Chapter 2

1.7K 163 5
                                    

Chapter - 2  (ကမ္ဘာမြေဥပေါက်ခြင်း)

ရွှမ်းလင်သည် တက္ကသိုလ်ကိုလက်လွှတ်လိုက်ရသော်လည်း
အခွင့်အရေးတခုကိုတော့ ဆုပ်ကိုင်ထား
သေးသည်။

ရွာထဲမှလူများမှာ ရွှမ်းလင်တို့အိမ်တွင်ပြသ
နာတခုခုရှိလာလိမ့်မည်ဟုထင်ထားသော်
လည်း ရွှမ်းလင်တယောက် အသာအယာ
လက်ခံလိုက်သောကြောင့် အားလုံးအံ့ဩ
နေကြသည်။

ဘယ်လိုလုပ်ပြီး ငယ်ရွယ်လှပသည့်ကောင်
မလေးသည် လက်ထပ်ပြီးသား အသက်ကြီး
ကြီး လူကြီးတယောက်နှင့်လက်ထပ်နိုင်
ရပါသနည်း……

သူမသည် အရာရှိတယောက်နှင့်လက်ထပ်
ရန်သဘောတူထားခြင်းဖြစ်သည်။

လီအာဟွာ၏ပြောကြားချက်အရ ထိုသူ
သည် ရုပ်ရည်ကြည့်ကောင်းသည့်
စစ်ဘက်ဆိုင်ရာခေါင်းဆောင်တယောက်
ဖြစ်သည်။သူ့တွင် လေးနှစ်အရွယ် သား
လေးတယောက်ရှိပြီး မိဘနှပါးတွင်
အမေသာကျန်တော့သည်။

အမေဖြစ်သူကိုလည်း အကိုဖြစ်သူတို့မိသား
စုမှစောင့်ရှောက်ပေးထားသည်။ထို့
ကြောင့် ထိုမိသားစုသည် အဆင်ပြေသည်
ဟုပြောလို့ရသည်။အကိုဖြစ်သူမှာလည်း
အရာရှိတယောက်ပင်ဖြစ်သည်။

စစ်ဘက်ဆိုင်ရာခေါင်းဆောင်တယောက်၏
တလဝင်ငွေသည် တမိသားစုလူံးအား
ထောက်ပံ့ပေးနိုင်သည်မှာပြောပြစရာမလို
လောက်အောင်ပင်ဖြစ်သည်။

သိူ့သော်လည်း တခုရှိသည် က ထိုအရာရှိ
ချီ မှာ အသက်၃၀-၄၀ ကြားတွင်ရှိနေခြင်း
ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်ရထားသည့် အသက်၁၈
နှစ်အရွယ်လှပသည့်ကောင်မလေး
သည် ထို ရွှံ့နွံထဲသို့ဆင်းရန်မလို ဟု သူတို့
ထင်ကြသည်။

ထို့ကြောင့် တစုံတယောက်က လီအာဟွာအားပြောလိုက်သည်။
“နင်ကတော်တော့်ကိုရက်စက်တဲ့သူပဲ
ကိုယ့်တူမကို အဲ့လိုလုပ်ရက်ရတယ်လို့”

လီအာဟွာ(ညည်းတွားလျက်) : “ အမလေး
ငါလည်းမလူပ်ချင်ပါဘူးတော် သူများတွေ
ကတော့ ငါကအဒေါ်မလို့ ဒီလိုလုပ်ခိုင်းတာ
ထင်နေကြတယ် တကယ်က ရွှမ်းလင်ကိူယ်
တိုင် ဆန္ဒရှိနေတာ အရာရှိချီရဲ့ နောက်ခံအခြေအနေကလည်းကောင်းတယ်
လေ”

ထိုသို့ရွေးချယ်မှုအား မည်သူမျှ နားမလည်
နိုင်ကြပေ။

သို့သော် လှပငယ်ရွယ်ကာထက်မြက်သည့်
ရွှမ်းလင်အားငယ်ရွယ်သည့်ယောက်ျားပျို
များက တော်ကောက်ချင်ကြသည်မှာအမှန်
ပင်။

ရွှမ်းလင်ဤသို့ဆုံးဖြတ်ရခြင်းတွင် အကြောင်းအရင်းများစွာရှိနေသည်။

ပထမဆုံးအနေနှင့် သူမသည် ယခုခေတ်
တွင် မွေးဖွားလာသည့် ရွှမ်းလင်မဟုတ်
သောကြောင့် တက္ကသိုလ် ဆိုသည့်နေရာအား
မသွားချင်ပေ။သူမသည်ပန်းချီဆွဲသည်ကို
ဝါသနာထုံသည့် အနုပညာကျောင်းသူတ
ယောက်ဖြစ်သည်။ထို့ကြောင့် သူမသည်
သင်္ချာ ရူပဗေဒ ဓာတုဗေဒတို့အားမသင်
ချင်ပေ။ထို့အပြင် သူမဘွဲ့ရပြီးသည်မှာ
၇နှစ်ကျော်ကြာခဲ့ပြီဖြစ်သောကြောင့်
ကျောင်းပြန်မတက်ချင်တော့ပေ။

