"fourth"
ရုတ်တရက် အိမ်မက်် မက််နေရာက အသံကြားလို့ fourth နိုးလာခဲ့သည်။
မျက်လုံးဖွင့် လိုက်တော့ အိမ်က အိပ်ခန်းနှင့် မတူပဲ ကွာနေသည်။မှားနေတာလားလို့ သေချာကြည့်လိုက်လည်း အခြားသူ၏ အိပ်ခန်းဖြစ်မှန်း သိသာသည်။သေချာ ပြန်စဉ်းစားတော့မှ"ဟုတ်သား မနေ့က gemini မူးနေလို့ဆိုပြီး အိမ်လိုက်ပို့ပေးတာ တစ်ခါတည်း အိပ်လိုက်ရတာပဲ"
ခါးကို လှမ်းကြည့်လိုက်တော့ တစ်စုံတစ်ဂျမ်၏လက်။fourth geminiရှိရာသို့ ကိုယ်လုံးလေးအား လှည့်လိုက်ပြီး gemini အိပ်နေတာကို တစ်၀ကြီး ကြည့်နေသည်။gemini နှုတ်ခမ်းလေးအား လက်ဖြင့် နူးညံ့စွာ ကိုင်ကာ သဘောကျနေတော့သည်။
"အိပ်နေတော့လည်း ချစ်စရာလေးပဲ ဟီး"
ပြောလည်းပြောပြီးရော Gemini မျက်လုံးလေးက အနည်းငယ် လှုပ်လာသဖြင့် fourth အမြန်ပင် ဖက်ထားသည့် geminiကို ဖယ်လိုက်ကာ သန့်စင်ခန်းသို့ ၀င်သွားခဲ့သည်။
"Fourth?? fourth! fourth!"
Gemini နှိုးလာသည်နှင့် တစ်ပြိုင်နက် fourth ကိုသာ ခေါ်နေတော့သည်။
"ဘာလို့ အထိတ်တလန့် အော်ခေါ်နေရတာလည်း ငါ ဒီမှာ"
"Fourth ကိုယ့်စီက ပျောက်သွားမှာ ဆိုးလို့"
Time skip
"Fourth နံနက်စာ စားမယ်"
"လာပြီ"
နှစ်ယောက်သား စားပွဲပေါ်မှာ ၀င်ထိုင်လိုက်သည်။
"Gem"
"ဗျာ"
"အခု မင်းနဲ့ ငါနဲ့က ဘာတွေလည်း"
"ရည်းစားတွေလေ"
"ရည်းစားတွေလို့ ပြောရအောင် မင်းငါ့ကို ချစ်တယ်လို့ မပြောဘူးသလို ငါလည်း မင်းကို အဖြေမပေးသေးဘူးလေ"
"အဲ့ဒီလိုဆို ချစ်တယ်fourth ကိုယ့် ချစ်သူ ဖြစ်ပေးနိုင်မလား"
"အဖြေမပေးခင် ငါမေးတာ အရင် ဖြေပေးလို့ ရမလား gem"
"ရတာပေါ့"
"မင်း ငါ့ကို တကယ် မချစ်ဘူးမလား"
"ကိုယ့် နှုတ်ခမ်းတစ်ခုလုံး မင်းကို အပိုင်ပေးပြီးသွားတာ ချစ်လို့ပေါ့"