Chapter 37

518 49 0
                                    

Chapter 37



ကျန်းရွှမ်းလင် လမ်းလျှောက်နေရင်း ဆရာမ ယောင်ကို တွေ့လေသည်။

ဆရာမ ယောင်က သူမကို မြင်သွားသည်နှင့် တအံ့တသြမေးလာသည်...
"ဘာလို့ မူကြိုဆရာမလုပ်ဖို့ အလုပ် သွားမလျှောက်တာလဲ"

"တရုတ် စာသင်တဲ့ မူကြို ဆရာမ အလုပ်က ကျွန်မနဲ့ မသင့်တော်ဘူးထင်လို့ပါ"

"ဘာလို့ မသင့်တော်ရမှာလဲ ဒီလောက် နူးညံ့သိမ်မွေ့တဲ့သူက ဆိုးသွမ်းတဲ့ ကလေးနှစ်ယောက်တောင် ငြိမ် အောင် ထိန်းနိုင်တာပဲကို"

"အဲ့လို ထိန်းနေရလို့ နောက်ထပ် ကလေးတွေကို ဘယ်လိုထိန်းနိုင်ပါ့မလဲ"
ကျန်းရွှမ်းလင် အိမ်က ကလေးနှစ်ကောင်အကြောင်း တွေးလိုက်ရုံနဲ့တင် ခေါင်းကိုက်လာပြီဖြစ်သည်။

ကောင်လေးတွေ ကြီးလာလေလေ နားငြီးလာလေလေ ဖြစ်မည်ပင်။ မိသားစုထဲကနှစ်ယောက်မှာ ဘယ်သူကများ အရင်ဆုံး ခွေးတောင်ရွံတဲ့ ရင့်ကျက်တဲ့ အရွယ်ကို ရောက်လိမ့်မည်နည်း။

"အင်း..ဒါပေမယ့် တွေးကြည့်ပါဦး။ သင့်တော်တဲ့ အလုပ်ရှိနေချိန်မှာ လုပ်ရင်လုပ် မလုပ်ရင် အိမ်မှာနေရုံပဲ ဒါမှမဟုတ် ဒီဆရာမ ခေါ်စာကို မင်းအတွက် ဖယ်ထားပေးမယ်။ ပြန်ပြီး စဉ်းစားလိုက်ပါဦး ပြီးမှ ပြန်ပြော လေနော်"

"ကလေးတွေ ထိန်းကျောင်းနေရတာရော အဆင်ပြေရဲ့လား..."

"ဆရာမ ယောင် ကျောင်းမှာ ပန်းချီဆရာမ အလုပ် လိုလား" ကျန်းရွှမ်းလင် မဝံ့မရဲ မေးလိုက်မိသည်။

"ပန်းချီဆရာလား။ အလုပ်လိုတာတော့ မရှိဘူး။ တစ်ယောက်ရှိနေပြီးသားမို့လေ...ပန်းချီဆရာမ လုပ်ချင်လို့လား။ ပန်းချီ ဆွဲတတ်တယ်လား"
"နည်းနည်းတော့ ဆွဲတတ်တယ်"

"ဘာသာစကားဆရာမက ပိုကောင်းပါတယ် ပြန်စဉ်းစားဦး။ ချီဟန့်ကိုလည်း ပြန်မေးကြည့်ချေ။ အော်...ဒါနဲ့ ခေါင်းဆောင် ဟယ်သွမ့်ရဲ့ မိသားစုက မင်းကို သူတို့ အနုပညာအဖွဲ့ထဲ ဝင်စေချင်နေတာရယ်.. ဝင်မှာလား။ အဲ့ကို"

ကျန်းရွှမ်းလင် ခေါင်းညိတ်လိုက်သည်။ ဒါပေါ့ သူမ သီချင်းဆိုတာ ကတာထက် ပန်းချီဆွဲဖို့ကိုသာ တွေးထား တာဖြစ်သည်။

"မင်းက လှပြီး အသံလည်း ကောင်းတာပဲ လုပ်နိုင်မှာပါ။ ဒါပေမဲ့ အကတွေက နည်းနည်း မြန်တယ် ပင်ပန်း ပြီး လန့်စရာလည်း ကောင်းတယ်။ ဆရာမအလုပ်လိုတော့ တည်ငြိမ်မှာ မဟုတ်ဘူး"