တခုခုသင်ယူရမယ်ဆိုရင်တောင် ပန်းချီဆွဲ
ဖို့ပဲသင်ယူချင်သည်။

ဒုတိယအနေနှင့်ကျန်းချန်ကိုလည်းဒီရွာကနေ
ခေါ်ထုတ်သွားချင်သည်။ ထို့အပြင် သူမသည်မူလ ကျန်းရွှမ်းလီမဟုတ်သော
ကြောင့်သူများတွေ တခုခု မသင်္ကာဖြစ်
ခြင်းမှကာကွယ်လိုခြင်းဖြစ်သည်။

ထို့အပြင် မကောင်းဆိုးဝါးအဒေါ်၏စနပ်
ကြောင့် ကျန်းချန်သည် လူများအား
ကြောက်တတ်လာကာ စကားနည်းလာ
ခဲ့သည်။သူမသည် အမတယောက်အနေ
နှင့် သူ့၏ ပတ်ဝန်းကျင်အားပြောင်းလဲပေး
ချင်သောကြောင့်ဖြစ်သည်။

တတိယအနေနှင့် တဖက်သူက အရာရှိတ
ယောက်ဖြစ်သည်။ထိုအခါ အရာရှိတို့
နေထိုင်သည့်ပတ်ဝန်းကျင်သည်ယခု ပတ်
ဝန်းကျင်ထက် ပိုမိုအေးချမ်းမည်ကိုသိနေ
သည်။

ကျန်းရွှမ်းလင် အနေဖြင့် တဖက်ယောက်ျား
လေးမှာ အောင်သွယ်တောိပြောသကဲ့သို့
ချောမချော မသိချင်။အဓိက သည် စစ်အရာရှိတယောက်ဖြစ်သောကြောင့်
တည်ကြည်လေးနက်မည်ဟုတွေးထားသည်။

ရွှမ်းလင်သည်ငယ်စဉ်ကတည်းက စူပါဟီးရိုးတယောက်ဖြစ်ချင်ခဲ့သည်။

ယခုရွာတွင် သူမအားသဘောကျကြသည့်
ပညာတတ်လူငယ်လေးများ များစွာရှိသည်။
သူမရှေ့တွင် ကဗျာလေးများရွတ်ဆိုကာ
လှပသည့်လရောင်အောက်တွင် ချစ်ရေး
ဆိုကြသူများဖြစ်သည်။

ထို့ကြောင့် တာ့တာ ဟုနှုတ်ဆက်လိုက်ရ
သည်။

ကျန်းရွှမ်းလင်သည် အီစီကလီလုပ်တတ်သည့်ပုံစံမျိုးဖြစ်သည်။
သို့သော်ယခုခေတ်တွင် ဤသို့လုပ်ပါက များ
စွာအပြောခံရမည့်ပုံပင်။

ချီအရာရှိတွင် သားလေးတယောက်ရှိသော်
လည်း ဆွေမျိူးကောင်းများ ဆိုးဝါးသော
ဆွေမျိုးများရှိနေခြင်း ထက် အဆပေါင်း
များစွာပိုကောင်းသည်မဟုတ်ပါလား??

သူမသည် ဤနေရာအား လဝက်ကျော်
လောက်ပဲနေရသေးသော်လည်း ယောက္ခ
မကဘယ်လို ယောင်းမကဘယ်လို ချွေးမ
ကဘယ်လို ယောက္ခထီးနှင့် ခဲအိုများက
ဘယ်လို ဆိုပြီး တွေ့ကြုံကြားနေရသည်
များကအများသားပင်။ တချို့ သူများဆူိ
ထိုအမျိုးကိစ္စများကြောင့် စိတ်ညစ်ကာ
ဆေးသောက်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားကြသည်။

ကျန်းရွှမ်းလင်တွင် ကိုယ်ပိုင်အစီအစဉ်
များရှိသည်။ သူမခင်ပွန်းလောင်းသည်
စစ်အရာရှိတဦးဖြစိသောကြောင့်သေ
ချာပေါက် အိမ်တွင်ကပ်နေရမည်မဟုတ်။
ညီဖြစ်သူမှာလည်းအဝေးကိုရောက်နေ
သည်။

ရွှမ်းလင်သည်ယောက်ျားမရှိပဲမနေတတ်သူ
မဟူတ်တာကြောင့် အဆင်ပိုပြေသည်။

ပန်းရောင်သမ်းနေသည့် ဝက်နှကောင်ကိူ
ကြည့်ရင်း ရွှမ်းလင်သည် ယခုခေတ်က
အစားအသောက်နှင့် အဝတ်အစား
ပြတ်လပ်သည့် ခေတ်ဆိုသည်ကိုပိုမိုသိသွား
ခဲ့သည်။

