part-11

820 65 0
                                    

မနက်ခင်း 7နာရီလောက််မှာ fourthနှိုးလာသည်။ဘေးကို ကြည့်လိုက်တော့ geminiမရှိ။
ညက အရှိန်ကြောင့် နာနေသေးသဖြင့် ဖြေးဖြေးချင်း ထလာရသည်။ဘေးက စားပွဲခုံကို ကြည့်လိုက်တော့ ထိုစားပွဲခုံ ပေါ်မှာ စာတစ်စောင်ကို တွေ့လိုက်သည်။စာရွက်ကလေးအား ယူပြီး ဖွင့်လိုက်တော့

"Babe ကိုယ် အမေနဲ့ သွားတွေ့လိုက်အုံးမယ်နော် ပြီးတော့ စားစရာပါ ၀ယ်ခဲ့မယ် ကိုယ်ထလာ‌ေတာ့ ပြောမလို့ပေမယ့် babeမနှိုးသေးတော့ မနှိုးရက်လို့ စာရေးလိုက်တာပါ "

Gemini side...

မနက်6နာရီလောက််မှာ geminiနှိုးလာခဲ့သည်။ဘေးကို ကြည့်လိုက်တော့ ပေါက်စကလေးက အိပ်လို့ကောင်းတုန်း
Gemini လည်း ထိုပေါက်စလေး အိပ်နေတာကြည့်လို့ကောင်းနေတုန်းမှာပဲ အမေ့ဆီက ဖုန်း၀င်လာခဲ့တယ်။
ဖုန်းကိုင်လိုက်တော့

"Gemini သားရေ"

"ဘာအကြောင်းရှိလို့ ဖုန်းဆက်တာလည်း အမေ"

"သား အမေ့ကို အခု dinaကော်ဖီဆိုင်မှာ ခနလောက် လာတွေ့လို့ရမလား"

"ရပါတယ် ဒါဆို ကျွန်တော် 5မိနစ် နေရင် ရောက်လာခဲ့မယ်"

"ဟုတ်ပြီ သား"

At dina cafe

"လာ ထိုင် ဒါနဲ့ သားfourthရော မပါခဲ့ဘူးလား"

"သူ အိပ်နေတုန်းမို့ မခေါ်ခဲ့တာပါ"

"အော်"

"ဘာပြောစရာရှိလို့လည်း အမေ"

"Gem အမေ‌ တောင်းပန်ပါတယ်ကွယ် မင်းအဖေ ဆံုးပြီးကတည်းက အမေ မင်းအပေါ် တာ၀န်မကျေခဲ့ဘူး အမေ တစ်ယောက်ဖြစ်ပြီး ကိုယ့်သားသမီး ဘာခံစားနေရလည်းဆိုတာ မတွေးပေးခဲ့ဘူး အရာအားလုံးအတွက် အမေ တောင်းပန်ပါတယ်နော်"

"......."

"အမေ မင်းအဖိုးနေတဲ့ ရွာလေးမှာပဲ သွားနေတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ တကယ်လို့ သား အမေ့ကို‌ တွေ့ချင်ရင် လာခဲ့နော်"

အမေ့ပါးပေါ်သို့ မျက်ရည်များက စီးကျလာသည်။

"မငိုပါနဲ့ အမေ ဒီနှစ်အတွင်း အမေ ကျွန်တော့်ကို ဂရုမစိုက်ပေမယ့် 18နှစ်လုံးလုံး စောင့်ရှောက်လာပေးခဲ့တာတွေ အတွက် ကျေး‌ဇူးတင်ပါတယ်နော်"

Stay by my side[Completed]Where stories live. Discover now