Chapter 22
Chapter - 22 (သင်းပျံ့သော ရနံ့)မနက်ခင်း အလင်းရောင်က ဖျော့တော့တော့ကပြတင်းပေါက်မှ တိုး၀င်နေသည်။
ချီဟန်က ဦးထုပ်ကို လက်မှာ ကိုင်လျက် တံခါး၀တွင် မတ်တပ်ရပ်နေသည်။ သူ့ မျက်ခုံးကကွေးညွန့်နေပြီး လက်ကောက်၀တ်ကို အနံ့ခံကြည့်သည်။ ရနံ့သင်းသင်း တစ်ခုက သူ့ နှာဖျားထိပ်တွင်
သင်းပျံ့နေသည်။ အင်္ကျီကလား။
အနံ့က ထူးဆန်းသည်။ သူ သေချာ ရှုကြည့်တော့ပျောက်သွားပြီး လက်ကို ပြန်ချလိုက်ချိန်တွင်
ပြန်ပေါ်လာသည်။ အ၀တ်လျှော် ဆပ်ပြာနံ့ ဖြစ်တာသေချာ၏။ ချီဟန် မျက်နှာ ဆူပုတ်နေသည်။ အနံ့က သိသာလွန်းသည်မို့ အင်္ကျီ ပြန်လဲရန် ဆုံးဖြတ်လိုက်၏။ ချီဟန်က အခန်းတံခါးကို တွန်းဖွင့်ရန် ပြင်လိုက်သည်။
ထိုအချိန် ဘေးအခန်းမှ တံခါးက ပွင့်လာသည်။
ရွမ်းလင် ဖြစ်သည်။
သူမက ချီဟန် မြင်ဖူးနေကျ ပုံစံ မဟုတ်ပေ။ ရှည်လျားသော ကျစ်ဆံမြီးတွေ မရှိဘဲ ထူထဲသော
ဆံပင်ရှည်က သူမ ပခုံးပေါ်တွင် ကျဆင်းနေသည်။ ရွမ်းလင်က ဖဲကြိုးကို ယူလိုက်ပြီး ဆံပင်တို့ကို နောက်တွင် စုချည်လိုက်သည်။ သူမ၏ နက်မှောင်သော ဆံပင်က ဖြူဖွေးသော မေးစေ့အား
ဖြတ်တိုက်သွားသည်။ မျက်လုံးတွေမှာတော့ မျက်ရည်ကြည်များဖြင့် လဲ့နေသည်။ မျက်လုံးအနားရှိ ယောင်ယမ်းခြင်းမှာတော့ ကျဆင်းသွား၏။
ရွမ်းလင် "ဒီနေ့ဘာလို့ မသွားရသေးတာလဲ"
ချီဟန် "အင်္ကျီ လဲမလို့"
ထိုစကားကို ကြားသည်နှင့် ရွမ်းလင်က ချက်ချင်းပဲတံခါး ရှေ့တွင် ပိတ်ရပ်လိုက်သည်။ သူမက ချီဟန့်
ရှေ့သို့တိုးလာသည်။ ထို့နောက် သူ၏ ပခုံးကို တွန်းလိုက်ပြီး သူ့အား တစ်ပတ် လှည့်ကြည့်သည်။
ချီဟန်ကတော့ ကျောက်တုံး တစ်တုံးကဲ့သို့ရပ်နေသည်။ သူမအား ပြန်မတွန်းလှန်ခဲ့။
ရွမ်းလင် "သွားရမယ့်အချိန် ရောက်ပြီလေ။ အခု မသွားရင် နောက်ကျလိမ့်မယ်နော်"