အပိုင်း၃
"အဲ့ကောင်ကမောင်လေးကိုချောင်းဆိုးအောင်တမင်ချောင်းဆိုးစာတွေကျွေးတာ..."
"အဲ့လိုလည်းမဟုတ်လောက်ပါဘူး..."
"မဟုတ်ရင် ဘာလို့ချောင်းဆိုးတဲ့မုန့်တွေပဲဝယ်တာလဲ?...
နွေးသိတယ် သူစားနေကျကကိတ်မုန့်တို့ကွတ်ကီးတို့ စုပ်လုံးသကြားလုံးသူဘယ်တော့မှမစားဘူး...
မောင်လေးကိုတမင်ကျွေးတာ မောင်လေးကကလေးဆိုတော့ဘာမှန်းမသိဘဲစားတာ...
အခုတော့ချောင်းဆိုးပြီးလေ...""ဒီလိုပဲခဏခဏဖျားပြီးချောင်းဆိုးတတ်ပါတယ်.."
"မေမေကလိုက်အကောင်းမြင်နေတာပဲ...
မြန်မြန်၎နှစ်ပြည့်မှပဲ မူကြိုမြန်မြန်ထားချင်နေပြီ...
ဒါမှဟိုကောင့်ဆီမသွားတော့မှာ..."ထမင်းစားခန်းမှာပြောနေကျတဲ့အသံကိုသူအတိုင်းသားကြားနေရသည်။ သူရောက်နေတဲ့နေရာကတော့ တခါမှခြေစုံမရပ်ဖူးသည့် ဖေဖေတို့အခန်းရှေ့မှာ။ ဟထားတဲ့တံခါးဝကနေ အိပ်ပျော်နေတဲ့ကလေးငယ်ကိုသူမှင်သေသေရပ်ကြည့်နေမိသည်။ တခါတရံချောင်းပါထဆိုးတတ်တဲ့ကလေးငယ်က တစ်ရက်၂ရက်အတွင်းမှာ နည်းနည်းချောင်သွားသည်။
"နင်ငါ့မောင်ကိုချောင်းဆိုးအောင်လုပ်ရုံတင်အားမရဘဲ လည်ပင်းညှစ်သတ်မလို့လား..."
နွေးကြည်နူးကအသံကိုပြဲလန်နေအောင်အော်သည်။
"သမီး ကလေးနိုးသွားမယ်လေ..."
"နင့်ကြောင့် ငါ့မောင်ချောင်းဆိုးတာ..."
သူနွေးကြည်နူးကိုဘာမှမတုန့်ပြန်ဘဲ အပေါ်ကိုသာပြန်တက်လာခဲ့သည်။
"အယုတ်တမာကောင် ကလေးကိုအနုနည်းနဲ့သတ်နေတာ..."
"ဟင့် ဟင့်...."
"ပြောလေဆိုးလေးပါလားနွေးရယ် အခုကလေးနိုးပြီ...
သားရေ မေမေလာပြီ..."ဒေါ်ခင်နှင်းဖြူ သားကိုပြေးချီလိုက်သည်။
"ဟင့် ကိုကို ဟွတ် ဟွတ်...."
ကလေးကအဖျားပါရှိပြီအီနေသည်။
"မမဆီကိုလာမောင်လေး..."
"ဟင့် ကိုကို...."
"ဘာကိုကိုလဲ? သူကနင့်အစ်ကိုအရင်းမဟုတ်ဘူး ငါကနင့်အစ်မအရင်း ငါ့ဆီကိုလာ..."
YOU ARE READING
အချစ်ဆိုသောဤအရာ.....
Romanceအချစ်ဘာလဲလို့မေးလျှင် "အကြောတင်း"လို့ ကျွန်တော်ဖြေပါရစေ.....