Chapter24
Yamin AungOctober 10, 2023
အပိုင်း (၂၄)သက်သေ
ကျန်းရွှမ်းလင် ရေနွေးဆူအောင် အမြန်ကျိုပြီး ဂျုံမုန့်နှစ်ကို အလုံးလေးတွေ ဖြစ်အောင် လုံးလိုက်ကာ ဟင်းအနှစ်ကို ချက်ဖို့ စတင်ပြင်ဆင်တော့တယ်...
အစ်မ ဆုန်ရဲ့ လျှို့ဝှက် ငရုတ် ပဲပိစပ် အနှစ်ကို မပြင်ဆင်မီ ကျန်းရွှမ်းလင် သန်မာတဲ့ ယောကျ်ားကြီး တစ်ယောက်လိုအမူအရာနဲ့ သူမမျက်လုံးအစုံကို မှိတ်ချလိုက်ကာ သူမ နှာခေါင်းကို အဝတ်တစ်ခုဖြင့်စည်း၍ ဦးခေါင်းနောက်တွင် အဝတ်စကို ချည်နှောင်လိုက်သည်။
မသိတဲ့သူ တစ်ယောက်ယောက်တွေ့သွားရင် ကြက်သူခိုး၊ ခွေးသူခိုးလို့ အထင်ခံရလောက် အောင်ပင်...
နှာခေါင်းစည်းကို အကာအကွယ်အနေနဲ့ စည်းပြီးနောက် အိုးကိုအပူပေးပြီး ဆီထည့်လိုက် သည်။ ခဏအကြာ ဆီဆူတဲ့ တဖျစ်ဖျစ်အသံကို ကြားတာနဲ့ သူမ လျှို့ဝှက် ငရုတ်ပဲပိစပ် အနှစ်ကို ဆီပူထဲလောင်းချလိုက်သည်။
တစ်ချိန်တည်းမှာပဲ ကျန်းရွှမ်းလင်တစ်ယောက် မီးဖိုချောင်ထဲမှာ မိုးကြိုးမီးလျှံတစ်ခုလို စူးရှပြင်းထန်တဲ့ အစပ်ရနံ့တွေနဲ့ ထုံလွှမ်းသွားသလို ခံစားလိုက်ရသည်။
အကာအကွယ်နှင့်တကွ ကြိုတင် ပြင်ဆင်ထားသော်ငြား ငရုတ်နှစ်ရဲ့ ပြင်းထန်တဲ့ ရနံ့က သူမရဲ့ အနံ့အာရုံကို နှောင့်ယှက်လာသေးသည်။ သူမနောက်လှည့်ကာ ၂ခါလောက် နှာချေလိုက်ပြီး သကြားတစ်ဇွန်း အပြည့်ကို ခပ်ကာ တုန်ယင်နေသောလက်ဖြင့် အိုးထဲပစ် ထည့်လိုက်ရသည်။
ZZZZ…
“ဘာအနံ့လဲ။ တော်တော်မွှေးတာပဲ”
အရသာရှိမှာပဲ။
သူအမြန်ဆုံး မီးဖိုဆောင်ရှိရာကို ဦးတည်လိုက်သည်။
ခုံပုလေးပေါ်ထိုင်ပြီး ချီဟန် ခဏလောက် စိတ်လှုပ်ရှားစွာ သူ့အင်္ကျီစကိုဆုပ်ခြေနေမိရင်း မက်မွန်ပန်းပွင့်သဏ္ဍာန် မျက်ဝန်းလေးတွေမှာလည်း လှုပ်ရှားသွားကာ အိမ်ရဲ့တံခါးကို လှည့်ကြည့်လိုက်သည်။