ဆရာမ ယောင်က သူမကို ဆရာမ လုပ်အောင် သေချာ မဲဆွယ်နေတာပင်။ သို့သော် ကျန်းရွှမ်းလင် တကယ် မလုပ်နိုင်ပါ။ လက်ရှိခေတ်က လူအများစုက အရိမေတ္တ ဘုရား နဲ့ ဗောဓိသဗ္ဗ ဘုရားတို့ရဲ့ ဆုမွန်ကောင်း ကြောင့် ဝင်ငွေရသည့် အလုပ်ရှိကြသည်ပင်။ ဘယ်သူမှ အလုပ်လုပ်ဖို့ ဂျေးများနေမှာ မဟုတ်။

နောက် ဆယ်နှစ်ကျော်သည့်တိုင်အောင် လူအများစုဟာ တက္ကသိုလ်တက်ဖို့နဲ့ စီးပွားရှာဖို့သာ ဦးစားပေးကြမှာ ဖြစ်ပြီး သည်လို ရွေးချယ်နေကြမှာ မဟုတ်တော့။

လတ်တလော မိသားစုထဲက စစ်သား မိန်းမ အများစုက အလုပ် မရှိသလို ပညာလည်း မတတ်ကြပါ။

ကျန်းရွှမ်းလင်က ထူးထူးခြားခြား ခေတ်ကူးပြောင်းလာသူဖြစ်တာကြောင့် သူမမှာ အတွေ့အကြုံ အများကြီး ရှိပြီး နှစ်ပေါင်းများစွာ နောက်ကျနေခြင်းသာ ဖြစ်သည်။ သူမ ဒီမှော်မြို့တော်ကြီးထဲက အိမ်ကို ကယ်တင်နိုင်ခဲ့ပေမယ့် လူပေါင်းများစွာက ဒီအတိုင်း ဖြတ်ကျော်သွားကြသည်။ နှစ်အနည်းငယ်လောက် အလဟဿ အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။

သူမ နောက်ဆုံးတော့ တင်းကျပ်ပြီး ဖိအားများတဲ့ အလုပ်ကနေ ရုန်းထွက်ဖို့ ဆုံးဖြတ်ကာ ဘဝရဲ့ အနှစ်သာရကို ခံစားဖို့အတွက် ကျေးလက်ဘက်မှာ အိမ်တစ်လုံး ငှားနေခဲ့သည်ပင်။ အိမ်တစ်လုံးရဖို့က မလွယ်တာကြောင့် သူမ စစ်တပ်ဝင်းထဲမှာ မြေကွက်သေးသေးလေး ရခဲ့သည်။ သူမရဲ့ ဘဝစည်းစိမ်ခံမယ့် စိတ်ကူးက ရက်ပိုင်း‌တောင်မရှိသေး၊ မြေကွက်က အပင်ငယ်လေးတွေတောင် မကြီးသေးခင် သူမ ပတ်ဝန်းကျင်ကလူတွေက သူမကို အလုပ်လုပ်ဖို့ ဖြောင်းဖျနေကြလေရဲ့။ အလုပ်လုပ်နေပြီပဲကိုလေ..။

သူမရဲ့အရင်ဘဝက အကြီးပိုင်း မိတ်ဆွေအချို့ကတော့ သူမကို အလုပ်လုပ်တာ ရပ်ပြီး အနားယူစေချင်ကြ သည်။

ကျန်းရွှမ်းလင် "..."

သူမ သီးနှံတွေ၊ ပန်းတွေစိုက်ပြီး ပန်းချီပဲ အေးဆေးဆွဲတော့မယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့တာပင်။ သူမကို သေချာပေါက် အပျင်းကြီးပြီး အသုံးမဝင်တဲ့လူလို့ ပြောနေကြမှာ သေချာသည်။

....သို့သော် သူမက ထိုကဲ့သို့ အဓိပ္ပါယ်မဲ့တဲ့ ဘဝမှာ နေထိုင်ချင်တာ ဖြစ်သည်။

သူမကိုယ်သူမ တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက် အနားပေးဖို့ စီစဉ်ထားတာ ဖြစ်သည်။ ဆိုတော့ အခု သူမ ဘယ်ရောက်နေပါသလဲ။

လောကကြီးက ခန့်မှန်းလို့ကို မရတာဖြစ်သည်။

ကျန်းရွှမ်းလင် အတွက်တော့ သူမအလုပ်လုပ်ဖို့ အလျင် မလိုသေးပါ။ သူမကို တစ်ယောက်ပြီး တစ်ယောက် အလုပ်လုပ်ရန် တစ်ရက်ပြီးတစ်ရက် လာဖြောင်းဖျနေကြတာကြောင့် သူမကို တကယ်စင်စစ် သက်ရောက်ပါသည်။

