Part-2မှာ လိုအပ်ချက်လေးတွေရှိလို့ပြန်ပြင်ထားပါတယ်နော်
____________________________________"Fourth ပြင်ဆင်ပြီးပြီလား ဒီနေ့ ဘန်ကောက်ကို ပြန်ရတော့မှာနော်"
ယနေ့ဆို fourth ထိုင်းက ထွက်ခွာခဲ့သည်မှာ 6နှစ်ပြည့်သွားပြီ ဖြစ်သည်။18နှစ်အရွယ် ကောင်လေးဟာလည်း အခုဆို24နှစ် ရှိပြီဖြစ်သည်။
"ဟုတ် ပြီးပြီ ပါး"
Fourth ဖုန်းယူပြီး ဓာတ်ပုံတွေ ပြန်ကြည့်နေ ရာ...
"ထိုင်းနိုင်ငံကြီးရေ ငါပြန်လာပြီ။"
အရင်ကပုံတွေ ပြန်ကြည့်ရင်း စကားဆိုလိုက်ရာမှ ရုတ်တရက် geminiပုံလေး တစ်ပုံက albumထဲမှာ ရှိနေမှန်း ဒီနှစ်တွေထဲ မသိခဲ့။
အကုန်ဖျက်လိုက်ပြီ ထင်နေပေမယ့် ထိုပုံလေး တစ်ပုံသာ ကျန်ရှိနေခဲ့သည်။"Gemini မင်းလည်း အခုဆို ဘယ်လိုပုံစံမျိုး ဖြစ်နေမှာလည်း...ဒီထပ်ချောလာ အုံးမှာလား..ဘာပဲဖြစ်ဖြစ် အဲ့ရောက်ရင် မင်းနဲ့ မတွေ့ရပါစေနဲ့လို့ ငါဆုတောင်းတယ်။"
Fourth နှလုံးသားလေးဟာလည်း အရင်ကလို နာကျင်ပြန်ရပြန်သည်။
______________________________________Fourth တို့ ဘန်ကောက်က လေဆိပ်ကို ရောက်တော့ အရင်ဆုံး အမေ့ကိုသာ လိုက်ရှာရသည်။ 6နှစ်အတွင်း ပြောင်းလဲတဲ့ အရာတွေက အများကြီးမို့ နှစ်ယောက်လုံး ဘုမသိဘမသိ။
ထိုအချိန်"ဖေကြီး... fourth"
ဆိုတဲ့ အသံကြားရသဖြင့် နှစ်ယောက်လုံး ခေါင်းကိုနောက်လှည့်လိုက်ရာ။အမေက fourth တို့နှစ်ယောက်လုံးကို အားရပါးရ ပြေးဖက်တော့သည်။
"လွမ်းနေတာ"
ဆိုပြီး ငိုနေတဲ့ အမေက ဘာမှကို မပြောနိုင်တော့အောင် ဖက်နေသည်။
"ကျွန်တော့တို့လည်း လွမ်းပါတယ်ခင်ဗျ"
"ကြည့်ပါအုံး သားလေးတောင် တော်တော်ကြီးလာပြီ ချောလာလိုက်တာ..ကျွန်မသားမှ ဟုတ်သေးရဲ့လား"
"ဟုတ်တာပေါ့ မားရ"
"ကိုယ်လည်း ချောလာတယ်မလား မိန်းမ"
"ရှင်ကတော့ ဒီပုံစံအတိုင်းပဲ ရှင့်"
"သွားမယ် လာ"