Chapter 28

748 86 1
                                    

Chapter28
Yamin AungOctober 14, 2023
အပိုင်း (၂၈)

သမာဓိရှိသော



ကျန်းရွှမ်းလင်က စက်ချုပ်တာကို ပိုပြီးကျွမ်းကျင်လာကာ အဝတ်တွေကိုတောင် ပြင်ချုပ် တတ်နေပြီဖြစ်သည်။

သူမ အဝတ်နဲ့ သူမ မောင်လေး အဝတ်တွေကို ပြင်သင့်တာတွေနဲ့ ပြင်လို့ရတာတွေရယ်ကို ပြင်ချုပ်ထားလိုက်ပြီး ကလေး နှစ်ယောက်ကို သူမ ပြောလိုက်သည်...

“နောက် အဝတ်တွေ ပြဲရင် ဝတ်လို့မရမှာ မစိုးရိမ်နဲ့တော့နော် မမက ပြန်ပြင်ချုပ်ပေးမယ်”

တကယ်တော့ ကျန်းရွှမ်းလင်ဆိုတာ အပ်ချည်နဲ့အပ်တောင် မကိုင်ဖူးတဲ့ အမျိုးသမီး တစ်ဦးပင်။ ကြယ်သီး တစ်လုံး ပြုတ်သွားရင်တောင် မဝတ်ဘဲ ပစ်ထားလိုက်တာမျိုး ဖြစ်သည်။

အခုတော့ သူမ အဝတ်တောင်ချုပ်တတ်နေပြီ။

တမူ ထူးတာပေါ့..

“မသိရင် အပ်ချုပ်စက်နဲ့ ကင်းကွာနေခဲ့တဲ့ အပ်ချုပ်ဆရာမကြီးလို ခံစားရတယ်”

ကလေးတွေရဲ့ အဝတ်တွေသာ ပြဲခဲ့ရင် သူမ ပန်းလေးထိုးပေးတာဖြစ်ဖြစ်၊ ယုန်ပုံလေးနဲ့ ကပ်ချုပ်ပေးတာဖြစ်ဖြစ်၊ ကျားရုပ်လေးကို ကပ်ချုပ်ပေးတာဖြစ်ဖြစ် ဒီဇိုင်းအသစ်တွေ ဖန်တီးပေးလို့ရသည်။

လေ့ကျင့်ပြီး skill တွေ ပြပစ်တော့မှာ

သူမအခန်းကို ပြန်ပြီး သူတို့ ၃ယောက်ရဲ့ အိပ်ယာကို လှန်လိုက်တော့ အပေါက်တစ်ခုဖြစ် နေတာကိုတွေ့လိုက်ရသည်။ သူမမျက်လုံးထဲ ထိုအပေါက်ကို တိမ်ပုံစံလေးနဲ့ အပေါက်ဖာ လိုက်ဖို့ စိတ်ကူးလိုက်သည်။

“ဒါပေါ့ အခုခေတ်စောင်တွေက ပြဲလွယ်တာပဲ”

ကျန်းရွှမ်းလင် မျက်လုံးအရောင်တောက်လာသည်။ သူမရဲ့ စက်ချုပ်တဲ့ အတတ်ပညာကို အသုံးချစရာ နေရာတစ်ခုပေါ်လာပြန်ပြီ မဟုတ်ပါလား။

အပ်ချုပ်စက်ရှေ့မှာ ထိုင်လိုက်ပြီးနောက် ကျန်းရွှမ်းလင် စောင်အပြဲကိုဖာရတာက အဝတ် တွေ ဖာရတာထက် ပိုပြီးစိတ်ကျေနပ်စရာကောင်းတယ်လို့ တွေးလိုက်သည်။

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now