ချီဟန် ပြန်လာသည်အထိ‌ စောင့်ပြီး သူနဲ့ ဆွေးနွေးကာ သူ့ရဲ့အမြင်ကိုပဲ သူမမေးတော့မည်။

ကျန်းရွှမ်းလင် အိမ်ပြန်ပြီး ကလေးနှစ်ယောက်အတွက် အပြာရောင်ဆင်တူ ဝတ်စုံလေးတွေ အတူတူချုပ် နေလိုက်တော့သည်။ အတူတူလုပ်ကြတာဖြစ်၍ မြန်မြန်ဆန်ဆန်ပြီးသွားတဲ့အပြင် ကျန်းရွှမ်းလင် သူတို့ ဝတ်စုံမှာ စတိုင်ကျကျ အိတ်ကပ်လေးတွေပါ ချုပ်ပေးလိုက်သေးသည်။

"ကဲ...လာ။ မမက အင်္ကျီတွေ တော်ရဲ့လားလို့ ကြည့်ပေးမယ်"

ကျန်းရွှမ်းလင် ကလေး နှစ်ယောက်ကို အဝတ်တွေ စမ်းဝတ်ကြည့်ဖို့ ခေါ်လိုက်သည်။

သူမကိုယ်သူမ အဝတ်တွေ အဲ့လောက် ကောင်းကောင်း ချုပ်နိုင်မယ်လို့ မထင်ခဲ့တာအမှန်ပေ။ အရင်က စဉ်းစားတာ ခက်ခဲခဲ့ပြီး ရှိပြီးသားအဝတ်ကို ကြည့်ကာ အဝတ်အသစ်တွေချုပ်တာကို လက်တွေ့လုပ်မှ လွယ်ကူသွားခြင်း ဖြစ်သည်။

ကောင်လေး နှစ်ယောက် သူမ ချုပ်ပေးတဲ့ အဝတ်တွေကို စမ်းဝတ်ကြည့်ကာ ကျောပိုးအိတ်လေးတွေကိုပါ လွယ်ထားလိုက်‌တော့ ပုံစံလေးတွေက ကျောင်းသားလေးတွေ အတိုင်းပင်။ အရပ်နည်းနည်းပုနေတာက လွဲရင်ပေါ့။

ပဲစေ့လေး နှစ်စေ့အတိုင်း။

ကျန်းရွှမ်းလင် ချီဟန်ရဲ့ အရပ်ကို တွေးမိတော့ ချီယွမ်လည်း အရပ်ရှည်လာလိမ့်မည်ဟု သူမ ထင်မိသည်။ ကျန်းချန်လည်း အရပ် မပုလောက်ပေ။ သေချာပေါက် အရေးအကြီးဆုံးကတော့ အာဟာရပြည့်ဝစွာစားဖို့ နဲ့ ကယ်စီယမ်နဲ့ ပရိုတိန်းကို ပိုထည့်ပေးရန်ဖြစ်သည်။

သူတို့ကို နေ့တိုင်း နို့မှုန့်တစ်ခွက်စီ ဖျော်တိုက်ပြီး နို့ပါတဲ့ ဖျော်ရည်လေးတွေပါ တိုက်ရမည် ဖြစ်သည်။

အမဲသား ကျွေးနိုင်ရင် ပိုကောင်းသည်ပင်။

...ဝက်သား‌တောင် စားစရာ မလိုတာ...အမဲသားဆို ဝေးမှဝေးပေါ့။

"အဝတ်တွေ သဘောကျရဲ့လား"

"ကြိုက်တယ်"

ကောင်လေး နှစ်ယောက်က အရမ်းစိတ်ရင်းကောင်းပြီး ချီယွမ်လို ဘဝင်ခိုက်နေတဲ့ အကောင်ပေါက်လေး တောင် တောက်ပနေတဲ့ မျက်လုံးလေးတွေနဲ့ သူ့အဝတ်တွေကို သူကြည့်ပြီးအရမ်းကျေနပ်နေပုံရသည်။