ကံကောင်းသည်က သူမသည် အကောင်းမြင်
စိတ်ရှိသူဖြစ်သည်။ထို့ကြောင့် ယခုလို
စိတ်ညစ်စရာအခြေအနေများအား ခပ်မြန်
မြန်ပင် မေ့ဖျောက်နိုင်လိုက်သည်။

တကယ်တော့ သူမသည်အသက်ဆယ်နှစ်
ကျော်ငယ်သွားသောကြောင့် ကောင်းမွန်
သည်ဖြစ်သည်။ဒါတင်မကသေး။သူမ
သည် ယခု အစားဝင်နေရသည့် ကျန်းရွှမ်း
လင်ဘဝအားကောင်းမွန်အောင်လုပ်ပေး
ဖို့ဆန္ဒရှိနေသည်။

သူမသည် ကျန်းချန်အယးသေချာစောင့်
ရှောက်မည်ဖြစ်သလို မိဘများမပါပဲ
သေချာထောက်ပံ့နိုင်အောင်ကြိုးစားမည်
ဖြစ်သည်။

“မောင်လေးရေ ကြက်ဥစားလိုက်” ဟုရွှမ်း
လင်သည် ကျန်းချန်လက်ထဲသို့ကြက်ဥ
အားထည့်ပေးလိုက်သည်။

ထို့နောက် ရွှမ်းလင်သည် ကျန်းချန်၏ပါး
လေးအား ဖြစ်ညှစ်လိုက်သည်။သူမသည်
ကျန်းချန်၏ လှပကြည်တောက်နေသည့်
မျက်လုံးလေးအားသဘောအကျဆုံးဖြစ်
သည်။ကျန်းချန်အရွယ်ရောက်လာလျှင်
မျက်လုံးလေးမှာသူမတူထူးခြားနေလိမ့်
မည်ဟုထင်သည်။

သူမ ပထမဆုံးရောက်လာချိန်ကကျန်းချန်
သည် တခြားကလေးများကဲ့သို့ ညစ်ပတ်
ပေရေနေသော်လည်း စူးရှတောက်ပသည့်
မျက်လုံးများကြောင့် အရင်ဆုံးသတိထားမိ
သွားခြင်းဖြစ်သည်။

ရွှမ်းလင်သည် ကျန်းချန်အား ချစ်စရာကောင်းသည့် ကောင်လေးအဖြစ်
ခက်ခက်ခဲခဲပြောင်းလဲပေးလိုက်ရသည်။
သို့သော် ယခုအထိ လူကြောက်တတ်ပြီး
ပိန်ပါးနေတုန်းပဲပင်။

အလုပ်ဖွင့်ရက်များတွင် အသားမစားပဲ
ကြက်ဥများကိုကျွေးခြင်းဖြင့် အာဟာရ
ရှိအောင်ကျွေးမွေးနေခြင်းဖြစ်သည်။

“မမ” ကျန်းချန်သည် သူ့အမကိုကြည့်ရင်း
“မမ လည်းကြက်ဥစားလေ” ဟုပြောကာ
သူ့လက်ထဲမှကြက်ဥအား လှမ်းပေးလိုက်
သည်။

ကျန်းချန်သည် နူးညံ့ပြီးအရသာရှိလှသည့်
ကြက်ဥအား သူ့အမကိုစားစေချင်သည်။

“မမက စားပြီးပြီ”

“ဒီကြက်ဥတွေက အန်တီအာဟွာဆီက….”

“မဟုတ်ပါဘူးကွာ မမကဒါတွေကို အိမ်က
ယူလာတာမဟူတ်ပါဘူး စိတ်အေးလက်အေး
စားနော်”

ထိုနောက်ပိုင်းရက်များတွင် ရွှမ်းလင်သည်
အမြဲတမ်းကြက်ဥများယူလာကာ ကျန်းချန်
အားကျွေးသည်။

ထိုကြက်ဥများဘယ်ကရလာသည်ကို သူမသိပေ။

အဒေါ်အာဟွာသည် အနံ့ခံကောင်းသူဖြစ်
သောကြောင့် သူ့အမ မကြာခင် မိသွား
မည်ကိုစိုးရိမ်နေသော်လည်း မမိခဲ့ပေ။

တကယ်တော့ ရွှမ်းလင်နှင့်အတူမူလခေတ်ရှိ
ဝယ်ထားသည့်အိမ်လေးလည်းပါလာခဲ့
သည်။

ထူးခြားသည်က ထိုအိမ်လေးထဲရှိ အရာအား
လူံးမှာ နောက်တနေ့ရောက်သည်နှင့် မူလ
အတိုင်းပြန်ရှိနေကြခြင်းပင်။

ထို့ကြောင့် ကြက်ဥများတလုံးပြီးတလုံးရ
နေခြင်းဖြစ်သည်။သိူ့သော် အကောင်းနှင့်
အဆိုးဒွန်တွဲနေစွာ အဆိုးမှာမူ ထိုအိမ်
ထဲတွင် ဘာမှစိုက်ပျိုးလို့မရခြင်းပင်။

(ဆက်ရန်)






မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now