part-5

1K 84 1
                                    

Fourth တစ်ယောက် နံနက်7နာရီလောက််မှာ ထပြီး ရေမိုးချိုးနေသည်။ရေချိုးပြီးတော့ အမေ ပြင်ပေးထားသည့် ကော်လံပါ အဖြူရောင်လက်ရှည် နှင့် ဘောင်းဘီ အနက်ရောင်လေး ၀တ်ကာ အိမ်အောက်သို့ ဆင်းလာသည်။

"မားးးး ဒီ နက်တိုင်ကြီးကို တပ်ပေးပါအုံး"

"ဟူး အသက်က 20ကျော်ပြီ။ အခုထိ နက်တိုင် မတပ်တတ်သေးဘူး"

"မားကလည်း သားက တပ်နေကြမှ မဟုတ်တာ"

"ရော့ ပြီးပြီ"

အမေရဲ့ စကားဆုံးတော့ ဆိုဖာနှင့် နည်းနည်း အလှမ်းဝေးတဲ့ မှန်ရှိရာ နေရာကိူ သွားပြီး

"ဒီနေ့လည်း ချောနေတုန်းပါလား fourth"

မှန်ကိုကြည့်ပြီး ပြောနေတဲ့ fourth ရဲ့ confidence levelကြီးကို မအေဖြစ်သူက မနိုင်တော့။

"ပါးကော"

"ဒီနေ့ ရင်းနှီးမြုပ်နှံသူတွေနဲ့ တွေ့စရာ ရှိလို့ 6နာရီလောက် ကတည်းက အလုပ်ကို သွားခဲ့ပြီ။

Fourth နှုတ်ခမ်းလေး စူကာ ရုပ်လေးက မဲ့တဲ့တဲ့ ဖြစ်သွားသည်။
"ဘာလို့ မေးတာလည်း သား"

"အဖေ့ကို လမ်းကြုံ အလုပ်၀င်ပို့ ခိုင်းမလို့ကို"

"အော် ဒီကလေးနှယ် ကားမောင်းတတ်တာကို ကိုယ့်ဘာသာကိုယ် သွားပါလား"
"ဟင့်"
Fourth ကားစီးကာ အလုပ်သို့ သွားနေစဉ်
ရုတ်တရက် လမ်းအကွေ့နား လောက်္မှာ ကားရပ်လိုက်သည်။

"‌ဟိုလူက gemini မဟုတ်ဘူးလား"

Gemini ဘေးမှာ လူတွေဝိုင်းနေကာ gemini က အောက််မှာ ထိုင်ချနေသောကြောင့် fourth စိတ်ပူသွားကာ
ကားတံခါးကို အမြန်ဖွင့်လိုက်ပြီး gemini ရှိရာသို့ ပြေးသွားသည်။

"အားလုံး ခန...ခနလောက်‌ ဘေးဖယ်ပေးကြပါ။Ai gem"
"ဟမ် fourth မင်းဒီကို ဘယ်လိုလုပ် ရောက်နေတာလည်း "

Gemini ရဲ့ ဘေးမှာ အဖွားတစ်ယောက် လဲကျနေတာကို fourth မြင်ကာ ကူညီမလို့ လုပ်ရာမှ အဖွားက သတိပြန်ရ လာသည်။
"အဖွား ရရဲ့လား နောက်ခါ သွေးအားနည်းနေရင် အပြင်သိပ်မထွက်နဲ့နော်"

"အဲ့အခါမှ လူအုပ်များက တဖြည်းဖြည်း ကွဲထွက်ကာ fourth တစ်ဉီးသာ ကျန်တော့သည်။
"ကျေးဇူးပါကွယ် လူလေးသာ မကူညီရင် အဖွားကတော့ ဘယ်လိုဖြစ်မလည်း မသိဘူး ။ ကျေးဇူး အရမ်းတင်ပါတယ် ကွယ်"

Stay by my side[Completed]Where stories live. Discover now