အခုခေတ်မှာ အဝတ်အသစ်ကို မကြိုက်တဲ့သူ ဘယ်သူရှိလို့။

ကျန်းရွှမ်းလင် ကိုယ့်ကိုယ်ကို မြှောက်ပြောတာ‌တော့ မဟုတ်ပေမယ့် သူမရဲ့ အလှအပကြိုက်တဲ့ စံနှုန်းကို ကမြင့်တာဖြစ်သည်။ ကလေး နှစ်ယောက် အဝတ်အသစ် ဝတ်လိုက်တာနဲ့ သူတို့ နှစ်ယောက်လုံး ကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ရရှိစေသည်ပင်။

ဒါပေါ့ ကလေး နှစ်ယောက်လုံးက ကြည့်ကောင်းတာလဲပါသည်။ အနည်းငယ် ပိန်တဲ့ ကျန်းချန်တောင် အတော်လေး ထွားလာကာ မျက်နှာလေးကလဲ ပိုပြီးလူချောလေးဖြစ်လာပြီဖြစ်သည်။ သူ့ရဲ့မျက်နှာပုံစံက နူးညံ့ပြီး သိမ်မွေ့တာကြောင့် တစ်ခါတစ်လေ မိန်းကလေးလို့တောင် ထင်ရသည်။ သို့သော် ကျန်းချန်ရဲ့ နူးညံ့တဲ့ပုံစံက လတ်တလော ချီယွမ်နဲ့ အတူရှိနေစဉ်အတွင်း အတော်လေးပျောက်သွားပြီး မာကျောတဲ့ပုံဘက်ကို ရောက်လာလေသည်။

ချီယွမ်ကလည်း အတော်လေး ကျန်းချန်နဲ့တူလာလေသည်။ သူ့ပုံစံမှာ အစတုန်းက ဆူးတွေ ခြံရံထားတဲ့ ခြင်္သေ့ပေါက်လေးလို ပုံစံ ဖြစ်သည်ပင်။

အသက်တူ ရွယ်တူ ဖြစ်တာနဲ့အတူ နှစ်ယောက်လုံး အဖော်ရပြီး ကျောင်းလည်း အတူတူသွားလို့ရသည်။

"မနက်ဖြန် အင်္ကျီအသစ်တွေဝတ်၊ လွယ်အိတ်အသစ်လွယ်ပြီး ကျောင်းသွားကြမယ်"

........................................................................................................................................................

သည်ရက်ပိုင်း အိမ်ကို ပြန်လာချိန်တိုင်းမှာ ချီဟန်နဲ့ ခဏခဏ ဆုံနေတာက တကယ်ကို မကောင်းဘူးလို့ ခေါင်းဆောင် ဟယ် ခံစားနေရသည်။

ဒါပေမဲ့ တကယ်တော့ သူတို့ဟာ အိမ်နီးချင်းတွေဖြစ်နေကြတာကြောင့် နေ့တိုင်း တွေ့နေကြရတာဖြစ် သည်။ အိမ်အပြန်လမ်းကလည်း အတူတူပင်ဖြစ်သည်။

သည်တစ်ခေါက်တော့ အရင်တစ်ခေါက်ကနဲ့ မတူ၊ ချီဟန်က တစ်ခုခုကို လက်ထဲပိုက်ပြီး ရင်ထဲကအပျော်တွေနဲ့အတူ အိမ်ပြန်လာလေသည်။ ခေါင်းဆောင် ဟယ် နေ့လည်စာထမင်းဘူးပြန်လာယူရင်း ချီဟန့်ကို တွေ့တော့ ပြေးလိုက်သွားပြီး ချီဟန့်ကို တားလိုက်သည်။

"မင်းရဲ့ စခန်းကဲန်တီးကနေ ငါကြားလာတယ်...မင်းဒီနေ့ စိတ်ရွှင်နေတယ်ဆို"
ချီဟန်က တကယ် စိတ်ရွှင်နေတာမို့ ခေါင်းဆောင်ဟယ်ကို စိတ်ရှည်လက်ရှည်ဖြင့် လှည့်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

လက်ထဲကအရာက ဆီစိမ်စက္ကူနဲ့ပိတ်ထားတဲ့....အိုးတစ်လုံး ...

