part-2

926 71 0
                                    

"fourth.... fourth ရေ ထတော့ 8နာရီခွဲနေပြီကွဲ့"

fourth အမေရဲ့နှိုးသံကြောင့် လန့်တာထက် 8နာရီခွဲနေပြီဆိုတာကို ပိုလန့်နေပြီ။ကျောင်းပွဲတော်က 9နာရီဖြစ်သည့် အတွက် fourth အိပ်ယာ မြန်မြန်သိမ်းပြီး ရေချိုးနေသည်။ရေချိုးရင်း geminiကို8နာရီ ဖုန်းဆက်ပေးဖို့ ညက ဖုန်းလှမ်းပြောခဲ့ပေမယ့် မဆက်လာတာကြောင့် ဒေါပွနေရပြန်သည်။

"ဒင်းက ကျောင်းပိတ်တော့မယ် ဆိုတော့ အချိုးတွေ ပြောင်းလာပြီပေါ့ မင်းကို ချစ်တယ်ဆိုပေမယ့် အလျော့မပေးဘူးကွ"

ရေမြန်မြန်ချိုးပြီး ဘီရိုထဲက အ၀တ်ထုတ်နေတုန်း ဖုန်းသံမြည်လာခဲ့သည်။

ကလင်~ကလင်

Gemini ဖြစ်ကြောင်းသိလို့ ဖုန်းကိုင်လိုက်ကတည်းက fourth မကျေနပ်ကြောင်း ပြောတော့သည်။

"ai gemမင်းက အခုမှ ဖုန်းလာခေါ်တယ်ပေါ့ နောက်နေ့မှ ခေါ်လိုက်ပါလား 8နာရီ ဆက်ခိုင်းတာ နာရီ၀က်လောက်မှ လာဆက်လာတဲ့အတွက် ကျေးဇူး သိလား"

"ဟေ့ ဘာတွေပြောနေတာလည်း အခုမှ 8နာရီပဲရှိသေးတာကို အချိန်ကို ‌ေသချာကြည့်အုံး ခွေးကောင်"

အချိန်ကြည့်လိုက်တော့ အခုမှ8နာရီ3မိနစ်သာ ရှိသေးသည်။အမေ့ရဲ့ ထုံးစံအတိုင်း ဂျင်းထည့်တတ်တာကို မေ့ပြီး အပြစ်သွားပုံချနေမိသည်။

"ဆောရီး ငါအ၀တ်လဲတော့မလို့ ဖုန်းချတော့မယ် ကျောင်းမှတွေ့မယ် ဘိုင့်"

ရှက်ရှက်နဲ့ ဖုန်းကိုချပြီး မနက်စာ စားရန် အိမ်အောက်ကို ဆင်းလာသည်။

"မာမီ!!!!!ပြောတော့ 8နာရီခွဲနေပြီဆို "

"‌ေစာစော ထတော့ ပိုကောင်းတာပေါ့"

"ဟုတ်တာပေါ့ မေကြီးရ အဲ့ဒါဆို ဖုန်းသံလည်း မကြားရတော့ဘူး ဟားဟား"

"ပါးးးးးး!!"

Fourth စိတ်ကောက်တော့မယ့် ပုံစံဖြင့် အော်လိုက်ပြီး
"ခန ထိုင်အုံး ပြောစရာရှိတယ် သား"

‌ေြခဆောင့်ဆောင့်နဲ့ ထိုင်ခုံပေါ် ထိုင်လိုက်ပြီးနောက်

"သား ပြောသေးတယ်မလား Paris မှာ နေချင်မိတယ် ဆိုပြီး"

"ဟုတ်တယ်လေ ဘာလို့လည်း ပါး"

Stay by my side[Completed]Where stories live. Discover now