ကလင်~ကလင်~ကလင်
မနက်၇နာရီမှာကတည်းက ဖုန်းသံကြောင့် တစ်အိမ်လုံး ဆူညံနေပြီ။
သို့သော် ဖုန်းပိုင်ရှင်fourthမှာ မနိုးသေး။
နည်းနည်းကြာတော့ နောက်တစ်ခါ ထပ်ဆက်လာပြန်သည်။
fourth ကြားသော်လည်း အိပ်ရေးပျက် မည်ဆိုးသဖြင့် ဖုန်းမကိုင်တော့ အိမ်အောက်ထပ်က fourth အဖေက"အပေါ်ထပ်က တစ်ယောက် ဖုန်းလေးဘာလေးလည်း ကိုင်လိုက်အုံး မကိုင်ချင်ရင်လည်း စက်ပိတ်ထားလိုက်ကွာ တောင်းပန်ပါတယ် ငါကောင်းကောင်းအိပ်ပါရစေ တစ်အိမ်လုံး မင်းဖုန်းသံတွေကြီးပဲ"
အဖေ့ရဲ့ ပွစိပွစိပြောသံကြောင့် fourth လည်း ဖုန်းသာကိုင်လိုက်တော့သည်။ဘယ်သူဆက်သလည်းဆိုတော့ ထုံးစံအတိုင်း
" Gemini "
Geminiက fourth ရဲ့ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းအရင်းကြီးတွေ ဖြစ်သလို fourth ချစ်ရသူတစ်ဉီး
အခုလည်း Gemini ကျောင်းသွားဖို့ ဖုန်းဆက်နှိုးသည်သာဖြစ်သည်။fourthဖုန်းကိုကောက်ကိုင်လိုက်ပြီး"Ai fourth မင်းဒီတစ်သက် မနှိုးတော့ဘူးထင်နေတာ သေနေတာလား ဟေ့ကောင်"
"နှိုးနေပါတယ် မင်းဖုန်းမကိုင်ချင်လို့ တမင်မကိုင်တာ""ခွေးကောင် မင်းကျောင်းရောက် မှတွေ့မယ်"
fourth ဖုန်းချလိုက်ပြီး အိပ်ယာသိမ်းကာ မျက်နှာသစ်ဖို့ပြင်နေသည်။အခုဆို fourth တို့၏ ကျောင်းပိတ်ဖို့လည်း သိပ်မလိုတော့။
18ပြည့်ပြီမို့ ကျောင်းနှစ်ရက်သာ တက်ပြီးရင် ပိတ်တော့မည် ဖြစ်သည်။ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့ ဖြစ်တယ့် အတွက် fourth စိတ်လှုပ်ရှားနေသည်။မနေ့ကတည်းက ညနက်ထိစာကျက်ပြီးေနာက်ကျမှအိပ်တာကြောင့် fourthအိပ်ရေးတော့မ၀။မျက်နှာသစ် အ၀တ်လဲ ပြင်ဆင်ပြီးနောက် မနက်စာတောင် သေချာမစားဘဲ ကျောင်းသွားခဲ့ရသည်။