တစ်ဖက်လူရဲ့ မျက်နှာ အနေအထားကို ကြည့်ရုံနဲ့ အတော်လေး အရေးပါတဲ့အရာဟု ပြောနိုင်သည်။

ချီဟန် တစ်ယောက် ဟယ်ကြည့်နေတဲ့အတိုင်း လိုက်ကြည့်ရာ အကြည့်တို့က သူ ပိုက်ထားတဲ့ အရာဆီမှာ။ တစ်ခုခုကို တွေးမိသွားတာနဲ့အတူ သူ့မျက်နှာပေါ်မှာ အေးစက်စက် ရေခဲငွေ့တွေ ထုတ်လွှတ်လာလေ သည်။ မျက်နှာသေနဲ့ဖြစ်ပေမယ့် အရင်အတိုင်းပြန်ဖြစ်သွားတဲ့ သူ့ရဲ့မျက်နှာထားက ပိုပြီးဆွဲဆောင်မှုရှိ လေသည်။

ခေါင်းဆောင် ဟယ် ထိုမျက်နှာသေကို မြင်လိုက်တာနဲ့ ခန့်မှန်းနေတဲ့ အတွေးနွံထဲက ရုန်းထွက်လိုက်ကာ မျက်နှာချိုသွေးလိုက်ပြီး..
"မင်း မိန်းမကို ဘယ်လို ချော့လိုက်လဲ"

"မိန်းမ တစ်ယောက်ကို ချော့ရတာ လွယ်ပါတယ်...ပိတ်ရက်တွေမှာ အချိန်ပိုပေးပြီး သူမကိုဂရုတစိုက်နဲ့ သူမ နှလုံးသားကို ထိခတ်စေမယ့် လင်နဲ့ မယားကြားမှာ ရှိသင့်တဲ့ လက်ဆောင်မျိုးပေးရင်အဆင်ပြေပါလိမ့်မယ်..."

ခေါင်းဆောင် ဟယ်ရဲ့ ပါးစပ်ကြီး ဟောင်းလောင်း ဖြစ်နေရုံမှတပါး...
ချီဟန်က သူ့ရဲ့ ပေါက်ပန်းလေးဆယ်စကားကို တကယ် ယုံသွားပုံရသည်။

တစ်နေ့တွင် သူက ချီဟန်ရဲ့ ခွေးခေါင်း စစ်တပ်အကြံပေး ဖြစ်လာနိုင်တယ်ထင်...

ချီဟန်ကအခု တပ်ရင်းမှူး ဆိုပေမယ့် သူက ကြံ့ခိုင်ရေးကောင်းပြီး အမိန့်ပေးနိုင်စွမ်းလည်း ကောင်းသည်။ ပိုပြီး ကြောက်စရာကောင်းတာက ဒီလူဟာ သင်ယူနိုင်စွမ်းမြင့်ပြီး ပညာလည်း တတ်သည်ပင်။ အသက်ကြီးပြီး လူကြမ်း စစ်သားတွေကြား ဒီလူက ရှားပါး ရတနာတစ်ပါးပင် ဖြစ်သည်။

တောင်ဘက်မြို့တော်က စီနီယာ ဆုန်က အမြဲ ထိုတစ်စုံတစ်ယောက်ကို လာရှာလေ့ရှိသည်ပင်။ သို့သော် လာရှာသမျှကို ခေါင်းဆောင်ကြီး ကျိုးက အမြဲ ဖိနှိပ်ထားလေသည်။

ခေါင်းဆောင် ဟယ်လည်း ချီဟန်ကို သိပ်သဘောမကျခဲ့ပါ။ ဒါပေမဲ့ ထိုလူရဲ့ စွမ်းရည်ကို စိတ်ထဲက အမြဲ သဘောကျခဲ့သည်။ သူသာအဲ့လို သီအိုရီတွေ၊ စာတွေသင်ရရင် သူ့ရဲ့ ဦးရေပြားတွေ ထုံကျင်နေလောက်ပြီ ဖြစ်သည်။

ဟယ်က လူ အများစုကို သဘောကျပေးတတ်တဲ့ ပုံစံမျိုး ဖြစ်သည်။ သို့သော် အခု...လူတွေက သူ့ကို စစ်တပ် အကြံပေးလို့ ထင်နေကြပြီ ထင်သည်။

အတိုင်ပင်ခံဆိုတာနဲ့ပဲ ပညာရှိတာ မဟုတ်ပါဘူး။

ဖြစ်နိုင်ချေတွေကို တွေးပြီး ခေါင်းဆောင် ဟယ် မြှောက်ပင့်မေးလိုက်သည်က...
"ချီဟန် မင်း လက်ထဲက ဘာလဲ။ မင်း....မိန်းမဆီကို ယူသွားပေးမလို့လား"

ချီဟန် မငြင်းဆိုဘဲ ခေါင်းညိတ်လာသည်။

ဟယ်..." ... "

