"fourth ဒီနေ့ ရာသီဥတု သာယာတယ် ကိုယ်နဲ့ အပြင်မှာ သွားdate ရအောင်လေ"
"အပြင်သွားဖို့ ၀တ်စရာမှ မရှိတာ အကုန် အိမ်မှာလေ"
"ဒါဆိုလည်း ကိုယ့်အ၀တ်တွေ ယူ၀တ်လိုက်လေ"
"ရလား"
"ရတာပေါ့ အချစ်ရယ်"
"ဒါဆို သွားလဲ လိုက်အုံးမယ်"
"Gem"
Fourthခေါ်ရာ အသံဘက်ကို ခေါင်းလှည့်ကြည့်လိုက်တော့ gemini ရုတ်တရက် ထရီ မိသွားသည်။
"ဘာရီတာလည်း မင်းအ၀တ်တွေ အကုန်လုံးက ပွပွကြီးတွေ ငါ့ရဲ့ကိုယ်နဲ့ဆိုတော့ ဒီလိုပဲ ဖြစ်မှာပေါ့"
လက်ရှည်အဖြူရောင်လေးနှင့် ဘောင်းဘီအနက်လေးအား fourth ၀တ်ဆင်ထားသည်။geminiနဲ့ဆိုရင် အတော်ပဲ ဆိုပေမယ့် fourthနဲ့က ပွပွလျောင်းလျောင်းပင် ဖြစ်နေသည်။
Gemini fourthကိုယ်လံုးေလးအား စားပွဲပေါ်သို့ တင်လိုက်ပြီး"Gem လွှတ်တော့ ငါ အ၀တ်ပြန်လဲတော့မယ်"
"မလဲနဲ့ ဒီလိုလေးက ပို ချစ်ဖို့ကောင်းတာကို ဘာကို လဲမှာလည်း"
"ခုနကကျ ရီနေပြီးတော့ လှောင်နေတာမလား"
Fourth နှုတ်ခမ်းလေးအား ဖွဖွလေး နမ်းလိုက်ပြီး
"ကိုယ့်ကိုယုံ ချစ်ဖို့ကောင်းလွန်းလို့ ရီမိတာ"
"ဟင့် အပြင်သွားမယ်ဆို မသွားတော့ဘူးလား"
"သွားမှာပေါ့"
"ဖယ်လေ အဲ့ဒါဆို "
"ကိုယ့်ကို နမ်းရင် ဖယ်ပေးမယ်"
Gemini သူ၏ နှုတ်ခမ်းအား လက်နှင့် ပြလိုက်သည်။
"ဟင့် မင်းလူလည်ကျတာပဲ "
"ပေးမှာလား မပေးဘူးလား မပေးရင် မဖယ်ပေးဘူးနော်"
"မွ"
"ရပြီလား"
Gemini သွား32ချောင်းလုံးပေါ်အောင် ပြုံးကာ ကျေနပ်နေ တော့သည်။
"သွားမယ် လာ"
ကားထဲ ရောက်တော့
"ဘယ်သွားမလို့လည်း gem"
"ရောက်ရင် သိမှာပေါ့"
"ပြီးရော"
"ဒါနဲ့ Fourth ကိုယ် မင်းကို နာမည်ကြီးပဲ မခေါ်ချင်တော့ဘူး"
![](https://img.wattpad.com/cover/345246310-288-k849689.jpg)