့လိုက်ပြီး ခေါင်းညိတ်ပြကာ သူကားပေါ်တက်လိုက်သည်။
YOU ARE READING
အချစ်ဆိုသောဤအရာ.....
Romanceအချစ်ဘာလဲလို့မေးလျှင် "အကြောတင်း"လို့ ကျွန်တော်ဖြေပါရစေ.....