တကယ်ဟ။ သည်ကောင်လေး တကယ် သူ့မိန်းမကိုချော့မလို့ လုပ်နေတာလား။

"တကယ်လား။ မင်းတို့လိုကလေးတွေလဲ လက်ဆောင်ပေးကြတယ်လား။ သူမလိုချင်တာရော သေချာရဲ့ လား"

ချီဟန်... "ဒါက သူမ လိုချင်တာပဲလေ"

ချီဟန်ပြောတာကိုကြားပြီး ခေါင်းဆောင်ဟယ် ရှော့ရကာ ဆွံ့အသွားတော့သည်။ အတော်အံ့သြပြီး ပျော်သွားတာကြောင့် သိချင်စိတ်ဖြင့် မနေနိုင်မထိုင်နိုင်ဖြစ်ပြီး...

"ဘာပေးမှာလဲ"
သူတကယ် လက်ဆောင်ဆိုတဲ့ဟာကို သိချင်နေပြီဖြစ်သည်။ ချီဟန်က သူ့မိန်းမကို ဘာပေးမှာလဲ။

အရှက် မရှိ ထပ်မေးလိုက်သည်က... "ဘာပေးမှာလဲ ပြောပြလို့ရလား။ ငါလဲ သင်ယူရတာပေါ့ကွာ"

ချီဟန် "..."

"ဘာလဲ။ ကပ်စေးနှဲလိုက်တာ ငါတို့က အိမ်နီးချင်းတွေပဲဟာကို ကြည့်ရအောင်လေ...ဘာဖြစ်လို့လဲ"

ချီဟန်.... "ခင်ဗျား ကြည့်ချင်တာ သေချာလား"

ခေါင်းဆောင် ဟယ်ရဲ့ မျက်လုံးအရောင်တောက်သွားကာ...
"ဖွင့်ပြပြီး ကြည့်ခိုင်းမှာလား။ ဒါပေါ့ ကြည့်ချင်တာပေါ့"

ချီဟန် သူ့ လက်ထဲကဟာကို ပေးလိုက်သည်...

ခေါင်းဆောင် ဟယ် ထိုဆီစိမ်စက္ကူဖုံးထားတဲ့ပစ္စည်းကို ယူလိုက်ချိန် ချီဟန်က ထူးထူးခြားခြား ယနေ့မှ ငြင်သာနေသလိုပင်...
ချီဟန် သတိပေးလိုက်သည်... "ဂရုစိုက်ဦး"

"ဘာမှ မဖြစ်ဘူး တစ်ခုခုဖြစ်ရင် ငါပြန်ပေးမယ်ကွာ..မိန်းမတွေရဲ့ပစ္စည်းပဲဟာကို၊ ချီဟန် မင်းက မယားချစ် လေးတောင်ဖြစ်နေပြီး ငါ့ကို ဂရုစိုက်ဖို့ သတိပေးသေးတာနော် ဟားဟားဟား..."

သူ ပြုံးပြီး အိုးကို ပိတ်ထားတဲ့ အပြင်ဖက်က ဆီစိမ်စက္ကူကို ဆွဲခွာလိုက်သည်။ ဘယ်သူသိမှာလဲ သူဆွဲဖွင့်တဲ့ အားက ပြင်းလွန်းပြီး ခဲဖြူရောင်ပေါင်ဒါမှုန့်တွေ သူ့မျက်နှာကို လာရိုက်ခတ်လေတော့သည်။

"ချီးး****...ဒါဘာကြီးတုန်းဟ။ အရသာကလဲဆိုးလိုက်တာ...ခါးလဲ ခါးတယ်...မိတ်ကပ်ပေါင်ဒါတွေ မလား။ မင်း ရွေးတဲ့ အရည်အသွေးကလည်း တော်‌တော်ညံ့တာပဲဟ"

"ဖူး...ဖပ်...ဖပ်" ခေါင်းဆောင် ဟယ် ပေါင်ဒါအချို့ကို စားလိုက်မိသည်ပင်။

"ဒီ‌လို****ပစ္စည်းက ဘာကြီးလဲ..မင်း မိန်းမကို ဒီလိုဟာကို ပေးရဲတယ်လား"

ချီဟန် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်... "အဲ့ဒါမြွေ မလာတဲ့ အမှုန့်လေ"

"ဘာ၊ အဆိပ်ရှိလား"

"စိတ်မပူပါနဲ့ ကျွန်တော် ခင်ဗျားကို မသတ်ပါဘူး"

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now