ရုပ်ရှင်ရုံ အပြန်လမ်း၌
တီ~တီ~တီ"Gemini အိမ်ကို အမြန်လာခဲ့ အမေနဲ့ အဖေ ပြသာနာ ဖြစ်နေတယ်"
Gemini အိမ်မပြန်ဖြစ်၍ ဘာတွေဖြစ်မှန်း မသိ markဖုန်းဆက််မှ အိမ်ကို အရေးတကြီး သွားရတော့သည်။
"Fourth ကိုယ် အိမ်ကို အခု ပြန်မှ ဖြစ်မယ် "
"ဘာလို့လည်း gem"
"အိမ်မှာ ပြသာနာ ဖြစ်နေလို့တဲ့"
"အဲ့ဆို gemသွားတော့လေ ကိုယ့်ဘာသာကိုပဲ အိမ်ပြန်လိုက််မယ်"
"အင်း ဆောရီးပါ ကိုယ် လိုက််မပို့နိုင်တဲ့အတွက် သွားပြီ"
အိမ်တွင်
"အဲ့လိုဆို မင်းဘာလို့ မစွန့်လွှတ်လိုက်တာလည်း ဟမ်"
"သူက ကျွန်မသား ကျွန်မဗိုက်နဲ့ မွေးထားတဲ့ သားအရင်းေခါက်ခေါက် ဘာလို့ စွန့်လွှတ် ရမှာလည်း"
"ဘာတွေ ဖြစ်နေကြတာလည်း"
"မင်း လာတာနဲ့ အတော်ပဲ လာ"
"ရှင် ဘာလုပ်မလို့လည်း"
"ခွပ်"
Geminiအား လက်သီးနှင့် ထိုးလိုက်သည်။
"ရှင် ဘာလုပ်တာလည်း ဒါ ကျွန်မသားနော်"
"မင်းက အခုမှ ကျွန်မရဲ့သား လာလုပ်နေတယ် ခါတိုင်းကကော မင်းသူ့ကို သားလို့ ဆက်ဆံခဲ့လို့လား ဟမ်"
"တော်ပါတော့ ဘာဖြစ်ကြတာလည်း"
"မင်း fourthနဲ့ တွဲနေတာ ငါကိုယ်တိုင် အိမ်ပြန်လမ်းမှာ မြင်ခဲ့တယ်။"
"ကျွန်တော် ချစ်လို့ ကျွန်တော့်ဘာသာတွဲတာ ခင်ဗျားနဲ့ ဘာဆိုင်လို့လည်း"
"ဟ သူ့အဖေက ကုမဏီအကြီးစား တစ်ခုက သူဌေး သူကလည်း နောက်ဖြစ်လာမယ့် သူဌေးပဲ မင်းနဲ့တန်တယ်လို့ ထင်လို့လား"
"အဲ့တော့ ခင်ဗျားက ဘာဖြစ်ချင်တာလည်း ခွဲချင်လို့လား"
"သိရင် ပြီးတာပဲလေ သူ့လို လူနဲ့ မင်းနဲ့ ဆိုတာ မဖြစ်နိုင်တော့ဘူး အရင်က မင်းအဖေရှိလို့သာ တန်ရင်တန်မယ် အခုတော့ မဟုတ်ဘူး ဒါကြောင့် fourthက ငါ့သားနဲ့ပဲ လက်ထပ်ရမယ်"